ဝေါ့ဒစ်စနေးကုမ္ပဏီဟာ ဖေ့စ်ဘွတ်မှာ ကြော်ငြာထည့်သွင်းမှုတွေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တဲ့ နောက်ဆုံး ကုမ္ပဏီဖြစ်ပြီး ခုဆိုရင်တော့ ဖေ့စ်ဘွတ်ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ အမုန်းစကားတွေ၊ လူထုအတွင်း အငြင်းပွားဖွယ်ရာပို့စ်တွေနဲ့ ပတ်သတ်ပြီး ကိုင်တွယ်ပုံညံ့ဖြင်းမှုတွေကြောင့် သပိတ်မှောက်ခံရတာ ပိုများလာပြီပဲဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် ဒစ်စနေးဟာ သူ့ထက်အရင် ဖေ့စ်ဘွတ်မှာ ကြော်ငြာရပ်ဆိုင်းပြီး သပိတ်မှောက်ထားတဲ့ Starbucks, Uniliver နဲ့ Adidas တို့နဲ့ တစ်ဂိုဏ်းထဲဖြစ်သွားခဲ့ပါပြီ။ ဒါပေမဲ့ ဒစ်စနေးဟာ ကြောငြာတွေ ဘယ်အချိန်လောက်အထိ ရပ်ဆိုင်းမယ်ဆိုတာတော့ ထည့်မကြေငြာသွားခဲ့ပဲ တခြားကုမ္ပဏီတွေ ကြော်ငြာရပ်ဆိုင်းတုန်းကတော့ သူတို့ဟာ ကာလရှည်သပိတ်မှောက်သွားမှာဆိုပြီး ပြောသွားတာတွေရှိပါတယ်။
ဒစ်စနေးဟာ ဖေ့စ်ဘွတ်ပေါ်က သူ့ရဲ့ Streaming Service ဖြစ်တဲ့ Disney+ မှာထည့်သွင်းမဲ့ ကြောငြာတွေကို ရပ်ဆိုင်းမှာ ဖြစ်ပြီး ဒါ့အပြင် ဖေ့စ်ဘွတ်ကပိုင်ဆိုင်တဲ့ Instagram မှာ သူတို့လွှင့်နေကြဖြစ်တဲ့ Halu streaming line မှာလည်း ကြော်ငြာတွေ ရပ်လိုက်တော့မှာပါ။
ဖေ့စ်ဘွတ်ရဲ့ တာဝန်ရှိသူတွေကတော့ သူတို့ဟာ ဒီတစ်ခေါက် ပေါ်လစီအပြောင်းအလဲမှာ သူတို့မမှားကြောင်း သက်သေထူဖို့အတွက် ပြည့်သူ့အခွင့်အရေးအဖွဲ့တွေ၊ နည်းပညာကျွမ်းကျင်သူတွေနဲ့ လူထုပေါ်လစီကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်လို့ ထုတ်ပြန်သွားပါတယ်။
ဒီလအစောပိုင်းမှာတုန်းက ဒီလိုမျိုး ဖေ့စ်ဘွတ်ကို ကြောငြာရပ်ဆိုင်းခြင်းဖြင့် သပိတ်မှောက်ကြဖို့ ရှေ့ကနေစီစဉ်ခဲ့တဲ့ သူတွေဟာ စီအီးအို မာ့ဇူကာဘက်နဲ့ တွေ့ဆုံခဲ့ပေမဲ့ အခြေအနေ မထူးခဲ့ဘူးလို့ သိရပါတယ်။ ရိုက်တာ သတင်းဌာနအနေနဲ့ ဒစ်စနေးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းခဲ့ရာမှာတော့ မှတ်ချက်တစ်စုံတစ်ရာပေးဖို့ မရှိကြောင်းသာ ပြန်ကြားခဲ့တယ်လို့ သိရပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: Amaysim