0

Facebook ၏ ဒစ်ဂျစ်တယ် ပိုက်ဆံ Libra စီမံကိန်းအတွင်းသို့ လက်တွဲမည့် ကုမ္ပဏီသစ်တစ်ခုပေါ်လာ

Share

ငွေကြေးဆိုင်ရာ စည်းမျဉ်းများ၏ ကန့်သတ်ချက်များအပေါ် စိုးရိမ်မှုကြောင့် Facebook ၏ Libra ဒစ်ဂျစ်တယ်ပိုက်ဆံ စီမံကိန်းမှ မူလလက်တွဲမည့် Visa, Mastercard နှင့် Stripe အွန်လိုင်းငွေချေလုပ်ငန်းကြီးများ နောက်ဆုတ်သွားခဲ့ပြီဖြစ်သည်။
သို့သော် ယခုအခါတွင် ဗြိတိန် Online Payment ကုမ္ပဏီတစ်ခုဖြစ်သည့် Checkout.com သည် လီဘရာ ဒစ်ဂျစ်တယ်ငွေကြေးစီမံကိန်းအတွင်းသို့ ပူးပေါင်းပါဝင်လာခဲ့သည်။
(ဖေါ်ပြထားသော ပုံမှာ စီအီးအို မက်ဇူကာဘတ်အား လီဘရာနှင့်ပက်သက်၍ ဝါရှင်တန်တွင် စစ်ဆေးမေးမြန်းနေပုံဖြစ်သည်။)
Facebook သည် ၎င်း၏ ကိုယ်ပိုင်ငွေကြေးနှင့်ပက်သက်သော ဥပဒေသများကို ထုတ်ပြန်ပြီးနောက် ကမ္ဘာအရပ်ရပ်ရှိ အစိုးရများနှင့် သက်ဆိုင်ရာ ငွေကြေးဈေးကွက်အတွင်းမှ အဖွဲ့အစည်းများ၏ ချက်ချင်းကန့်ကွက်မှုများကို ရင်ဆိုင်ခဲ့ရပြီး ကုမ္ပဏီသည် ကိုယ်ပိုင်ငွေကြေးနှင့်ပက်သက်သော စည်းမျဉ်းအားလုံးကို အစအဆုံး ပြန်လည် ပြင်ဆင်လျက်ရှိသည်။
Facebook သည် အမေရိကန် ကုမ္ပဏီဖြစ်ပြီး နိုင်ငံအခြေစိုက်ချင်းတူသည့် Visa, Mastercard နှင့် Stripe ကဲ့သို့သော လုပ်ငန်းကြီးများ ပူးပေါင်းလက်တွဲရန် နောက်ဆုတ်သွားချိန်တွင် ဗြိတိန် ကုမ္ပဏီ Checkout.com က ပါဝင် ပါတ်သက်လာခြင်းဖြစ်သည်။
အဆိုပါ Business Partners အပြောင်းအလဲများ ဖြစ်ခဲ့ပြီး လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်က ဒစ်ဂျစ်တယ်ပိုက်ဆံ လီဘရာ Libra ကို ထောက်ခံ ပူးပေါင်းသွားမည့် လုပ်ငန်းစာရင်းတွင် အွန်လိုင်း ကုန်သွယ်ရေးလုပ်ငန်းကြီးဖြစ်သည့် Shopify ၊ Non-profit Organization တစ်ခုဖြစ်သည့် Heifer International နှင့် ဒစ်ဂျစ်တယ်ပိုက်ဆံ ပွဲစား ကုမ္ပဏီ Tagomi တို့လည်း ပါဝင်လာကြသည်။
Facebook မှ ဖန်တီးမည့် ကိုယ်ပိုင်ငွေကြေးသည် Facebook အသုံးပြုသူတိုင်းကို အခက်အခဲမရှိ ငွေကြေး အဝင်အထွက်များ ပြုလုပ်နိုင်မည်ဖြစ်ရာ ကမ္ဘာအရပ်ရပ်ရှိ အစိုးရများ၏ ငွေကြေးမူဝါဒ ချမှတ်သူများ၊ ဘဏ်များ၊ အခြား ငွေကြေးဈေးကွက်အတွင်းရှိ အစိုးရတို့၏ ငွေသားအသုံးပြုနေသူများက ကမ္ဘာ့ငွေကြေးစနစ် ကမောက်ကမ ဖြစ်လာမည် သို့မဟုတ် Facebook က အရာအားလုံးကို လွှမ်းမိုးသွားမည်ကို စိုးရိမ်လျက်ရှိကြသည်။
Zephoria နှင့် Investor မှ ရရှိသော အချက်အလက်များအရ လက်ရှိတွင် Facebook အသုံးပြုသူအရေအတွက်သည် ကမ္ဘာ့လူဦးရေ၏ တစ်ဝက်နီးပါး ၃ ဘီလျံခန့် ရှိသည်ဖြစ်ရာ Facebook ၏ ကိုယ်ပိုင်ငွေကြေး စီမံကိန်းဖြစ်လာလျှင် ကမ္ဘာ့အရံငွေအဖြစ်အသုံးပြုနေသော ကန်ဒေါ်လာ၊ ယူရိုကဲ့သို့ ငွေကြေးများ၊ ငွေကြေးခဝါချမှု ပုံစံအသစ်များ စသည်တို့ ဖြစ်လာနိုင်ဖွယ်ရှိနေသည်။
Checkout.com ၏ CEO နှင့် တွဲဖက်တည်ထောင်သူဖြစ်သော Guillaume Pousaz သည် လက်ရှိ ဒစ်ဂျစ်တယ်ပိုက်ဆံတစ်ခုဖြစ်သော Bitcoin ၏ အယူအဆကို လက်ခံထားကြောင်း၊ ဒစ်ဂျစ်တယ်ပိုက်ဆံများကို ငွေချေရာတွင် စနစ်တကျအသုံးပြုလာသင့်ပြီဖြစ်ကြောင်း၊ မိမိတို့ Members of the Libra Association အဖွဲ့ဝင်များအားလုံးသည် Bitcoin ကဲ့သို့ ဒစ်ဂျစ်တယ်ပိုက်ဆံ Cryptocurrency (Blockchain Tech) များ၏ ဒဿနများအပေါ် တသားတည်းဖြစ်နေကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။
Orio Economics

Source: CNBC News, Zephoria, Investor, Checkout.com, Image: Mandal Ngan-AFP-GettyImages

%d bloggers like this: