0

Facebook က GIPHY(GIFs) အားဒေါ်လာသန်း၄၀၀ ဖြင့်ဝယ်ယူရန်ရှိ

Share

လှုပ်ရှားနေသော ဗီဒီယို အရုပ်ငယ်များ အဖြစ် GIFs ဟုလူသိများသည့် Giphy အား Facebook (FB) ကဝယ်ယူတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် သောကြာနေ့ကပြောကြားခဲ့သည်။ သမာရိုးကျ စတစ်ကာများ အပြင် Giphy သည် ထပ်ခါထပ်ခါ လှုပ်ရှားနေသော ဗီဒီယို ရုပ်ငယ်များ ရှာဖွေရာတွင် လူသုံးများသည့် Search Engine တခုဖြစ်သည်။ အဆိုပါ services သည် Facebook ကပိုင်ဆိုင်သည့် Instagram ၏အဖွဲ့တခုဖြစ်လာပြီး Stories နှင့် direct messages များအတွက် ပိုမိုလွယ်ကူစွာ အသုံးပြုလာနိုင်မည်ဖြစ်သည်။

Axios အရ အရောင်းအဝယ်သည် ဒေါ်လာ ၄၀၀ မီလျံဟု သိရှိရသော်လည်း နောက်ဆုံးပိတ်ဈေးနှုန်းအား အတည်မပြုရသေးပေ။

Giphy ကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး Instagram Stories နှင့် GIF Search တို့တွင် အသုံးပြုနိုင်သည်။ Giphy တွင်ကိုယ်ပိုင် app ရှိပြီး GIFs အား အခြား services များဖြစ်သည့် Slack နှင့် Apple၏ iMessage တို့တွင်လည်း အသုံးပြုနိုင်သည်။

Giphy တွင် ကြိုက်သလို ရှာဖွေနိုင်သည့် online database လည်းရှိပြီး သူ၏ ကိုယ်ပိုင် library ကိုဆက်လက် လုပ်ကိုင်သွားမည်ဟုဆိုသည်။ အသုံးပြုသူများက GIFs များကို ဆက်လက် upload ပြုလုပ်နိုင်မည်ဖြစ်ပြီး Giphy ၏ ဖန်တီးမှုအားကောင်းသည့် အသိုက်အဝန်းတခုကို ဆက်လက် တည်ဆောက်သွားမည်ဟု Facebook က ပြောကြားခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC NEWS

%d bloggers like this: