Pique your curiosity
အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer က ယခုနှစ်တွင် ကိုဗစ်ကာကွယ်ဆေး ဒေါ်လာ ၃၂ ဘီလျံဖိုးနှင့် ကိုဗစ်ကိုကုသရာတွင်အသုံးပြုသောဆေး Paxlovid အား ဒေါ်လာ ၂၂ ဘီလျံဖိုး အသီးသီးရောင်းချနိုင်မည်ဟု ခန့်မှန်းထားသည်။ အစိုးရစားသောက်ကုန်စိစစ်ရေးက ဒီဇင်ဘာလအတွင်း ခွင့်ပြုပေးခဲ့သည့် အရေးပေါ်ကိုဗစ်ကုသဆေး Paxlovid အား နှစ်မကုန်ခင်ကာလအတွင်း ဒေါ်လာ ၇၆…
ကမ္ဘာ့ထိပ်တန်းကိုဗစ်ကာကွယ်ဆေးကုမ္ပဏီကြီးများသည် ယခုအသစ်တွေ့ရှိရသည့် သန္ဓေပြောင်း ကိုဗစ်မျိုးစိပ်သစ် Omicron အတွက်ဆေးသစ်များ စမ်းသပ်ဖော်စပ်နေပြီဖြစ်ကြောင်း သောကြာနေ့ကပြောကြားခဲသည်။ Omicorn အမည်ရှိ ဗိုင်းရပ်စ်အသစ်မှာ ယခင်ဗိုင်းရပ်စ်ထပ် ပိုမိုပြင်းထန်ကြောင်း WTO ကဆိုသည်။ Pfizer နှင့် BioNTech ကုမ္ပဏီများသည် B.1.1.529 ဟု တံဆိပ်ထားသည့် Omicron ဗိုင်းရပ်စ်ပိုးကို အမြန်သုသေသနပြုလုပ်နေကြောင်း၊…
ထိုင်းနိုင်ငံသို့ နောက်လတွင် ကနဦးအနေဖြင့် ကိုဗစ်ကာကွယ်ဆေး အလုံး ၁၀၀,၀၀၀ ရောက်ရှိတော့မည်ဖြစ်ကြောင်းနှင့် ကိုယ်တိုင်ကာကွယ်ဆေးထုတ်လုပ်မည်ဖြစ်ကြောင်း vaccထိုင်းနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး Arkhom Termpittayapaisith က မနေ့ကသောကြာနေ့တွင် ပြောကြားလိုက်သည်။ ထိုင်းနိုင်ငံဆေးဝါးလုပ်ငန်းကြီး Siam Biosceince သည် ဗြိတိန် – ဆွီဒင် ဆေးဝါးထုတ်လုပ်သူကြီး AstraZeneca နှင့်အတူပူးပေါင်းကာ…
UK သည် ဗြိတိန်အခြေစိုက် ဗြိတိန်-ဆွီဒစ် ဆေးဝါးထုတ်လုပ်သူ AstraZeneca နှင့် Oxford တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ထားသော ကိုဗစ်ကာကွယ်ဆေးကို ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ပထမဆုံး ခွင့်ပြုချက်ပေးလိုက်သည့်နိုင်ငံဖြစ်သည်။ အခြားကာကွယ်ဆေးများနှင့်ယှဉ်လျှင် AstraZeneca ဆေးက ပိုမိုဈေးသက်သာခြင်း၊ သယ်ယူဖြန့်ဖြူးရာ၌ လွယ်ကူခြင်းတို့ကြောင့် ယခု ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးပြန်လည်ထောင်မတ်ရာ၌ လွန်စွာအရေးကြီးသော…
ကယ်လီဖိုးနီးယားမှ အသက် ၄၅နှစ်အရွယ်ရှိ သူနာပြုတစ်ဦးသည် Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့ပြီး တစ်ပတ်ကျော်အကြာတွင် ကိုဗစ်စစ်ဆေးရာ Positive ပြခဲ့ကြောင်း ABC သတင်းဌာနက ပြီးခဲ့သည့် အင်္ဂါနေ့ကထုတ်ပြန်ခဲ့သည်။ Matthew W ဆိုသူ သူနာပြုသည် ဆေးရုံနှစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့က Pfizer…
အမေရိကန်နှင့် အခြားနိုင်ငံအနှံ့အပြားတွင် ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးနေပြီဖြစ်သောကြောင့် ခရီးသွားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဈေးဝယ်ထွက်ခြင်းစသည့် အိမ်မက်များကို အကောင်အထည်ဖော်နိုင်သည့် နေ့ရက်များသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ သို့သော် ထိုသို့လွတ်လပ်စွာ သွားလာခွင့်ရရန် ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေပြသည့် Vaccine Passport လိုလာလိမ့်မည်ဖြစ်သည်။ နည်းပညာကုမ္ပဏီအများအပြားက လူတဦးချင်းစီ၏ ကိုဗစ်စစ်ဆေးမှုရလဒ်နှင့် ကာကွယ်ဆေးထိုးနှံမှု ပြီးစီးကြောင်း အသေးစိတ်ဖော်ပြနိုင်သည့် smartphone…
Amazon.com Inc သည် ကိုဗစ်ကာကွယ်ဆေးထိုးနှံခွင့်ရမည့် အရေးကြီးဝန်ထမ်း (essential workers) ဦးစားပေးစာရင်းတွင် Amazon ၏ ဂိုထောင်၊ စတိုးဆိုင်နှင့် ဒေတာစင်တာရှိ သူ၏ဝန်ထမ်းများအား ထည့်သွင်း၍ ကာကွယ်ဆေးထိုးနှံခွင့်ပေးရန် အမေရိကန်အစိုးရအား တောင်းဆိုစာပေးပို့ခဲ့ကြောင်း Reuters ကဖော်ပြခဲ့သည်။ အဆိုပါတောင်းဆိုချက်သည် ဝန်ထမ်းပေါင်း ၈၀၀,၀၀ ရှိသည့် အမေရိကန်၏…
ကမ္ဘာတဝန်းတွင် ကိုဗစ်ကာကွယ်ဆေး Pfizer-BioNTech အားအရေးပေါ်အသုံးပြုခွင့်ပေးရန် ပြင်ဆင်လျက်ရှိနေကြသည်။ ယခုအခါ သယ်ယူပို့ဆောင်ရေး logistics ကုမ္ပဏီများမှာ ကာကွယ်ဆေးသန်းပေါင်းများစွာကို လိုအပ်နေသည့် ဆေးရုံဆေးခန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများဆီသို့ အရောက်ပို့ပေးရမည့် စိန်ခေါ်မှုကြီးများနှင့် ကြုံတွေ့နေရသည်။ အမေရိကန် FDA ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခွင့်ပေးပြီးနောက် ဗြိတိန်နှင့် ကနေဒါတို့ကလဲ ကာကွယ်ဆေးဖြန့်ဖြူးရေးစတင်ရန် မီးစိမ်းပြလိုက်ပြီဖြစ်သည်။ Moderna…
၂၀၂၁ ခုနှစ်နွေဦးတွင် ကိုရိုနားဗိုင်းရပ်စ် ကာကွယ်ဆေး (၆) မျိုးအား ဖြန့်ချိပေးနိုင်လိမ့်မည်ဟု စင်ကာပူတွင်ပြုလုပ်သော FinTech အခမ်းအနားတွင် Bill Gates ရုပ်သံဗီဒီယိုမှတဆင့် ပြောကြားခဲ့သည်။ ယခုလက်ရှိတွင် Pfizer-BioTech ကာကွယ်ဆေးအား အသိအမှတ်ပြုခွင့်ပြုပေးထားပြီး နောက်ထပ်အလားအလာကောင်းနေသော ဆေးများဖြစ်သည့် Moderna, AstraZeneca, Johnson & Johnson…
အမေရိကန်ဆေးဝါးထုတ်လုပ်သူ Pfizer က supply-chain ပြဿနာကြောင့် ကြေညာထားသည့်ရက်ထက် ဆေးရရှိမှုနောက်ကျမည်ဟု ကြေညာလိုက်ပြီးနောက် ပြီးခဲ့သည့် ကြာသပတေးနေ့က ရှယ်ယာဈေးများ ကျဆင်းသွားခဲ့သည်။ ဆေးထုတ်လုပ်ရန် ပါဝင်ပစ္စည်းများ၏ အရည်အသွေးမပြည့်မီသောကြောင့် ဆေးထုတ်လုပ်မှု နှောင့်နှေးရခြင်းဖြစ်ကြောင်း Wall Street ဂျာနယ်ကဖော်ပြထားသည်။ Pfizer သည် ယခုနှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေး သန်း၁၀၀…