travel

ဓါတ်ပုံ အပလီကေးရှင်း Agora ကပြုလုပ်တဲ့ “၂၀၂၀ ခုနှစ်အတွက် သဘာဝအလှအပ ဓါတ်ပုံပြုင်ပွဲ” – “#Nature2020 photo contest” အတွက် ရွေးချယ်ခံရသော ဆန်ကာတင်ပုံများ

          ပြိုင်ပွဲကျင်းပရေး ကော်မီတီက သတင်းထုတ်ပြန်ရာမှာ ဒီနှစ်အတွက် ပုံပေါင်း ၁၁၀၈၆ ပုံပေးပို့လာခဲ့ပြီး ဒီထဲကမှ ဆန်ကာတင် ပုံ ၅၀ ကို ဒိုင်လူကြီးတွေက ပြန်လည် စိစစ်ရွေးချယ်ထားတာဖြစ်ပါတယ်။ ဒီပုံ ၅၀ ထဲကမှာ လူကြိုက်အများဆုံးပုံကို အပလီကေးရှင်းမှာ မဲပေးရွေးချယ်စေမှာဖြစ်ပြီး အနိုင်ရရှိသူကို မတ်လ ၄ရက်နေ့မှာ ကြေငြာသွားမှာပါ။ အောက်မှာ တင်ပြထားတဲ့ပုံတွေကတော့ ဆန်ကာတင် ပုံ၅၀ ထဲကမှ တချို့တဝက်ဖြစ်ပါတယ်။ ကြည့်ရှုခံစားကြည့်ကြပါခင်ဗျား။


ဒီပုံကတော့ ဟောင်ကောင်ဓါတ်ပုံဆရာ @leemumford8 ရိုက်ကူးခဲ့တဲ့ပုံဖြစ်ပြီး ဖိလစ်ပ်ုင်တောင်ပိုင်းရှိ Palawan ကျွန်းပဲဖြစ်ပါတယ်။

ဂျကာတာမှာရှိတဲ့ လျှာရှည်ပုတ်သင်ကောင် ပုဇင်းဖမ်းစားနေတဲ့ပုံဖြစ်ပြီး အင်ဒိုနီးရှားဓါတ်ပုံဆရာ @georock88 ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒီပုံကတော့ အီတလီနိုင်ငံရှိ Mount Seceda ဆိုတဲ့ တောင်စွယ်ကြီးရဲ့ပုံဖြစ်ပြီး ဗြိတိသျှဓါတ်ပုံဆရာ @jamesxtheo ရိုက်ကူးခဲ့တာပါ။

ဗီယက်နမ်အလယ်ပိုင်းဒေသရှိ တောင်ကုန်းတွေပေါ်မှာ မြူတွေဝေနေပုံဖြစ်ပြီး ဓါတ်ပုံဆရာ @caokynhan ရိုက်ကူးခဲ့တာပါ။

ကင်ညာနိုင်ငံရဲ့ နေဝင်ဆည်းဆာမှာ ငှက်ကလေးတစ်ကောင် အထီးကျန်ဆန်စွာ နေနေတဲ့ပုံဖြစ်ပြီး ပါကစ္စတန်ဓါတ်ပုံဆရာ @someguybehindthecamera ရဲ့လက်ရာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ နတ်ပြည်ခြောက်ထပ်လို့တင်စားတဲ့ နေရာဖြစ်ပါတယ်။ လက်ရာရှင်ကတော့ ဘယ်လ်ဂျီယံ ဓါတ်ပုံဆရာ @notanathermica ဖြစ်ပါတယ်။

နမ်မီးဗီးယား သဲကန္တာရထဲက သဲသောင်ခုံတွေဖြစ်ပါတယ်။ ဗြိတိသျှဓါတ်ပုံဆရာ @joeshelly ရဲ့လက်ရာမွန်ပါ။


ဂျာမနီဓါတ်ပုံဆရာ @kveikjan ရိုက်ကူးထားတဲ့ အိုက်စလန်နိုင်ငံက Hengifoss waterfall ဖြစ်ပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source : Daily Mail

အရင်နှစ်တွေကထက် မိုးရေချိန်လျော့နည်းခဲ့တာကြောင့် ကယ်လီဖိုးနီးယားပြည်နယ်၊ သဘာဝဥယျဉ်ထဲရှိ မီးလျှံရေတံခွန်မှာ အရင်လို မီးလျှံပုံ နေရောင်ခြည်ဖြာဆင်းမှု တွေ့ရှိဖို့မလွယ်

          ဒီရေတံခွန်ရဲ့ မူရင်းနာမည်က မြင်းမြီးဆံ ရေတံခွန်လို့ အမည်ရတဲ့ Horsetail Waterfall ဖြစ်ပြီး နောက်ပိုင်းမှာ ထူးခြားတဲ့ ဒီဖြစ်စဉ်ကြောင့် မီးလျှံရေတံခွန်လို့ လူသိများလာခဲ့ပါတယ်။ နှစ်စဉ် ဖေဖော်ဝါရီလရဲ့ နောက်ဆုံးအပတ်ထဲက ၃ရက်လောက်မှာ ဝင်ကာနီးနေရောင်ခြည်ဟာ ဒီရေတံခွန်ရှိတဲ့ ကျောက်တောင်ကို အလင်းပြန်ရိုက်ခတ်ခဲ့ပြီး အဝေးကနေကြည့်ရင် ချော်ရည်ပူတွေ လင်းထိန်ဖြာဆင်းနေသလို မြင်ရစေတာပါ။ ဒါပေမဲ့ ရေတံခွန်ရဲ့ ရေပမာဏ အနည်းအများရယ်၊ နေရောင်ခြည်ဖြာဆင်းဖို့ ကောင်းမွန်တဲ့ ရာသီဥတုရယ်ရှိပါမှ ဒီလိုဖြစ်စဉ်ကို မြင်တွေ့နိုင်တာပါ။ ရေများပေမဲ့ တိမ်ထူတဲ့နှစ်တွေမှာ လာစောင့်ပြီးမှာ မမြင်လိုက်ရလို့ စောင့်ရကြိုးမနပ်တဲ့ သူတွေအများကြီးရှိပါတယ်။

အရင်နှစ်တွေက ရိုက်ကူးခဲ့သောပုံ
         

          ဒီနှစ်လည်း ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာ မိုးရေချိန်ဟာ ပုံမှန်ရွာသွန်းမြဲအောက် လျော့ကျခဲ့လို့ မီးလျှံရေတံခွန်ကို မြင်ရဖို့ မရှိဘူးလို့ ပုံမှန်ကြည့်နေကြ ဓါတ်ပုံဆရာတွေက အလည်လာမဲ့သူတွေကိုသတိပေးထားပါတယ်။ ဘာလို့လဲဆိုတော့ မနှစ်ကတုန်းက ဒီ(၃)ရက်အတွင်း မီးလျှံရေတံခွန်ကို လာကြည့်တဲ့သူ ၂သောင်း ၂ထောင်ကျော်ရှိခဲ့လို့ပါ။ သဘာဝဥယျဉ် စီမံခန့်ခွဲရေးအဖွဲ့ကတော့ ရေအရမ်းနည်းနေတဲ့အတွက် ဒီဖြစ်စဉ်ဒီနှစ်ဖြစ်မှာ မဟုတ်ဘူးလို့ ယုံကြည်နေပြီး ဘုမသိ ဘမသိရောက်လာမဲ့သူတွေကို တားမြစ်ချက်ထုတ်ဖို့ပြင်ဆင်နေပါတယ်။


အရင်နှစ်တွေက ရိုက်ကူးခဲ့သောပုံ

ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source : Daily Mail

ခရီးသွားခြင်းက Entrepreneur တိုင်းအတွက် ဘာကြောင့်အရေးကြီးသလဲ?

Photo by Aye Chan Myint

ခရီးသွားတယ်ဆိုတာ ပိုက်ဆံဖြုန်းနည်းတမျိုးပဲလို့ထင်ကောင်းထင်မိကြလိမ့်မယ်။ အဲဒါထက် ပိုတယ်လို့လဲ တွေးချင်တွေးမိကြလိမ့်မယ်။ တကယ်တော့ ခရီးသွားခြင်းဟာ အခြားအကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် သင့်ကိုယ်သင် အလုပ်ထဲမှာ လုံးဝ နှစ်မြုပ်ထားမိတဲ့ အခါတွေမှာပေါ့။ ခရီးသွားတာဟာ သင့်ကျန်းမာရေးရော စီးပွားရေးကိုပါ ဘယ်လိုအကျိုးပြုစေသလဲဆိုတဲ့ အချက် (၆) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကျန်းမာတယ်။

အလုပ်က Stress တွေက သင့်နှလုံးကိုပါ ထိခိုက်စေတယ်။ အနားယူဖို့ပဲဖြစ်ဖြစ် Business travel ပဲဖြစ်ဖြစ် ခရီးတခုသွားတာဟာ Stress သက်သာစေတယ်။ ဘာကြောင့်လဲဆိုတော့ သင့် ရုံးခန်းမဟုတ်တဲ့ ပတ်ဝန်းကျင်အသစ်တနေရာကို ရောက်ရှိသွားတာဟာ သင့်စိတ်နှင့် ကျန်းမာရေးကို အများကြီး အထောက်အကူပြုစေလို့ပါပဲ။

၂။ ခရီးသွားတာ ဉာဏ်ရွှင်စေတယ်။

စိတ်ကူးစိတ်သန်း ကောင်းဖို့ထက်မြက်ဖို့ဆိုတာ ကျယ်ပြန့်တဲ့ လှုံဆော်မှုမျိုး လိုအပ်တာကြောင့် တခါတရံ သင့်ရုံးခန်းထဲမှာဆို စိတ်ကူးကောင်း တခုရဖို့မလွယ်ကူပါဘူး။

အမြဲထိတွေ့နေကြ ပတ်ဝန်းကျင်ကို စွန့်ခွါပြီး နေရာဝန်းကျင်အသစ်က သင့်စိတ်ကို အထူးလှုံဆော်ပေးမှုတွေ ပြုလုပ်ပေးတတ်တာကြောင့် အရင်က မတွေးဖူးတဲ့ အတွေးတွေ ဝင်ရောက်လာတတ်တာကို ခံစားမိဖူးမှာပါ။ အကယ်၍ meeting တခုကို သွားတက်ရတယ်ဆိုတောင် သင့်စိတ်ကူးတွေက နိုင်ငံတကာ ရှုထောင့်ကနေ အသစ်မျိုးကနေ ကြည့်နေမိမှာ အမှန်ပါပဲ။ သင့်လုပ်ငန်းနဲ့ပတ်သက်တဲ့ idea ကောင်းကောင်းတစ်ခု စဉ်စားဖို့လိုအပ်နေပြီဆိုလျှင်တော့ ခရီးတစ်ခုထွက်ကြည့်လိုက်ပါ။

၃။ ခရီးသွားခြင်းက communication skills အသစ်တွေကို သင်ပေးပါလိမ့်မယ်။

သင် ဘာတွေပြောလဲဆိုတာ အဓိက မဟုတ်ပါဘူး၊ ဘယ်လိုပြောလိုက်သလဲက အဓိကဖြစ်ပါတယ်။ ကျွန်မတို့ပြောပုံဆိုပေါက်တွေ၊ အသံ tone၊ body language၊ မျက်နှာအမူအရာ၊ သုံးစွဲလိုက်တဲ့ စကားလုံးအနေအထား ဒါတွေအားလုံးက တဖက်နားထောင်သူအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိကြောင်း နားလည်သဘောပေါက်ပြီးသား ဖြစ်ပါတယ်။ သင့်ရဲ့communication skills ဘယ်လောက် ကောင်းတယ်ဆိုတာ နိုင်ငံရပ်ခြားကို ရောက်ရှိတဲ့အခါ ပိုမိုပေါ်လွင်စေတယ်။ မတူညီတဲ့ ယဉ်ကျေးမှုနယ်ပယ်အတွင်း သင် ဘယ်လို body language ကိုသုံးစွဲရမလဲဆိုတာကို ပိုမိုသဘောပေါက်စေတယ်။ အဲလို အခြေအနေမျိုးမှာဆို အခြားသူတွေနဲ့ဘယ်လိုလိုက်လျောညီထွေ နေသင့်သလဲဆိုတဲ့ creativity skills လဲတိုးတက်စေတယ်။ အထူးသဖြင့် သင်က Entrepreneur တယောက်ဖြစ်ပြီး ဒီလိုထိရောက်တဲ့ communication skills တွေက သင့် culture နဲ့မတူတဲ့ နိုင်ငံခြားသား Investors တွေ၊ clients တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အလုပ်လုပ်ရတာ ပိုအဆင်ပြေအောင် ကူညီပေးပါလိမ့်မယ်။

၄။ အခြားသူတွေနဲ့ခရီးအတူထွက်ခြင်းဟာ တယောက်နဲ့တယောက် မတူညီတဲ့ experience တွေကို အပြန်အလှန် အသိအမှတ်ပြုပေးတတ်ကြတယ်။

တခါတရံ ကျွန်မတို့ဟာ တယောက်တည်း အလုပ်လုပ်ရတာ၊ ခရီးသွားရတတ်ကို ပိုကြိုက်လေ့ရှိပါတယ်။ အဖွဲ့နဲ့ခရီးသွားတာကလဲ တယောက်တည်းသွားတာနဲ့မတူညီတဲ့ experience တွေကိုပေးပါတယ်။ တယောက်နဲ့တယောက် ပိုမိုရင်းနှီးစေမဲ့ အခွင့်အရေးကောင်းလဲ ဖြစ်တယ်။ တခါတရံ အဖွဲနဲ့သွားရတဲ့အခါ ကိုယ်လုပ်ချင်တဲ့အရာတွေကို စွန့်လွှတ်လိုက်ရတာမျိုး ရှိကောင်းရှိမယ်။ ဒါပေမဲ့ အကောင်းဖက်က တွေးမယ်ဆိုရင် အနစ်နာခံခြင်း နဲ့ပေးဆပ်ခြင်းရဲ့ကောင်းကျိုးကို တချိန်ကျရင် သင်သတိပြုမိပါလိမ့်မယ်။

၅။ ပိုမိုအဓိပ္ပါယ်ရှိတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်တယ်။

မိတ်ဆွေအသစ်တွေ နဲ့Business Partners အသစ်တွေကို နေရာဒေသ အသစ်တခုက ရရှိခဲ့တာဟာ ပုံမှန်မိတ်ဆွေသစ်တွေထက် အများကြီးပိုပါတယ်။ နောက်တခေါက် အဲဒီနေရာကို ပြန်ရောက်ရင်တောင် သင် Hotel Booking တင်စရာမလိုတော့ဘူးပေါ့။ နောက်ပြီး ဒီနည်းလမ်းနဲ့ နောက်ထပ် အလားအလာရှိတဲ့ Business Partner တွေနဲ့ဆုံဖို့အခွင့်အရေးတွေ လိုက်ရှာလို့ရပါသေးတယ်။ နောက်ပြီး သင့်မိတ်ဆွေသစ်တွေက သူတို့ရဲ့ကြမ်းကြေပြီးသား knowledge တွေနဲ့ သင့်ကို ကူညီပေးနိုင်တာကြောင့် သင်ဒေသ အသစ်ကိုရောက်နေရင်တောင် ကွျှမ်းကျင်မှုမရှိမှာကို စိတ်ပူစရာမလိုတော့ပါဘူး။

၆။ စဉ်းစားဖို့တွေးဖို့အချိန်တွေ ပိုရတယ်။

Entrepreneur သမားတယောက်အတွက် ဆုံးဖြတ်ချက်တွေဟာ တခါတရံ အချိန်အများကြီးမရပဲ ချက်ချင်း ချပစ်လိုက်ရတဲ့အခါတွေ အများကြီးရှိပါတယ်။ သင် ထိုင်ခုံမှာ စိတ်အေးလက်အေးထိုင်ပြီး သေသေချာချာ တွေးခဲ့ဖူးတဲ့ နောက်ဆုံးအချိန်က ဘယ်အချိန်လဲ ?

ခရီးသွားခြင်းဟာ အတိတ်က အကြောင်းအရာတွေကို ပြန်လည်ဆင်ခြင်စေဖို့အချိန်တခုကို ပေးပါတယ်။ ဒါကြောင့် သင့်စိတ်ကို ငြိမ်စေဖို့တောင်ကုန်းထိပ်လေးတခုမှာ ငြိမ်ငြိမ်ကလေးထိုင်တာ ဒါမှမဟုတ် ရေကန်ဘေးတခုမှာ ငါးထိုင်မျှားတာမျိုးလုပ်ကြည့်သင့်တယ်။ ဒါတွေဟာ သင့်စိတ်ကို တည်ငြိမ်စေပြီး သင်အလောတကြီး ပြုလုပ်မိခဲ့တဲ့အရာတွေကိုဆင်ခြင်မိစေပြီး သင့်ဘဝ ရော သင့် အလုပ်ကိုပါ အထောက်အကူဖြစ်စေမဲ့ အတွေးမျိုးတွေကို ဖန်တီးပေးပါတယ်။ ခရီးသွားတာဟာ သင်ကုန်ကျလိုက်တဲ့ငွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံသစ်တွေ စိတ်ကူးကောင်းတွေကို ဖန်တီးပေးတာကြောင့် ခရီးသွားခြင်းရဲ့အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။

Business Trip သွားတဲ့အခါတိုင်းသင့် mobile phone ထဲထည့်ထားသင့်တဲ့အကောင်းဆုံး App 10 မျိုး။

ဒီနေ့ခေတ်မှာ အင်တာနက်သာရှိရင် ဘယ်နေရာရောက်နေနေ အလုပ်လုပ်နေဖို့ မခက်ခဲတော့ပါဘူး။ ပစိဖိတ်သမုဒ္ဒရာကြီး အလယ်ကိုဖြတ်သန်းနေတဲ့ လေယာဉ်ပေါ်ကိုရောက်နေတောင်မှပေါ့။ ခရီးသွားဖို့ ဘယ်ခရီးသွားအေဂျင်စီကိုမှ ဖုန်းဆက်နေစရာ မလိုတော့ဘူး။ အလုပ်ကိစ္စနဲ့ခရီးသွားရလို့ လုပ်စရာရုံးအလုပ်တွေလည်း နောက်ကျမှာ မဟုတ်တော့ဘူး။ data တွေအားလုံးက ရုံးက Laptop ဟောင်းကြီးထဲမှာ မဟုတ်တော့ဘူး။ Cloud ပေါ်ရောက်ကုန်ကြပြီ။ ဒါတွေအားလုံးကို သင့်ဖုန်းတစ်လုံးနဲ့စီစဉ်ပြီး ကမ္ဘာပတ်နေနိုင်ပါပြီ။ ဒါကြောင့် သင် Business Trip သွားတဲ့အခါ ရှိထားသင့်တဲ့ App 10 မျိုးကတော့

1. Concur
Concur ဆိုတာ ခရီးစဉ်တလျှောက် ကုန်ကျတဲ့ အသုံးစရိတ်တွေအားလုံးကို စီမံပေးတဲ့ tool တစ်ခုဖြစ်ပါတယ်။

2. Triplt
Triplt က သင် reservation ပြုလုပ်ထားတဲ့ နံပါတ်တွေကို စုစည်းပြီး ပြီးပြည့်စုံတဲ့ itinerary တစ်ခု တည်ဆောက်ပေးတဲ့ planner လေးတခုဖြစ်ပါတယ်။ Triplt ကို Hotwire ကိုတည်ထောင်သူက ဖန်တီးခဲ့ပြီး ယခုအခါမှာတော့ Concur က ပိုင်ဆိုင်ထားပါတယ်။

3. Circleback
Circleback ကတော့ သင့်ရဲ့contact တွေအကုန်လုံးကို တစ်နေရာထဲမှာ သိမ်းဆည်းထားပြီး contact တွေ update ဖြစ်တဲ့အခါမှာလည်း သင့်ကို အသိပေးပါလိမ့်မယ်။ ဒါ့အပြင် business card တွေကို scanning ပြုလုပ်ခြင်း၊ သင်ဆက်သွယ်ဖူးတဲ့ email အသစ် တွေကို အလိုအလျှောက် သိမ်းဆည်းထားပေးခြင်းတို့ ပြုလုပ်ပေးပါတယ်။

4. Skyscanner
ခရီးသွား App များစွာထဲမှာမှ Skyscanner က Hotel, Flight, Car rental အားလုံးရဲ့ဈေးနှုံးတွေ တချိန်တည်း မြင်ရတာကြောင့် ဈေးအသက်သာဆုံးကို ရွေးချယ်နိုင်တဲ့ App ဖြစ်ပါတယ်။ မစီစဉ်ပဲ ရုတ်တရက် ထသွားရတဲ့ ခရီးစဉ်တွေအတွက် အလွန်အသုံးဝင်ပါတယ်။

5. Yelp
သင့် client ဒါမှမဟုတ် colleague တွေကို နေ့လည်စာစားချိန် ဒါမှမဟုတ် ညစာစားချိန်မှာ ချိန်းဆိုတတ်သူဆိုရင်တော့ Yelp က အကောင်းဆုံးကူညီပေးမှာပါ။ သူ့ရဲ့အစားအသောက် menu တွေ၊ review တွေ၊ လိပ်စာတွေက အကူအညီဖြစ်စေမှာ အမှန်ပါပဲ။

6. Docusign
Docusign ဆိုတာ သင် အဝေးကိုရောက်နေတာတောင်မှ သင့် client တွေဆီ လက်မှတ်ထိုးပေးနိုင်မဲ့ App ဖြစ်ပါတယ်။ Mobile phone နဲ့tablet တွေအတွက် အလွန်အသုံးဝင်ပါတယ်။

7. Handshake
B2B ရောင်းဝယ် ဖောက်ကားတဲ့ သူတွေအတွက် အသုံးဝင်တဲ့ App ဖြစ်ပါတယ်။ Handshake ကတဆင့် Sales order တွေ Report တွေတင်နိုင်တယ်။ အရေးကြီးတဲ့ client တွေရဲ့ပြီးခဲ့တဲ့ order တွေကိုလဲ မှတ်သားထားပေးနိုင်ပါတယ်။

8. Google Drive
Google Drive ကနေ Documents တွေ၊ file တွေ၊ contact တွေအားလုံးကို သိမ်းဆည်းထားပေးနိုင်ပြီး သင့် team နဲ့လဲ တပြိုင်နက် အလုပ်အတူတူ လုပ်နိုင်တဲ့ ရှိကိုရှိရမဲ့ App တစ်ခု ဖြစ်ပါတယ်။

9. Twitter, Facebook
လက်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ သတင်းတွေနဲ့ သင့် team member တွေရဲ့tweet တွေ post တွေမြင်နေရမဲ့နေရာဖြစ်ပါတယ်။

10. Asana
Asana ဆိုတာ သင်နဲ့သင့် team ဟာ ကမ္ဘာတခြမ်းစီ ရောက်နေရင်တောင် deadline တွေ teamwork အခြေအနေတွေကို သိရှိစေတဲ့ project management app ဖြစ်ပါတယ်။ Team Manager တွေ၊ deadline နဲ့အလုပ်လုပ်ရသူတွေ၊ target output ပြည့်မီအောင် အလုပ်လုပ်ရသူတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ mobile App ဖြစ်ပါတယ်။

(တခါတည်း သင့်ဖုန်းထဲထည့်လို့ရအောင် Link တွေထည့်ပေးထားပါတယ်။)