တရုတ်ပြည်မှ အွန်လိုင်းလက်လီ အရောင်းဆိုင်တွေဟာ iPhone 11 ကို discount လျှော့ဈေးတွေပေးနေကြောင်း ရှန်ဟိုင်း Reuters သတင်းမှသိရပါတယ်။
ဈေးတွေကျဆင်းလာတာဟာ ဖုန်းကုမ္ပဏီအနေနဲ့ လာမဲ့နှစ်အတွက် ခန့်မှန်းလို့မရတဲ့ smartphone ရောင်းအားနှင့် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကြောင့် တရုတ်ပြည်တွင်း 5G models ဖုန်းရောင်းအားကို အနှောက်အယှက်ဖြစ်သွားစေတာကြောင့် ဖြစ်ပါတယ်။
တရုတ်ပြည်၏ နံမည်ကြီး လျှပ်စစ်ပစ္စည်း အွန်လိုင်းစတိုးဖြစ်သည့် Suning ကလည်း iPhone 11 (64GB) အား ၄၉၉၉ ယွမ် (၇၀၇.၅၄ ဒေါ်လာ) ရောင်းဈေးဖြင့် China Apple Official Website မှဈေးထက် ယွမ်၅၀၀လျှော့ဈေးဖြင့်လည်းကောင်း၊ iPhone 11 Pro Max (64GB) အား ၇၄၉၉ ယွမ် (၁၀၆၁.၃၈ ဒေါ်လာ) ဖြင့် Apple’s China website ဈေးထက် ယွမ် ၁၆၀၀ လျှော့ဈေးဖြင့် ရောင်းချလျက်ရှိပါတယ်။
JD.com, Gome, Dangdang ကဲ့သို့သော e-commerce vendors နှင့် authorized Apple reseller ဖြစ်သော Tmall မှလည်း အလားတူ လျှော့ဈေးဖြင့်ရောင်းချလျက်ရှိပါတယ်။
2019 အစောပိုင်းကာလတုန်းကလည်း တရုတ် e-commerce မှ iPhone models များရဲ့ဈေးနှုန်းကျဆင်းခဲ့ပါသေးတယ်။ အကြောင်းရင်းကတော့ တရုတ်ပြည်တွင်း smartphone ဈေးကွက်ယှဉ်ပြိုင်မှု မြင့်တက်လာခဲ့ပြီး Apple အနေနဲ့တရုတ်ပြည်ရှိ ဝယ်လိုအားကျဆင်းလာခဲ့တာကြောင့် ဖြစ်ပါတယ်။
Apple ၏ CEO Tim Cook က ယခုလို ဈေးတွေလျှော့ချလိုက်တာဟာ တရုတ်ပြည်အတွက် ဝယ်လိုအားပြန်တက်လာဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ပြောခဲ့ပါတယ်။ နောက်ဆုံးအကြိမ် ဈေးလျှော့လိုက်တဲ့အလှည့်မှာတော့ Apple အတွက် ကိုရိုနားဗိုင်းရပ်စ်ကပ်ရောဂါအတွက် ပြင်ဆင်ထားသလိုဖြစ်သွားခဲ့ပါတယ်။
ဗိုင်းရပ်စ် အဆိုးရွားဆုံးကာလဖြစ်တဲ့ ဖေဖော်ဝါရီလမှာတော့ Cook က ဗိုင်းရပ်စ်ကြောင့် supply chain ရော ဝယ်လိုအားရော ရပ်တန့်သွားခဲ့တာကြောင့် ကုမ္ပဏီအတွက် ခန့်မှန်းထားတဲ့ အမြတ်အစွန်းအတိုင်း ရရှိတော့မှာမဟုတ်ကြောင်း ရင်းနှီးမြှပ်နှံသူများအား အသိပေးခဲ့ပါတယ်။
China Academy of Information and Communications Technology (CAICT) ၏ data များအရ ပြီးခဲ့သည့်လတွင် Apple မှ တရုတ်ပြည်တွင်းသို့ဖုန်း အလုံး၅သိန်း အောက်သာ လျှော့၍တင်သွင်းခဲ့ကြောင်း သိရပါတယ်။
စမတ်ဖုန်းဈေးကွက် လေ့လာသူတဦးဖြစ်တဲ့ Mo Jia က ဗိုင်းရပ်စ်ဖြစ်ပွားမှု လျော့ကျလာတာကြောင့် တရုတ်ပြည်တွင်း smartphone ဝယ်လိုအားပြန်တက်လာခဲ့သော်လည်း Apple ကတော့မပါဝင်သေးဘူး လို့ ပြောပါတယ်။ ဒီလိုဖြစ်တာဟာ တရုတ်ပြည်တွင်းတွင် ဖုန်း network များကိုအဆင့်မြှင့်တင်ထားတာကြောင့် 5G ဖုန်းများကိုသာ ဝယ်ယူရန် စိတ်ဝင်စားနေကြသော တရုတ် customers များကြောင့်ဟုဆိုသည်။
ယခုအချိန်ထိ Apple ဟာ 4G network ကိုသာအသုံးပြုထားသော ဖုန်း model များဖြစ်ပြီး ပြည်တွင်း smartphone များနှင့် ယှဉ်လျှင် ဈေးကြီးနေသေးကြောင်း Jia ကပြောကြားခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Shanghai Reuters