0

ဆက်သွယ်ရေးလုပ်ငန်းကြီး AT&T က အလုပ်အကိုင် ၃၄၀၀ ကျော် လျှော့ချ

Share

အမေရိကန်ပြည်ထောင်စုရှိ AT&T Telecom ကုမ္ပဏီကြီးသည် မန်နေဂျာများ ၊ အမှုဆောင် အရာရှိများ ၊ နည်းပညာရှင် ပေါင်းများစွာနှင့် ရုံးဝန်ထမ်းများစွာ ပါဝင်သော အလုပ်အကိုင် စုစုပေါင်း ၃၄၀၀ ခန့်ကို လျှော့ချမည်ဟု အတည်ပြုကြေငြာခဲ့သည်။

၎င်း၏ လက်လီဆိုင်ပေါင်း ၂၅၀ ကျော်ကို ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့ပြီး နောက် အရောင်းဆိုင်များတွင်ရှိသော အလုပ်အကိုင်ပေါင်း ၁၃၀၀ ကျော်ကိုလည်း ထပ်မံလျော့ကျဖွယ်ရှိသည်ဟု သိရှိရသည်။

ယခုကြေငြာချက်တွင် AT&T သည် အမှန်တကယ်လျှော့ချသည့် အရေအတွက် အတိအကျကို ထုတ်ပြန်မည် မဟုတ်ဘဲ သက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် လျှော့ချသွားမည်ဟုသာ ပြောကြားခဲ့သည်။

Covid-19 ၏ အကျိုးသက်ရောက်မှုကြောင့် စီးပွားရေး ထိခိုက်မှု များစွာ ရှိခဲ့ကြပြီး နယ်ပယ်တူ Telecom ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် T-Mobile သည်လည်း အခြား Telecom Corporation တစ်ခုဖြစ်သည့် Sprint အား ဝယ်ယူပြီးနောက် Telecom လုပ်ငန်းကြီးများ ကြား အပြောင်းအလဲ များစွာဖြစ်ပေါ်ခဲ့သည်။

အဓိက လည်ပတ်လုပ်ကိုင်လျက်ရှိသည့် ဆက်သွယ်ရေး ကုမ္ပဏီကြီးများ လျော့နည်းလာခဲ့ပြီး T-Mobile နှင့် Sprint ပူးပေါင်းမှုကြောင့် အင်အားကြီး ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

AT&T ၏ ယခုကြေငြာချက် ထုတ်ပြန်ပြီးနောက် T-Mobile သည်လည်း အလားတူ ကြေငြာချက် တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အလုပ်အကိုင်များ လျှော့ချခဲ့သည်ဟု သိရှိရသည်။

သို့သော်လည်း T-Mobile သည် လာမည့်နှစ်တွင် အလုပ်အကိုင်သစ် ပေါင်း ၅၀၀၀ ကျော်ကို ပြန်လည် ခန့်အပ်မည် ဖြစ်ပြီး Sprint Corporation ကို ဝယ်ယူစဉ်က ကတိကဝတ် အရ Sprint အနေဖြင့်လည်း အလုပ်အကိုင် အခွင့်လမ်းများစွာကို ဖန်တီးပေးရန် T-Mobile တွင် တာဝန်ရှိနေသည် ဟု သိရှိရသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Axios, Business Insider, Forbes

Photo: Bruce Bennett/Getty Images

%d bloggers like this: