0

လျှပ်စစ်ကားကုမ္ပဏီ Nikola က သက်တမ်းရှည်ကားကုမ္ပဏီကြီးများကို ကျော်တက်ဖွယ်ရှိနေ

Share

လျှပ်စစ် ထရပ်ကားများ ထုတ်လုပ်မည့် ကုမ္ပဏီ Nikola သည် ပြီးခဲ့သည့် သီတင်းပတ်က စတော့ ဈေးကွက် Nasdaq အိတ်ချိန်းပေါ်သို့ စတင်ရောက်ခဲ့သည့် အချိန်မှစ၍ ရှယ်ယာဈေးများမှာ ၂၀၀% ကျော် မြင့်တက်လာခဲ့သည်။

ယခုအခါတွင် လုပ်ငန်း၏ ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၂၆.၃ ဘီလျံ ရှိသွားပြီဖြစ်သည်။

အဆိုပါ ရှယ်ယာဈေးတန်ဖိုးများ တက်သွားရခြင်းမှာ ကုမ္ပဏီမှ pick-up truck အမှာစာများ လက်ခံနေပြီဖြစ်ကြောင်း Twitter ပေါ်တွင် ကြေငြာအပြီးဖြစ်သည်။

လုပ်ငန်းသုံးကားများကို လျှပ်စစ် စွမ်းအင် အသုံးပြုနိုင်မှုနှင့် ဟိုက်ဒရိုဂျင် Hydrogen Fuel Cell နည်းပညာများ အသုံးပြုမည့် ကုမ္ပဏီ၏ အစီအစဉ်ကြောင့် မူလရှိနှင့်ပြီးသား လျှပ်စစ်ကားကုမ္ပဏီ Tesla အပါအဝင် အားလုံးက အာရုံစိုက်လာနေကြသည်။

ယခု မှာယူနိုင်သည့် ထရပ်ကားအမည်မှာ ပုံတွင်ပြထားသည့် The Badger ဟု အမည်ပေးထားသော ဒီဇိုင်းဖြစ်ပြီး သက်တမ်းရှည် Ford ကုမ္ပဏီကို ရည်ရည်ပြိုင်ဆိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

ကားပုံစံမှာလည်း Ford ၏ F-150 နှင့် ပုံစံဆင်တူနေပြီး Electric Battery သို့မဟုတ် Hydrogen Fuel Cell တခုခုကို ရွေးချယ်နိုင်မည်ဟု သိရသည်။

Twitter တွင် Nikola ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ Trevor Milton က တန်ဖိုးမြင့်တက်လာခြင်းအတွက် အောင်ပွဲခံရေးသားခဲ့ပြီး Nikola ကားကုမ္ပဏီသည် ယခုအခါ Ford နှင့် Fiat Chrysler တို့ထက် တန်ဖိုးမြင့်သွားပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ အကြောင်းမျိုးကို ဘဝတလျှောက်လုံး ပြောချင်နေခဲ့ကြောင်း၊ ကုမ္ပဏီအနေဖြင့် အနိမ့်အမြင့်အတက်အကျတို့ ကြုံလာနိုင်သော်လည်း ဒါဟာ ဘဝပဲဖြစ်ကြောင်း၊ သူ့အနေဖြင့် အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်းများကို တွစ်တာတွင် ရေးသားခဲ့သည်။

 

Nikoka ဟာ ဘယ်လိုကုမ္ပဏီမျိုးလဲ

Nikola သည် အမေရိကန် အနောက်တောင်ပိုင်းပြည်နယ် အရီဇိုးနား အခြေစိုက်ဖြစ်ပြီး Bosch နှင့် FCA ဟုခေါ်သည့် Fiat Chrysler of America ၏ ပိုင်ရှင် Giovanni Agnelli နှင့် ဆက်စပ်နေသော ကုမ္ပဏီများမှ ဘဏ္ဍာရေး အထောက်အပံ့များကို ရရှိထားသည်။

၎င်း၏ ဖေါက်သည်များထဲတွင် ကမ္ဘာကျော် ယမကာလုပ်ငန်းကြီး Anheuser-Busch ပါဝင်နေသည်ဟု ကြေငြာထားသည်။

၎င်းသည် စတော့အိတ်ချိန်းသို့ ကုမ္ပဏီ မတင်မီက ရင်းနှီးငွေ ဒေါ်လာ သန်း ၅၀၀ ခန့် ရှာဖွေနိုင်ခဲ့သည်။

Nikola ၏ ရည်ရွယ်ချက်မှာ လုပ်ငန်းသုံး နည်းပညာမြင့်ကားများ ထုတ်လုပ်ရန်ဖြစ်သည်။

လုပ်ငန်းကို အရှိန်မြှင့်ရန် ဆောင်ရွက်နေသည့် Nicola သည် စတော့အိတ်ချိန်းမှ တဆင့် လုပ်ငန်းတန်ဖိုး ဒေါ်လာ ၃.၂ ဘီလျံထိရှိလာရန် ခန့်မှန်းထားပြီးဖြစ်သည်။

ကုမ္ပဏီတွင် ယခုအခါ ဝန်ထမ်း ၂၅၀ ခန့် ရှိနေပြီး လုပ်ငန်းသုံး လျှပ်စစ်ကားများ ဒေါ်လာ ၁၀ ဘီလျံဖိုးထိ အမှာစာ လက်ခံရရှိပြီးဖြစ်သည်ဟု ကြေငြာခဲ့သည်။

Pick-up truck ဖြစ်သည့် The Badger ကိုလည်း လာမည့် ဇွန်လ ၂၉ ရက်မှ စ၍ အမှာစာ ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

Nasdaq အိတ်ချိန်းတွင် ဇွန်လ ပထမပတ်မှ စတင်ဝင်ရောက်ခဲ့သော်လည်း ယခုအခါ သက်တမ်းရှည် Ford ကုမ္ပဏီ၏ တန်ဖိုးထက်ကျော်လွန်သွားပြီဖြစ်သည်။

 

Ford နှင့် Tesla တို့ကို ပြိုင်ဆိုင်ရန် ရည်ရွယ်ထားသည့် The Badger ထရပ်အကြောင်း

Ford ၏ F-150 ဈေးကွက်ကို တိုက်ရိုက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်ဟု စီအီးအို Trevor Milton က Tech Crunch ကို ပြောကြားထားသည်။
အခြား လျှပ်စစ်ထရပ်ကားထုတ်မည့် Rivian ကုမ္ပဏီနှင့် ယှဉ်ပြိုင်သွားမည်မဟုတ်ဟု သိရသည်။

Rivian မှ ထုတ်မည့် လျှပ်စစ်ထရပ်သည် တိုယိုတာ Tacoma ကဲ့သို့ ထရပ်ကား အသေးစားသာဖြစ်ရာ အရွယ်အစားကြီးမားသည့် Ford F-150 ပုံစံထုတ်လုပ်မည့် Nicola ၏ ဈေးကွက်မဟုတ်ချေ။

Rivian သည် လုပ်ငန်းသုံးအတွက် ဆိုသည်ထက် မိသားစု အပြင် ပျော်ပွဲစားထွက်ခြင်းမျိုးကဲ့သို့သော အစီအစဉ်များအတွက်သာ အသုံးဝင်မည်ဟု ဆိုသည်။

Nikola ၏ The Badger သည် မိုင် ၆၀၀ နှုန်းအထိ မြန်နှုန်းရှိနိုင်မည်ဖြစ်ပြီး အင်ဂျင်ပါဝါမှာ မြင်းကောင်ရေ ၉၈၀ အထိရရှိနိုင်ကာ ရုန်းအား Torque သည် ၉၈၀ ပေါင်ထိ ရရှိနိုင်မည်ဖြစ်သည်။

တစ်ခါ အားသွင်းထားလျှင် မိုင်း ၃၀၀ အထိ မောင်းနှင်နိုင်မည်ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: Nikola Mortor, TechCrunch, BBC Business

%d bloggers like this: