Pique your curiosity
ဂျပန်သည် ဖိလစ်ပိုင်ငှက်ပျောသီးများ၏ အဓိက ဈေးကွက်ကြီးဖြစ်ပြီး ယခုအခါ ဖိလစ်ပိုင်သည် ၎င်းတို့၏ အဓိက စားသုံးသူများထံ အရေးကြီးသော ခြေလှမ်းသစ်အဖြစ် ဈေးနှုန်း တိုးမြှင့်မှုကို လက်ခံပေးရန် တောင်းဆို အသိပေးလိုက်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ထုတ်လုပ်မှု ကုန်ကျစရိတ်များနှင့် သယ်ယူပို့ဆောင်ခနှုန်းထားများ မြင့်တက်လျက်ရှိရာ ယခင်အတိုင်း ငှက်ပျောသီးများကို တင်ပို့နိုင်ရန်အတွက်…
ဂျပန်ဝန်ထမ်းတစ်ဦးသည် အလုပ်ချိန်ပြီးဆုံးပြီးနောက် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ညစာစားအရက်သောက်ခဲ့ကြပြီး လူ ၅ သိန်း၏ ဒေတာအချက်အလက်များပါဝင်တဲ့ USB stick ကျပျောက်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အမည်မဖော်ပြထားသည့် အဆိုပါအမျိုးသားဝန်ထမ်းမှာ အင်္ဂါနေ့က ဒေတာများလွှဲပြောင်းပြီးနောက် သူ၏လုပ်ဖော်ကိုင်ဖက် ၃ဦးနှင့်အတူ စားသောက်ဆိုင်သို့ သွားရောက်ခဲ့ကြောင်း တိုကျိုအခြေစိုက် Biprogy Inc., ၏ဥက္ကဌ…
ယူကရိန်းကျူးကျော်စစ်နှင့် ပတ်သက်၍ ရုရှားရေနံတင်သွင်းမှုကို ဖြတ်တောက်မည့်လှုပ်ရှားမှုကို ချက်ချင်းလိုက်နာရန် ခက်ခဲကြောင်း ဂျပန် စီးပွားရေးနှင့်ကုန်သွယ်ရေးဝန်ကြီး Koichi Hagiuda ကကြာသပတေးနေ့ကပြောကြားခဲ့သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က G7 ခေါင်းဆောင်များနှင့် ယခုသီတင်းပတ်တွင်တွေ့ဆုံ၍ ရုရှားအပေါ်ထပ်မံ အရေးယူဒဏ်ခတ်မှုများ ပြုလုပ်သွားမည်ဖြစ်သောကြောင့် ဂျပန်အပေါ်ဖိအားများ သက်ရောက်လာနိုင်ဦးမည်ဖြစ်သည်။ ဝန်ကြီး Hagiuda က အမေရိကန်စွမ်းအင်ဝန်ကြီး Jennifer…
၂၀၀၂ ခုနှစ် ဧပြီလနောက်ပိုင်းမှစ၍ ပထမဆုံးအဖြစ် ဗုဒ္ဓဟူးနေ့တွင် ဂျပန်ယန်းသည် အမေရိကန် ၁ဒေါ်လာလျှင် ၁၂၉.၄၃ ရောက်ရှိခဲ့သည်။ Bank of Japan နှင့် Federal Reserve တို့၏ ပေါ်လစီများ ဆက်လက်ကွဲလွဲနေလျှင် ဂျပန်ယန်းငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင် ဆက်လက်ကျဆင်းနိုင်ကြောင်း Wells Fargo Securities…
ဗြိတိန်ရေနံကုမ္ပဏီကြီး BP သည် ဂျပန်ကမ်းရိုးတန်းတလျှောက်ရှိ ကမ်းလွန်နေရာများတွင် လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ကိုင်ရန် ဂျပန် conglomerate အဆင့် စီးပွားရေးလုပ်ငန်းကြီး Marubeni နှင့် ရေရှည်လက်တွဲသွားရန်သဘောတူညီခဲ့သည်။ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့သော အဆိုပါလေအားလျှပ်စစ်စီမံကိန်းအတွင် BP သည် လုပ်ငန်း၏ ၄၉% ကို ဝယ်ယူခဲ့ပြီး စီမံကိန်း၏ အရွယ်အစားနှင့်ပတ်သက်၍ အသေးစိတ်ကိုမူ မသိရသေးချေ။…
ဂျပန်သည် ရုရှားသို့ ဇိမ်ခံကားတင်ပို့ခြင်းအား အစောဆုံး လာမည့်အပတ်မှစတင်၍ ရပ်ဆိုင်းကြောင်း Kyodo သတင်းအေဂျင်စီက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဂျပန် ကားထုတ်လုပ်သူ Toyota Motor Corp နှင့် Mazda Motor Corp တို့က ရုရှားတွင် လည်ပတ်နေသော စက်ရုံများကို ရပ်နားထားပြီး ရုရှားနိုင်ငံအတွင်းသို့…
ဂျပန် ထိပ်သီး ကုမ္ပဏီကြီးနှစ်ခုဖြစ်သော Sony နှင့် Honda တို့သည် လျှပ်စစ်ကား ထုတ်လုပ်ရေးအတွက် အကျိုးတူ ပူးပေါင်းသွားမည့် အကြောင်း ပြီးခဲ့သည့် သောကြာနေ့က တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခု အကျိုးတူပူပေါင်းမှု အရ လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီအသစ်တစ်ခုကို လာမည့်နှစ်တွင် ပူးတွဲ တည်ထောင်သွားမည်ဖြစ်ပြီး ၂၀၂၅…
စွမ်းအင်ဆိုင်ရာစရိတ်များမြင့်တက်လာမှု၊ ကမ္ဘာတဝှမ်းကုန်စည်စီးဆင်းမှုအခက်အခဲများကြား ထုတ်လုပ်သူများရုန်းကန်နေရမှုနှင့် ကားတင်ပို့မှုလျော့ကျခြင်းတို့ကြောင့် ဂျပန်နိုင်ငံသည် ဇန်နဝါရီလတွင် ၈ နှစ်အတွင်း ကုန်သွယ်ရေးလိုငွေပြမှုအမြင့်ဆုံးသို့ရောက်ရှိခဲ့သည်။ ဇန်နဝါရီလတွင် တင်သွင်းကုန်ပမာဏ ၃၉.၆% မြင့်တက်လာပြီး တန်ဖိုးအားဖြင့် ယန်း ၈.၅၂၃၁ ထရီလျံ (ဒေါ်လာ ၇၃.၈၁ ဘီလျံ) ရှိခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ပို့ကုန်ပမာဏမှာ…
ဂျပန်မှ တင်သွင်းလာသော သံမဏိများကို အကောက်ခွန် စည်းကြပ်ရန် သမ္မတ ထရမ့်လက်ထက်က ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ သမ္မတ ဘိုင်ဒန်သည် အဆိုပါ အကြပ်အတည်းကို ပြန်လည် ဖြေလျှော့ခြင်းအားဖြင့် ပယ်ဖျက်ပေးလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။ ယခု ဆုံးဖြတ်ချက်အရ ဂျပန်နိုင်ငံသည် ဧပြီလမှ စတင်၍ အမေရိကန်သို့…
တိုယိုတာမော်တာသည် လာမည့် ဧပြီလတွင် စတင်မည့် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် စံချိန်တင်ကားအစီးရေ ၁၁ သန်းထုတ်လုပ်သွားမည်ဟု ဂျပန်နိကေးက ဖေါ်ပြခဲ့သည်။ ယခုရည်မှန်းချက်ကြောင့် COVID-19 ကပ်ဘေးအတွင်းမှ ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် ပြန်လည်ရုန်းထနိုင်ခဲ့သည်ကို ပြနေသည်ဟုဆိုသည်။ ကုမ္ပဏီက၎င်းတို့ရည်ရွယ်ချက်ကို ထုတ်ဖေါ်ခဲ့ခြင်းမှာ အဓိကအစိတ်အပိုင်းများကို တိုယိုတာသို့ တင်သွင်းနေသည့်ကုမ္ပဏီများအတွက် ထုတ်လုပ်ရေးအစီအစဉ်များကို ကြိုတင်တွက်ဆနိုင်ရန်လည်းဖြစ်သည်။ လက်ရှိဘဏ္ဍာရေးနှစ်တွင်…