0

Apple Watch က ၂၀၁၉ မှာ Swiss နာရီ လုပ်ငန်းတွေ အားလုံးရဲ့ အရောင်းစံချိန်ကို ကျော်တက်သွားနိုင်ခဲ့

Share

          ပြီးခဲ့တဲ့ ၂၀၁၉ တစ်နှစ်လုံးမှာ Apple Watch ကတစ်ကမ္ဘာလုံးမှာ နာရီအလုံးပေါင်း (၃၁)သန်းခန့် ရောင်းချနိုင်ခဲ့ပြီး တစ်ဘက်မှာတော့ ဆွစ်လုပ် နာရီတံဆိပ် အားလုံးပေါင်းကတော့ စုစုပေါင်း (၂၁)သန်းခန့်သာ ရောင်းနိုင်ခဲ့ပါတယ်။ ဒီအချက်အလက် အပေါ်မှာတော့ ဈေးကွက်သုတေသနပညာရှင်တွေ ကြားထဲမှာလည်း အမြင်(၂)မျိုးကွဲနေကြပါတယ်။ တချို့ ပညာရှင်တွေကတော့ လာမဲ့နှစ်တွေမှာ Apple Watch ဟာ ဆွစ်နာရီလုပ်ငန်းကြီးတွေကို ကောင်းကောင်း ဒုက္ခပေးတော့ မယ်လို့ ခန့်မှန်းနေကြသလို တဖက်က သုံးသပ်သူတွေကလည်း Apple Watch ကအလုံးအရေအတွက်သာ ရောင်းအားကျော်သွားပေမဲ့ အမြတ်အစွန်းပိုင်းမှာတော့ မယှဉ်နိုင်သေးဘူးလို့ ပြန်ချေပထားပါတယ်။

          ဈေးကွက်သုတေသန လုပ်ငန်းတစ်ခုဖြစ်တဲ့ Creative Strategies က ဈေးကွက်သုံးသပ်သူ Carolina Milanesi ကတော့ Apple Watch ဟာ နာရီတစ်ခု အနေနဲ့သာ မကဘဲ အလှအပနဲ့ ကျန်းမာရေးအတွက်တွေရယ်၊ social tools တစ်ခုအနေနဲ့ရယ် အသုံးတည့်တဲ့အတွက် ဖက်ရှင်နဲ့ ခေတ်ပေါ်နည်းပညာကို အတူတူအသုံးပြုချင်တဲ့ လူငယ်၊ လူလတ်ပိုင်းတွေကြားမှာ ဈေးကွက်ခိုင်ခိုင်မာမာ ရရှိနေတာပါလို့ သုံးသပ်ပါတယ်။ ဆွစ်လုပ် နာရီတွေကတော့ ဖက်ရှင်၊ အဆောင်အယောင် ပိုဆန်နေတယ်လို့ သူကထပ်မံ သုံးသပ်ပါသေးတယ်။


          နောက် ဈေးကွက်သုံးသပ်ရေးလုပ်ငန်း ဖြစ်တဲ့ Canalys ရဲ့ အကြီးတန်းပညာရှင် Vincent Thielke ကတော့ မတူတဲ့ တခြားအမြင် တစ်မျိုးရှိနေပါတယ်။ သူ့အမြင်ကတော့ Apple Watch ဟာရေအတွက်ပိုင်းသာ အရောင်းစံချိန်ကျော်သွားပေမဲ့ အမြတ်ငွေပိုင်းကို ပြန်ကြည့်ရင်တော့ ဆွစ်နာရီတွေက ပန်းပန်နေတုန်းပဲလို့ သူကဆိုပါတယ်။ နောက် ဆွစ်နာရီတွေကို Apple Watch က မယှဉ်နိုင်သေးတဲ့ အဓိကတစ်နေရာကို သူကထောက်ပြပါသေးတယ်။ ဒါကတော့ ဒီဇိုင်းပိုင်းပါ။ Apple Watch ဟာ ဒီပုံစံ၊ ဒီကြိုးကို အရောင်ကွဲအနေနဲ့သာ ထုတ်လုပ်ပေမဲ့ ဆွစ်နာရီတွေကတော့ သွားရည်ကျချင်စရာ ဒီဇိုင်းအမျိုးမျိုးနဲ့ပါ။ သူကပဲထပ်ပြီး ခု Apple Watch အသုံးပြုသူတွေအနေနဲ့ ခုလက်ရှိမှာတော့ Apple Watch ကို အရူးအမူးဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ တစ်ချိန်ချိန် သူတို့ အသက်ကြီး လာခဲ့ရင် ဆွစ်နာရီ တလုံးလုံးကိုတော့ ပိုင်ဆိုင်ချင်စိတ်ပေါ်လာမှာပါလို့ ထပ်ပြောခဲ့ပါတယ်။

Source : CNN

%d bloggers like this: