သြစတေးလျကုမ္ပဏီ H2X သည် နယူးဆောက်ဝေးလ်စ် ပြည်နယ်အတွင်းရှိ အီလဝါရာ (Illawarra) တွင် Hybrid နည်းပညာအခြေခံ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ယာဉ်ပေါင်း ၂၀၀၀၀ ထုတ်လုပ်သွားမည်။
ကမ်ဘလာ ဆိပ်ကမ်းရှိ ကုမ္ပဏီပိုင် စက်ရုံမှ ၂၀၂၅ ခုနှစ်အတွင်း အဆိုပါ ယာဉ်များ ထုတ်လုပ်သွားမည်ဟု သတ်မှတ်ထားသည်။
ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Brendan Norman က ယခု အစီအစဉ်တွင် အီလဝါရာဒေသ၌ အလုပ်အကိုင် ၅၀၀၀ ခန့် တိုက်ရိုက်ခန့်အပ်သွားနိုင်မည်ဟု ပြောကြားခဲ့သည်။
သူက လာမည့် ဇူလိုင်လမှစ၍ ဝန်ထမ်းများ စတင်းငှားရမ်းမည်ဖြစ်ပြီး Project အတွက် နေရာအသီးသီးတွင် စတင်အလုပ်လုပ်စေမည်ဟု ဆိုသည်။
ထုတ်လုပ်ရေးလုပ်ငန်းစဉ်များကို ၂၀၂၁ တွင် စတင်သွားမည်ဖြစ်ပြီး ၂၀၂၂ တွင် အရှိန်မြှင့်သွားမည်ဖြစ်သည်။
ယခု Hybrid (နည်းပညာ ၂ မျိုးစပ်) ယာဉ်များတွင် ဟိုက်ဒရိုဂျင်အား အဓိက စွမ်းအင်ရင်းမြစ်အဖြစ်အသုံးပြု၍ Battery မှ လျှပ်စစ်စွမ်းအင်ကိုလည်း အသုံးပြုနိုင်စေရန် လုပ်ဆောင်သွားမည်။
ကုမ္ပဏီအနေဖြင့် ထုတ်လုပ်ရန် ဒီဇိုင်းရေးဆွဲထားသော ယာဉ်ပုံစံအများအပြားရှိပြီး ၎င်းတို့ထဲတွင် ကားများသာမက စိုက်ပျိုးရေးလုပ်ငန်းသုံး ထွန်စက်များ ပါဝင်လျက်ရှိပြီး မကြာလှသော အနာဂတ်တွင် ခရီးသည်တင်ယာဉ်များလည်း ပါဝင်လာမည်ဟု သိရသည်။
ကမ်ဘလာ ဆိပ်ကမ်း (Port Kembla) သည် နေရာကောင်းတစ်ခုဖြစ်ပြီး ရှိနှင့်နေသော စက်ရုံအတွက် ဆိပ်ကမ်းနှင့် လွယ်လွယ်ကူကူ ကူးလူးဆက်ဆံနိုင်ခြင်း၊ ဒေသတွင်း၌လည်း ဟိုက်ဒရိုဂျင်စွမ်းအင်ဆိုင်ရာ လုပ်ငန်းများရှိခြင်း စသည့်အခွင့်အရေးများလည်း ရရှိနေသည်။
လာမည့် လများအတွင်း လုပ်ငန်းမှာ ပိုမိုကြီးမားစွာ လည်ပတ်လာနိုင်မည်ဟု Mr Norman က ပြောကြားခဲ့ပြီး စက်ရုံနှင့် ဆိပ်ကမ်း တနေရာတည်းတွင်တည်ရှိနေခြင်းက ကားများ ပြည်ပသို့ တင်ပို့ရန် အခွင့်အလမ်းများလည်း ရှိနေသည်ဟု ဆိုသည်။
သူက ဆက်လက်၍ ကုမ္ပဏီအနေဖြင့် အစိုးရထံမှ အကူအညီများ မတောင်းခံရသေးခြင်းမှာ ယခု ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းသည် နိုင်ငံရပ်ခြားမှလုပ်ငန်းများနှင့် အပြိုင်အဆိုင်ဖြစ်လာနိုင်ဖွယ်ရှိ၍ ဟု ဆိုသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: ABC Australia