Facebook ဟာသူ့ရဲ့features အသစ်တွေကို အမြဲဆန်းသစ် ဖန်တီးပြီး သူ့ရဲ့ပြိုင်ဘက်တွေကို တောက်လျှောက်အနိုင်ယူလာခဲ့တာဖြစ်ပါတယ်။ အခုအခါမှာလဲ လူသုံးများ ရေပန်းစားနေတဲ့ video conferencing app ဖြစ်တဲ့ ZOOM ကိုယှဉ်ပြိုင်ဖို့ စိန်ခေါ်လိုက်ပြန်ပါပြီ။
Tech giant ကြီးဖြစ်တဲ့ Facebook ဟာ သူ့ရဲ့Messenger app မှာ video conference version အသစ်ဖြစ်တဲ့ Messenger Rooms ကို ဖန်တီးနေပြီဖြစ်ကြောင်း CEO Mark Zuckerberg က ပြီးခဲ့တဲ့ သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
ဒီ service အသစ်မှာ လူအယောက် ၅၀ ထိ တပြိုင်နက်၊ အချိန်ကန့်သတ်ချက်မရှိပဲ meeting လုပ်နိုင်မှာဖြစ်တယ်လို့ Zuckerberg ကဆိုပါတယ်။ (အခမဲ့ အသုံးပြုလို့ရတဲ့ ZOOM မှာတော့ လူဦးရေ ၁၀၀ ထိ အသုံးပြုနိုင်သော်လည်း မိနစ် ၄၀ ထိသာ အသုံးပြုလို့ရပါတယ်။) Facebook users တွေဟာ Messenger Rooms ထဲကို Facebook account မရှိသူတွေကိုလဲ invite ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ကိုရိုးနားဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်းက လူတွေဟာ အိမ်ထဲမှာပဲ အလုပ်လုပ်နေရတာကြောင့် ပြီးခဲ့သည့် လအနည်းငယ်အတွင်းမှာ video calling services အသုံးပြုမှု တရှိန်ထိုးမြင့်တက်လာခဲ့ပါတယ်။ အဆိုပါ services တွေထဲကမှ ZOOM ကတော့ လူပေါင်းများစွာ တပြိုင်နက် အသုံးပြုနိုင်ခြင်း၊ နောက်ခံ background စိတ်ကြိုက်ပြောင်းလဲနိုင်ခြင်းတို့ကြောင့် သန်းပေါင်းများစွာသော လူတွေရဲ့အားပေးခြင်းကို ခံခဲ့ရပါတယ်။
Facebook ကလည်း အလာတူ features တွေကိုပွဲထုတ်ဦးမှာ ဖြစ်ပါတယ်။ Messenger Rooms မှာ AI အသုံးပြုထားတဲ့ virtual background ပါဝင်လာမှာဖြစ်ပြီး Facebook ရဲ့background ကို 360 ဒီဂရီ ဖြန့်ကျက်လို့ရနိုင်မှာဖြစ်တယ်လို့ Zuckergerg ကဆိုပါတယ်။
လက်တလောမှာတော့ Rooms ကို Messenger app သို့မဟုတ် Facebook ကနေပဲအသုံးပြုလို့ရမှာဖြစ်ပြီး နောက်ပိုင်းတွင် ကုမ္ပဏီရဲ့အခြား social media app တွေဖြစ်တဲ့ Instagram နှင့် WhatsApp များတွင်ပါ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ အဆိုပါ services ကို နိုင်ငံအချို့တွင် ယခုအပတ်ထဲမှာစတင် အသုံးပြုနိုင်မှာဖြစ်ပြီး လာမဲ့အပတ်တွေမှာတော့ တကမ္ဘာလုံးထိ တဖြေးဖြေးဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။
ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း video app တွေရဲ့အသုံးပြုမှု ထပ်မံမြင့်တက်လာဦးမှာကို သဘောပေါက်တဲ့ Facebook ဟာ ရှိပြီးသားသူ၏ video services တွေကိုလည်း မွန်းမံအဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေပါတယ်။ ယခုအခါ video call ခေါ်ဆိုသူ နေ့စဉ် သန်း ၇၀၀ ကျော်ရှိပြီး မကြာမီကာလတွင် အချို့နိုင်ငံတွေမှာတော့ အသုံးပြုသူ ၂ ဆ တိုးတက်လာမည်ဟု Zuckerberg ကဆိုပါတယ်။
WhatsApp မှာလဲ video call ခေါ်ဆိုရာမှာ ပါဝင်နိုင်သူအရေအတွက် ၄ ဦးမှ ၈ဦးထိ ၂ ဆ မြှင့်တင်သွားမှာဖြစ်ပြီး လာမည့် အပတ်မှာ update launch ပြုလုပ်သွားမယ်လို့လည်း ကုမ္ပဏီကဆိုပါတယ်။
WhatsApp ဟာ တခုတည်းသော end-to-end encrypted ပြုလုပ်ထားတဲ့ video calling services တခုဖြစ်ကြောင်း Zuckerberg ကဆိုပါတယ်။ ဒါဟာ မကြာသေးမီက အငြင်းပွားခဲ့ကြတဲ့ ZOOM ရဲ့ privacy ကျိုးပေါက်မှုပြဿနာကို သူကရည်ညွှန်းတာ ဖြစ်ပါတယ်။
Zuckerberg ဟာ ကပ်ရောဂါအား တုံ့ပြန်သည့်အနေနဲ့အခြား updates လုပ်မည့်အကြောင်းအရာများကိုလည်း ပြီးခဲ့တဲ့သောကြာနေ့က ကြေငြာသွားခဲ့ပါတယ်။ အဆိုပါ သတင်းများတွင် virtual date ဆိုသည့် video feature ကို Facebook ရဲ့ dating service မှာ ထည့်သွင်းမည့်အကြောင်းနှင့် Facebook ၏ video-chat hardware tool ဖြစ်သည့် Portal တွင်services များတိုးချဲ့မည့် သတင်းများပါဝင်ခဲ့ပါတယ်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNN news