0

Apple မှ coronavirus ရှိမရှိ သံသယဖြစ်နေသူတွေအတွက် အထောက်ပံ့ဖြစ်စေမဲ့ မေးခွန်းတွေ ကိုဖြေကြားနိုင်ဖို့Siri ကို Update ပြုလုပ်ခဲ့

Share

Apple ရဲ့ Voice Assistant ဖြစ်တဲ့ Siri ဟာ CDC (ရောဂါထိန်းချူပ်ရေးနှင့်ကာကွယ်ရေးစင်တာ – US ပြည်သူ့ကျန်းမာရေးဌာန) မှ သတင်းအချက်လက်များကို ရယူလျက်ရှိပြီး Apple သုံးစွဲသူများ ရဲ့ Coronavius အကြောင်းမေးမြန်းမှုတွေကို တုံ့ပြန်ဖို့Siri ကို Update ပြုလုပ်ခဲ့ပါတယ်။
Siri ဟာ “ Hey Siri ငါ့မှာ Coronavirus ရှိပါသလား “ ( “Hey Siri ! Do I Have Coronavirus ? “ ) လို့မေးတဲ့အခါမှာ CDC (ရောဂါထိန်းချူပ်ရေးနှင့်ကာကွယ်ရေးစင်တာ – US ပြည်သူ့ကျန်းမာရေးဌာန) မှ အတည်ပြုထားသော မေးခွန်းများနှင့် အကြံဉာဏ်များကို စုစည်းပြီး ပြန်လည်တုံ့ပြန်ဖြေကြားပေးပါတယ်။

 

Photo : newyork_post

မေးခွန်းတွေကတော့ အဖျားတက်ခြင်း ရှိမရှိ ၊ ချောင်းခြောက်ဆိုးခြင်းတွေရှိမရှိ ၊ အသက်ရူမ၀ သည့် လက္ခဏာများ စတင်ပြသနေပါသလား လို့ အသုံးပြုသူများထံ အရင်ဆုံးမေးမြန်းပြီး လက္ခဏာ ရှိနေသူများကို အိမ်တွင်နေဖို့နဲ့ အခြားသူများနှင့်တွေ့ဆုံဖို့ကို ရှောင်ကြည်ဖို့စတင်အကြံပေးပါတယ်။ အဲ့နောက်မှာတော့ ရောဂါလက္ခဏာပြင်းထန်စွာပြနေသော မည်သူမဆို ၉၁၁ ကိုခေါ်ဆိုရန် ထပ်မံအကြံပေးပါတယ်။
Siri ဟာ mobile phone တွေကဆင့် App Store နဲ့ ချိတ်ဆက်ပြီး ကျန်းမာရေးဝန်ဆောင်မှုများအတွက် တိုင်ပင်ဆွေးနွေးနိုင်တယ်လို့လည်း ထပ်မံသိရှိရပါတယ်။

source : newyork post | news | mac_rumors

%d bloggers like this: