0

Apple နှင့် Google တို့ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်ပျံ့ပွားမှုကိုထောက်လှမ်းနိုင်မည့် Platform ဖန်တီးနေ။

Share

ဆီလီကွန်တောင်ကြားမှ ထိပ်တန်းနည်းပညာကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် Apple နှင့်Google တို့အတူလက်တွဲကာ bluetooth နည်းပညာအသုံးပြုထားသော platform တခုကိုတည်ဆောက်နေတာဖြစ်ပြီး ၎င်း platform မှတဆင့် ဗိုင်းရပ်စ်ကူးစက်ခံရသူများနှင့် ကူးစက်ခံရသူနှင့် အဆက်အဆံရှိသူတွေကို လိုက်လံထောက်လှမ်းနိုင်မည်ဟု ပြီးခဲ့သည့် သောကြာနေ့က ပြောခဲ့သည်။ မူလရှိပြီးသား ပြည်သူ့ကျန်းမာရေး application အပေါ်တွင်ဖန်တီးထားသော interface ကို မေလအတွင်းတွင် ထုတ်လွှင့်သွားမည်ဖြစ်ပြီး iOS ရော Android system များတွင်ပါအသုံးပြုနိုင်မည်ဖြစ်သည်။

ဗိုင်းရပ်စ် positive ဖြစ်သည့် smartphone user များမှ သူတို့၏ အချက်အလက်များကို app ထဲသို့ ပြည်သူ့ကျန်းမာရေးဌာနမှတဆင့် တရားဝင် ထည့်သွင်းနိုင်မည်ဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ၏ အမည်ကိုထုတ်ဖော်ပြောပြမည် မဟုတ်ပဲ အမည်မသိသူများအနေနှင့် ဖော်ပြပေးမှာဖြစ်ကြောင်း Google ကရှင်းပြထားသည်။ Users များက ထည့်သွင်းလိုက်တဲ့ အချက်အလက်များကို cloud ပေါ်တွင် သိမ်းဆည်းထားမည်ဖြစ်ပြီး ၎င်းတို့မှတဆင့် ကူးစက်ခံရတဲ့သူများလည်း ဗိုင်းရပ်စ် positive ဖြစ်တဲ့အခါ အချက်ပေး notification ရရှိမည်ဖြစ်သည်။

ကမ္ဘာတဝှမ်းရှိ တာဝန်ရှိသူများအတွက် ယခုကဲ့သို့ထောက်လှမ်းနိုင်မည့် နည်းလမ်းဟာ ဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိရောက်စွာဖြေရှင်းနိုင်မည့် နည်းလမ်းတခုဖြစ်ပြီး အစ္စရေး၊ ထိုင်းနှင့် ဟောင်ကောင် အစိုးရတို့မှ ဗိုင်းရပ်စ်ထောက်လှမ်းနိုင်သည့် နည်းပညာကို အသုံးပြုကာ လူများကို quarantine လုပ်ရန်ထိန်းချုပ်ခိုင်းစေလျက်ရှိသည်။

အမေရိကန်အစိုးရမှ ဆီလီကွန်တောင်ကြားတွင် ဗိုင်းရပ်စ်အား ဖြေရှင်းနိုင်မည့် အဖြေရှာနေခဲ့ပြီး Facebook နှင့် Google တို့မှ cellphone တည်နေရာ အချက်အလက်များကို အသုံးပြု၍ ဗိုင်းရပ်စ်ကို ထောက်လှမ်းရန်ကူညီပေးသွားမည်ဟု ပြီးခဲ့သည့်လက ကြေငြာခဲ့သည်။ အချို့ကုမ္ပဏီများမှလည်း တည်နေရာထောက်လှမ်းသည့် နည်းပညာကိုအသုံးပြု၍ ဖလော်ရီဒါတွင် social distancing စည်းကမ်းကိုချိုးဖောက်ကာ နွေဦးအပန်းဖြေခရီးထွက်သူများအား ထောက်လှမ်းခဲ့သည်။

ထိုကဲ့သို့တည်နေရာကို ထောက်လှမ်းနိုင်သည့် နည်းပညာကို အသုံးပြုခြင်းသည် Privacy ချိုးဖောက်ရာကျစေပြီး ဗိုင်းရပ်စ်ကပ်ရောဂါကြီး ပြီးဆုံးသွားသည့်တိုင်အောင် နည်းပညာကို သုံး၍အလွဲသုံးစားပြုလုပ်မည်ကို စိုးရိမ်နေကြသူများထံမှ ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။ အချို့ကျွမ်းကျင်သူများမှလည်း Bluetooth နည်းပညာ၏ အသုံးဝင်မှုကိုလည်း သံသယရှိကြောင်း ဝေဖန်သံများလည်း ထွက်ပေါ်နေသည်။

သမ္မတ ဒေါ်နယ်ထရမ့် အား Privacy နှင့် ပတ်သက်၍ Apple နှင့် Google ပူးပေါင်းလုပ်ဆောင်မှုအပေါ် မေးမြန်းသည့်အခါ “ဒါဟာ စိတ်ဝင်စားစရာကောင်းတဲ့ လုံးဝ လုံးဝ နည်းပညာအသစ် ဖြစ်ပါတယ်။ ဒါပေမဲ့ လူတော်တော်များများက သူတို့လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတယ်။ ဒါကိုကျွန်တော်တို့သေချာ ဂရုစိုက်ဖို့လိုတယ်” လို့သမ္မတက ဖြေခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး mobile phone operating system ပြိုင်ဖက်များဖြစ်သည့် Apple နှင့် Google တို့က အခုလိုထောက်လှမ်းရေး လုပ်ဆောင်တဲ့အခါ privacy ကိုအဓိကကျကြောင်း၊ Users တွေအနေနှင့်တိကျတဲ့အချက်အလက်များကို platform သို့ ထည့်သွင်းရန်လိုအပ်ပြီး ယင်းအချက်အလက်များကို အသုံးပြု၍ ကာယကံရှင် မည်သူမည်ဝါဖြစ်သည်ကို သိရှိနိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် လုပ်ပိုင်ခွင့်ပေးခြင်းတို့သည် ကုမ္ပဏီအတွက် အရေးကြီးဆုံးဦးစားပေးဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ သတင်းအချက်အလက်များကို သေချာစီစစ်ပြီး အများပြည်သူတို့အား ပွင့်လင်းမြင်သာစွာ ချပြမည်ဖြစ်ကြောင်းလဲ ထည့်သွင်းဖော်ပြထားသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC NEWS
Photo: techcrunch.com

%d bloggers like this: