Pique your curiosity
ဗြိတိန်တွင် လွန်ခဲ့သည့် ရက်သတ္တပတ်က ဘုရင်မကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အားလပ်ရက်များ ရှိလေရာ ပြည်သူအများအပြား ခရီးသွားရန် ပြင်ဆင်ခဲ့ကြသော်လည်း လေကြောင်း ခရီးစဉ်များစွာ ဖျက်သိမ်းမှု၊ ရွေ့ဆိုင်းမှုများကြောင့် ခရီးသွားမည့်သူများ ကမောက်ကမဖြစ်ခဲ့ရသည်။ ထိုစဉ်က လေကြောင်းခရီးစဉ် ဖျက်သိမ်းမှုများ အပြင်၊ လေဆိပ်များတွင်လည်း ဝန်ထမ်း မလုံလောက်မှုများကြောင့် ထောင်နှင့်ချီသော ခရီးသွား…
ဩစတေးလျလေကြောင်းလိုင်း Qantas သည် လာမည့် ၂၀၂၅ ခုနှစ်၌ ဆစ်ဒနီ-လန်ဒန် နှင့် ဆစ်ဒနီ-နယူးယောက် တိုက်ရိုက်ခရီးစဉ်ရှည်များကို ပျံသန်းမည်ဟု ကတိပြုကြေညာခဲ့သည်။ ဩစတေးလျအမျိုးသားလေကြောင်းလိုင်းကြီးသည် ပြင်သစ်-ဒတ်ချ် ထုတ် Airbus A350-1000 ဂျက်လေယာဉ်များကို ဝယ်ယူထားပြီး ကမ္ဘာပေါ်ရှိ မည်သည့်မြို့ကြီးများသို့မဆို တိုက်ရိုက်ပျံသန်းနိုင်မည်ဟု ဆိုသည်။ ဩစတေးလျ ဆစ်ဒနီမှ…
စွမ်းအင်လုံလောက်မှုအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဗြိတိန်အစိုးရသည် နျူကလိယဓါတ်အားပေးစက်ရုံ ၈ ခုကို ၂၀၃၀ အမီ တည်ဆောက်သွားမည့်အကြောင်း ထုတ်ပြန်ခဲ့သည်။ ဗြိတိန်အစိုးရသည် လာမည့် ၈ နှစ်အတွင်း နိုင်ငံအတွင်းလိုအပ်သော လျှပ်စစ်ဓါတ်အားများ၏ ၉၅% ကို ကာဗွန်ထုတ်လွှတ်မှုနည်းသော အရင်းအမြစ်များမှ ရရှိရန် ရည်ရွယ်နေပြီး ရုရှား-ယူကရိန်း စစ်ပွဲ နှင့်…
UK ၏ ငွေကြေးဖေါင်းပွမှုသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလတွင် ၆.၂% ရှိလာခဲ့ကာ ၁၉၉၂ နောက်ပိုင်း အမြင့်ဆုံးအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဇန်နဝါရီလတွင် ၅.၅% သို့ မြင့်တက်ခဲ့ပြီးနောက် ထပ်မံ၍ ဖောင်းပွလာခဲ့ကြောင်းကို ဗြိတိန်အမျိုးသားစာရင်းအင်းအချက်အလက်ရုံး Office for National Statistics က ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင်…
ဗြိတိသျှလေကြောင်း – British Airways အား ရုရှားနိုင်ငံ၏ လေဆိပ်များသို့ဆင်းသက်ခြင်း၊ ရုရှားလေကြောင်းပိုင်နက်အတွင်းဝင်ရောက်ပျံသန်းခြင်းများကို တားမြစ်ပိတ်ပင်လိုက်သည်ဟု ရုရှားလေကြောင်းကြီးကြပ်ရေးက ကြေညာခဲ့သည်။ ယခုဆောင်ရွက်ချက်မှာ ဗြိတိန်လေကြောင်းအာဏာပိုင်အဖွဲ့၏ နှစ်လိုဖွယ်မရှိသောဆုံးဖြတ်ချက်များအပေါ် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ရုရှားက ဆိုသည်။ ဗြိတိန်သည် ရုရှားအမျိုးသားလေကြောင်းဖြစ်သော Aeroflot ကို ဗြိတိန်သို့ ဝင်ရောက်ခြင်းအား ကြာသပတေးနေ့က စတင်…
ရုရှားနှင့်ယူကရိန်းအရေးပေါ်ဖြစ်နေသောအချိန်တွင် ဗြိတိန်သည် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က တားမြစ်ပိတ်ဆို့သည့် ရုရှားပုဂ္ဂလိကဘဏ် ၅ ခု စာရင်းတွင် ရုရှားအစိုးရ၏ ဗဟိုဘဏ်အား အင်္ဂါနေ့ (ယမန်နေ့)က မှားယွင်းစာရင်းသွင်းမိခဲ့သည်။ ရုရှားသမ္မတပူတင်နှင့် နီးကပ်စွာဆက်ဆံသော ပုဂ္ဂလိကဘဏ် ၅ ခုကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပိတ်ပင်မည်ဟုကြေညာထားခဲ့ပြီး ထိုအထဲတွင် ပုဂ္ဂလိကဘဏ်တခုဖြစ်သော Bank Rossiya…
ဗြိတိန်ကားအသင်း – Society of Motor Manufacturers and Traders (SMMT) က လျှပ်စစ်ကားများအတွက် အားသွင်းခနှုန်းထားများ၊ အားသွင်းရာနေရာ အခြေခံအဆောက်အဦလိုအပ်ချက်များအတွက် စောင့်ကြည့်ရေးအဖွဲ့အစည်းများဖွဲ့စည်းရေး ဖိတ်ခေါ်ခဲ့သည်။ လျှပ်စစ်ကားအရောင်းတိုးတက်မှုသည် အားသွင်းရာနေရာရရှိမှုကို ကျော်လွန်နေပြီး ၎င်းတို့အနေဖြင့် ဈေးကွက်ကို စဉ်ဆက်မပြတ်စောင့်ကြည့်မည့် ကြီးကြပ်သူလိုသည်ဟု SMMT က…
လူသုံးကုန်ပစ္စည်း ကုမ္ပဏီကြီးဖြစ်သော Unilever သည် ကုမ္ပဏီ၏ တိုးတက်မှုနှုန်း နှေးကွေးနေခြင်းအတွက် ရှယ်ယာရှင်များ၏ ဖိအားပေးမှုဒဏ်ခံနေရပြီး ဖွဲ့စည်းပုံ ပြန်လည် ပြင်ဆင်သည့် အနေဖြင့် Management level ရှိ ဝန်ထမ်း ၁၅၀၀ခန့်ကို ကမ္ဘာတစ်ဝှမ်းရှိ ရုံးခွဲများမှ လျော့ချပစ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သော…
နယူးဒေလီတွင်ပြုလုပ်လျက်ရှိသည့် ဗြိတိန်နှင့်အိန္ဒိယတို့၏ ကုန်သွယ်ရေးဆွေးနွေးပွဲ ပထမရက်တွင် free trade အတွက်သဘောတူဆွေးနွေးခဲ့ကြပြီး ပေါင်စတာလင် ဘီလီပေါင်းများစွာကုန်သွယ်မည့် ထိုကုန်သွယ်ရေးသဘောတူညီချက်အား နှစ်ကုန်ပိုင်းတွင်အပြီးသတ် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုရန်ရည်ရွယ်ထားသည်။ လာမည့်လအနည်းငယ်အတွင်းတွင် သဘောတူညီချက်အချို့ချမှတ်နိုင်လိမ့်မည်ဟု အိန္ဒိယကုန်သွယ်ရေးဝန်ကြီး Piyush Goyal နှင့် ဗြိတိန်ဝန်ကြီး Anne-Marie Trevelyan တို့ကပြောကြားခဲ့သည်။ ဗြိတိန်က Brexit…
ဥရောပသမဂ္ဂသည် အမေရိကန်ပြည်ထောင်စုနှင့်သဘောတူညီချက်ရရှိပြီးနောက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှကုမ္ပဏီများသည် အခွန်အခ တစုံတရာလုံးဝမရှိတော့ဘဲ US သို့ စတီးတင်ပို့နိုင်မည့်ကိစ္စမှာ ဇန်နဝါရီ ၁ ရက်နေ့မှစတင်ခဲ့သည်။ သို့သော်လည်း ဥရောပမှထွက်ခွါခဲ့သည့် ဗြိတိန်မှာ ထိုအခွင့်အရေးကိုမရဘဲ ဗြိတိန်၏ စတီးပို့ကုန်များအတွက် အခွန် ၂၅% ကို ဆောင်နေရဆဲဖြစ်သည်။ ယင်းကိစ္စအတွက် ဗြိတိန်မှနိုင်ငံတကာကုန်သွယ်ရေးဝန် အန်းမာရီ ထရာဗာလျန်ကိုယ်တိုင်…