food

0
More

တိုင်ဖွန်းနှင့် ယူကရိန်း စစ်ပွဲ၏ ရိုက်ခတ်မှုများကြောင့် ဖိလစ်ပိုင်တွင် စားနပ်ရိက္ခာပြတ်လပ်မှု ကြုံနိုင်

  • December 28, 2022

တစ်နာရီလျှင် မိုင်၁၅၀ လေတိုက်နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်သွားခဲ့သည့် တိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် စပါးခင်းထဲတွင် ဖိလစ်ပိုင် လယ်သမားတစ်ဦးဖြစ်သူ ဖိလစ် ပန်ဂီဘီတန်သည် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်ညည်းတွားနေသော ဗီဒီယိုသည် ဖိလစ်ပိုင်ရှိ အင်တာနက် အသုံးပြုသူများ အကြားတွင် အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားခဲ့သည်။ “အားလုံးကပျက်စီးသွားခဲ့ပြီ။ လယ်သမားဖြစ်ရတာ ခက်ခဲလွန်းပါတယ်” ဟု ညည်းတွားနေခဲ့သော ဖိလစ်၏...

0
More

ဗြိတိန်တွင် ကြက်ဥရှားပါးပြီး ဈေးမြင့်တက်နေသောကြောင့် ခွဲတမ်းစနစ်ဖြင့် ရောင်းချ

  • December 20, 2022

ဗြိတိန်တွင် အဓိက အခြေခံ စားသောက်ကုန်တစ်ခုဖြစ်သော ကြက်ဥများ ဈေးကွက်အတွင်း ပြတ်လပ်နေပြီး ဈေးနှုန်းများလည်း ကြီးမြင့်နေသည့်အတွက် Tesco နှင့် Asda ကဲ့သို့ စူပါမားကတ်ကြီးများတွင် လူတစ်ဦးလျှင် အရေအတွက်သတ်မှတ်၍ ခွဲတမ်းဖြင့်သာ ရောင်းချပေးနေကြောင်း သိရသည်။ မကြာမီက ဥရောပနှင့် အမေရိကတွင် ဖြစ်ပွားခဲ့သော ကြက်ငှက်တုပ်ကွေး ပျံ့နှံမှုကြောင့် ယခုကဲ့သို့...

0
More

အသားစားကြက်တင်ပို့မှ ပိတ်ပင်ထားခြင်းကို ပဏာမ ဖြေလျှော့မည့် မလေးရှား

  • October 11, 2022

နိုင်ငံအတွင်းရှိ အသားစားကြက်များကို ခွဲတမ်းဖြင့် ပြန်လည်တင်ပို့ခြင်းအား ပြန်လည် ခွင့်ပြုတော့မည်ဖြစ်ကြောင်း မလေးရှား စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာ ဝန်ကြီးက ယနေ့ အင်္ဂါနေ့တွင် အတည်ပြုသွားခဲ့သည်။ လက်ရှိ တင်ပို့ခွင့်ပြုမည့် အသားစားကြက် အကောင်ရေမှာ ၁.၈ သန်းဖြစ်ပြီး ယခင်ပိတ်ပင်ထားသည့် ပမာဏဖြစ်သော ၃.၆ သန်း၏ တစ်ဝက်တိတိဖြစ်သည်။ မလေးရှားသည် ယခုနှစ် အစောပိုင်းတွင်...

0
More

အပူလှိုင်းဒဏ်ကြုံပြီးနောက် သံလွင်ဆီဈေး ၂၅% မြင့်တက်ဖွယ်ရှိ

  • August 10, 2022

ပုံမှန်အားဖြင့် သံလွင်ပင်များသည် အပူဒဏ်နှင့် ခြောက်သွေ့သောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော သန်မာသည့်မျိုးများဖြစ်သော်လည်း ယခုနှစ်အတွင်းကြုံခဲ့ရသည့် အပူလှိုင်းဒဏ်က ခံနိုင်ရည်ကိုကျော်လွန်ခဲ့သည်။ မြေထဲလွင်ပြင်ဒေသနိုင်ငံများ အဆိုပါ အပူလှိုင်းဒဏ်ကို ခံခဲ့ရပြီး ယင်းတို့ထဲတွင် ဂရိ၊ စပိန်၊ အီတလီနှင့် ပေါ်တူဂီတို့လည်း ပါဝင်ခဲ့သည်။ စပိန်တောင်ပိုင်း၊ အန်ဒါလူရှန်းရှိ လယ်သမားတဦးက Euronews သို့ ပြောကြားရာတွင် “ရေမရှိတာက...

0
More

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် အိန္ဒိယ၏ နေကြာဆီတင်သွင်းမှု ၂၃ ရာခိုင်နှုန်း ကျဆင်း

  • July 27, 2022

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ယခုနှစ် ဖေဖော်ဝါရီမှ ဇွန်လအတွင်း အိန္ဒိယနိုင်ငံ၏ နေကြာဆီတင်သွင်းနိုင်မှုမှာ ၂၃ ရာခိုင်နှုန်းကျဆင်းခဲ့ရပြီး တန်ချိန်အားဖြင့် တန်ချိန် ၅.၇ သိန်း သာတင်သွင်းနိုင်ခဲ့ကြောင်း အိန္ဒိယပါလီမန်တွင် တင်ပြချက်အရသိရသည်။ ပါလီမန်တွင် အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီး နာရန်ဒါဆင်း တိုမာက ယခုနှစ် ဖေဖော်ဝါရီ ၂၁မှ ဇွန်လ ၃၀...

0
More

ဖိလစ်ပိုင် ငှက်ပျောသီးများ ဈေးတက်တော့မည်ဖြစ်ကြောင်း ဂျပန်ဈေးကွက်သို့ အသိပေး

  • July 3, 2022

ဂျပန်သည် ဖိလစ်ပိုင်ငှက်ပျောသီးများ၏ အဓိက ဈေးကွက်ကြီးဖြစ်ပြီး ယခုအခါ ဖိလစ်ပိုင်သည် ၎င်းတို့၏ အဓိက စားသုံးသူများထံ အရေးကြီးသော ခြေလှမ်းသစ်အဖြစ် ဈေးနှုန်း တိုးမြှင့်မှုကို လက်ခံပေးရန် တောင်းဆို အသိပေးလိုက်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ထုတ်လုပ်မှု ကုန်ကျစရိတ်များနှင့် သယ်ယူပို့ဆောင်ခနှုန်းထားများ မြင့်တက်လျက်ရှိရာ ယခင်အတိုင်း ငှက်ပျောသီးများကို တင်ပို့နိုင်ရန်အတွက် ယခုကဲ့သို့...

0
More

တရုတ်တွင် ဂျုံဈေး စံချိန်တင်မြင့်တက်သဖြင့် ခေါက်ဆွဲနှင့် ပေါင်မုန့်များ ဈေးတက်ဖွယ်ရှိ

  • June 3, 2022

ဂျုံစားသုံးမှု အများဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သော တရုတ်နိုင်ငံတွင် ဂျုံဈေးများ မြင့်တက်နေသဖြင့် စားသုံးသူများသည် ခေါက်ဆွဲ၊ ပေါင်မုန့်၊ ကိတ်မုန့် အစရှိသည်များ ဈေးတက်သည်ကို ကြုံတွေ့ရတော့မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက သတိပေးထားသည်။ လက်ရှိအချိန်တွင် တရုတ်ပြည်မအတွင်း ဂျုံဝယ်လိုအားမှာ ပုံမှန်အတိုင်း ရှိနေသော်လည်း ပြီးခဲ့သည့်အပတ်၌ နိုင်ငံအတွင်း ရိတ်သိမ်းခဲ့သော ဂျုံကြမ်းများ၏ ဈေးနှုန်းမှာ...

0
More

မလေးရှား ကြက်သား တင်ပို့မှု ပိတ်ပင်ခြင်းနှင့် နောက်ဆက်တွဲ ရိုက်ခတ်မှုများ

  • May 26, 2022

ပြည်တွင်း စားသောက်ကုန်ဈေးနှုန်းများ တက်နေခြင်းနှင့် ကြက်သား မလုံလောက်ခြင်းများကို ဖြေရှင်းရန်အတွက် ကြက်သားတင်ပို့မှုများကို ယာယီပိတ်ပင်လိုက်ကြောင်း မလေးရှား အစိုးရက ကြေငြာလိုက်ချိန်တွင် အိမ်နီးချင်း စင်္ကကာပူသည် ထိပ်ဆုံးမှ မျက်ခုံးလှုပ်ရသူဖြစ်သည်။ များမကြာသေးမီက အိန္ဒိယသည် ဂျုံတင်ပို့မှုကို ရပ်ဆိုင်းကြောင်း ကြေငြာခြင်း၊ အင်ဒိုနီးရှားက ပြည်တွင်း ဈေးနှုန်းကို ထိန်းချုပ်ရန် ဆီအုန်းတင်ပို့မှုကို ကန့်သတ်ခြင်းများ...

0
More

ယူကရိန်းဆိပ်ကမ်းများကို ရုရှားက ဆက်လက်ပိတ်ဆို့နေပါက လူသန်းပေါင်းများစွာ အငတ်ဘေးသင့်နိုင်

  • May 14, 2022

အဆိုပါ သတိပေး စကားကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး၏ အကြီးအကဲဖြစ်သူ ဒေးဗစ် ဘီစလေက ပြောကြားခဲ့ခြင်းဖြစ်ပြီး သမ္မတပူတင်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အငတ်ဘေးသင့်မှုကြီးကို မမြင်ချင်လျှင် ပင်လယ်နက်ဧရိယာရှိ ယူကရိန်းဆိပ်ကမ်းများကို ပြန်ဖွင့်ပေးရန် လိုကြောင်း တောင်းဆိုခဲ့သည်။ မစ္စတာ ဘီစလေသည် စီအန်အန် သတင်းဌာနှင့် ပြုလုပ်သည့် ကွန်ဖရင့်တွင် အဆိုပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး...

0
More

အိန္ဒိယ ဂျုံရိတ်သိမ်းရာသီတွင် အပူလှိုင်းဖြတ်နေသဖြင့် တောင်သူများ အခက်တွေ့

  • April 27, 2022

ယခုကာလသည် အိန္ဒိယတွင် ဂျုံရိတ်သိမ်းသည့် ရာသီဖြစ်သော်လည်း နိုင်ငံတဝှမ်းတွင် စံချိန်တင် အပူချိန်မြင့်တက်ကာ အပူလှိုင်းများဖြတ်နေသဖြင့် တောင်သူများ အခက်တွေ့လျက်ရှိပြီး ဂျုံအထွက်နှုန်း ထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြသည်။ အထူးသဖြင့် နိုင်ငံ၏ ဂျုံအိတ်ကြီးများအဖြစ် တင်စားထားသော အိန္ဒိယအလယ်ပိုင်း ဒေသနှင့် မြောက်ပိုင်းဒေသတို့တွင် အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေခြင်းက ဂျုံရိတ်သိမ်းမှုကို ထိခိုက်စေပြီး...