TikTok ၏ မိခင်ကုမ္ပဏီကြီး ByteDance Ltd က ပြီးခဲ့သည့်နှစ်တွင် ဝင်ငွေ ဒေါ်လာ ၁၇ ဘီလျံကျော် ရရှိခဲ့ပြီး အသားတင်အမြတ်ငွေ ဒေါ်လာ ၃ ဘီလျံကျော်ရရှိခဲ့သည်။ ByteDance သည်ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်ဆုံး startup တခုဖြစ်လာခဲ့ပြီး ဆက်လက်တိုးတက်လျက်ရှိသည်။
ကုမ္ပဏီ၏ပြီးခဲ့သည့်နှစ်ဝင်ငွေသည် ၂၀၁၈ တွင်ရရှိခဲ့သော ဒေါ်လာ ၇.၂ ဘီလျံနှင့်ယှဉ်လျှင် ၂ ဆကျော် မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး app အသုံးပြုသူ users အလွန်များပြားလာခဲ့သောကြောင့် Tencent Holding Ltd နှင့် Baidu Inc မှကြော်ငြာရှင်များမှာ TikTok သို့ပြောင်းရွှေ့လာခဲ့သည်။
ByteDance သည် နည်းပညာနယ်ပယ်တွင် အောင်မြင့်မှုအမြင့်မားဆုံးသော တက်သစ်စ တရုတ်ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ရှိ အဓိကပြိုင်ဖက်များဖြစ်သည့် အမေရိကန်နည်းပညာ ကုမ္ပဏီကြီးများနှင့် ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့သည်။ short-video platform ဖြစ်သော TikTok အပါအဝင် သူ၏ တရုတ်အမြွှာ ကုမ္ပဏီနှစ်ခုဖြစ်သည့် Douyin နှင့် Toutiao တို့တွင် တစ်လလျှင် active users ပေါင်း ၁.၅ ဘီလျံရှိသည်။ ယခုလတွင် Walt Disney Co မှထိပ်တန်းအရာရှိတဦးဖြစ်သူ Kevin Mayar က Disney မှထွက်ခွါပြီး TikTok ၏ CEO တဦးဖြစ်လာခဲ့သည်။
အသံအတိုင်းလိုက်၍ သရုပ်ဆောင်ခြင်းနှင့် အကဗီဒီယိုတိုများရိုက်ကူးခြင်းတို့ ပြုလုပ်နိုင်သည့် TikTok app သည် ကမ္ဘာတဝှမ်းရှိ ဆယ်ကျော်သက်များတွင်သာမက celebrities များအကြားတွင်ပါရေပန်းစား အောင်မြင်ခဲ့သည်။ ရည်မှန်းကြီးသည့် ကုမ္ပဏီကြီးက သမားရိုးကျ ဂိမ်းနှင့်တေးဂီတမြူးဇစ်နယ်ပယ်ကနေ ဆန်းသစ်သောလောကတခုသို့ အသည်းအသန်ပြောင်းလဲအောင် ကြိုးစားနေခြင်းလဲဖြစ်သည်။ လက်ရှိအထိ ပုဂ္ဂလိကုမ္ပဏီဖြစ်သည် ByteDance က ၂၀၂၀ တွင် အများပိုင်အဖြစ်သို့ ပြောင်းလဲနိုင်ချေရှိပြီး IPO အတွက် ဒေါ်လာ ၁၅၀ ဘီလျံမှ ၁၈၀ ဘီလျံကြား ခေါ်ယူသွားဖို့ရှိနေသည်။
စင်ကာပူ အခြေစိုက် DZT Research မှ Ke Yan က “ByteDance လောက် ဘယ်တရုတ်နည်းပညာကုမ္ပဏီမှ သူ့လောက်မအောင်မြင်ခဲ့ဖူးဘူး။ ByteDance ကသူပြောတဲ့ ပမာဏအတိုင်း အမှန်တကယ် အမြတ်ဝင်ငွေရရှိပြီး ဒေါ်လာ ၆ ဘီလျံပမာဏရှိတဲ့ငွေပုံပေါ်ထိုင်နေပါက ရင်းနှီးမြှုပ်နှံငွေရှာဖို့ ဈေးကွက်ထဲ အလောတကြီးဝင်လာမှာမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူတွေကိုလဲ IPO ကို ဈေးပေါပေါနဲ့ရောင်းမှာ မဟုတ်လောက်ဘူး” ဟုသူကဆိုသည်။
TikTok တည်ထောင်သူ Zhang Yiming ပိုင်ဆိုင်သည့် ByteDance သည် အမေရိကန်နည်းပညာကုမ္ပဏီကြီးများဖြစ်သည့် Facebook နှင့် Alphabet Inc တို့၏ အဓိကပြိုင်ဘက်ဖြစ်လာသည်။ Facebook ၏ Instagram သည် ၂၀၁၉ခုနှစ်တွင်ကြော်ငြာဝင်ငွေ ဒေါ်လာ ၂၀ဘီလျံရှာပေးခဲ့ကြောင်း နှင့် Google ၏ YouTube က ပြီးခဲ့သည့်နှစ်တွင် ရောင်းအား ဒေါ်လာ ၁၅.၁ ဘီလျံရှိကြောင်း Bloomberg ကဖော်ပြခဲ့သည်။ ByteDance ကတော့ အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။
ByteDance ၏အောင်မြင်မှုက အမေရိကန်အရာရှိများအား အမေရိကန် လုံခြုံရေး privacy နှင့် ဆင်ဆာကိစ္စရပ်များနှင့် ပါတ်သတ်၍ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေခဲ့သည်။ အမေရိကန် ရီပတ်ပလစ်ကန်အမတ်လောင်း Tom Cottom နှင့် Senate Minority Leader ဖြစ်သူ Chuck Schumer တို့က အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့်ပါတ်သတ်၍ TikTok ကိုစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်တိုက်တွန်းခဲ့ဖူးသည်။
ByteDance ၏နောက်တွင် SoftBank Group Corp., General Atlantic နှင့် Sequoia စသည့် ကုမ္ပဏီကြီးတွေက ကျောထောက်နောက်ခံအဖြစ်ရှိနေပြီး ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး start-up တခုဖြစ်လာခဲ့ကာ လက်ရှိ Private Companies များထဲတွင် တန်ဖိုးအမြင့်ဆုံးကုမ္ပဏီလဲဖြစ်နေသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Bloomberg News
Photo: Facebook (ByteDancer)