Pique your curiosity
တောင်ကိုးရီးယားလုပ်ငန်း ဟွန်ဒိုင်းမော်တာ (Hyundai Motor Group) သည် အမေရိကန်ပြည်ထောင်စုတွင် လာမည့် ၂၀၂၅ အမီ ဒေါ်လာ ၅ ဘီလျံ ထပ်မံရင်းနှီးမြှုပ်နှံသွားမည်ဟု တနင်္ဂနွေနေ့ (ယနေ့) တွင် ကြေညာခဲ့သည်။ ယခုကြေညာချက်သည် ဆိုးလ်မြို့သို့ ကန်သမ္မတဘိုင်ဒင် အလည်အပတ်ရောက်ရှိပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ဟွန်ဒိုင်းအုပ်စုအနေဖြင့် စက်ရုပ်နည်းပညာ၊…
လျှပ်စစ်ကား Tesla သည် ၎င်းတို့ကားများ၏ ဖျော်ဖြေရေးစနစ်တွင်ပါဝင်သော ထိတွေ့မျက်နှာပြင် – Touchscreen မှာ အားသွင်းရာ၌ အပူလွန်ကဲ၍ အလုပ်မလုပ်တော့ခြင်း သို့မဟုတ် screen တခုလုံး မည်သည့်အရာမျှမပေါ်တော့ခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကားအစီးရေ ၁၃၀,၀၀၀ အား ပြန်လည်သိမ်းယူနေသည်။ ကုမ္ပဏီက ဖြစ်ပေါ်နိုင်သော ထိုပြဿနာကို ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ပြီး…
ဘရာဇီးသတ္ထုတူးဖေါ်ရေးလုပ်ငန်းကြီး Vale သည် အမေရိကန်လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း Tesla အတွက် လိုအပ်သော နီကယ်သတ္ထုများကို ပံ့ပိုးနိုင်ရန် ကာလရှည်စာချုပ်ချုပ်ဆိုလိုက်သည်ဟု သောကြာနေ့က ကြေညာခဲ့သည်။ ယခုသဘောတူညီချက်တွင် Vale ၏ ကနေဒါနိုင်ငံရှိ ထုတ်လုပ်ရေးလုပ်ငန်းခွင်များမှ နီကယ်များကို Tesla သို့ တင်သွင်းထောက်ပံ့သွားမည်ဖြစ်သည်။ ဘရာဇီးကုမ္ပဏီသည် စာချုပ်ပါ ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့်…
ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်း Nissan Motor က လာမည့် ၃ နှစ်အတွင်း မက္ကစီကို၊ အာဝါစကေလီယန်တေး ပြည်နယ်ရှိ စက်ရုံ၏ အဆင့်မြှင့်တင်ရေးလုပ်ငန်းများနှင့် အလိုလျောက်စနစ်များအတွက် ဒေါ်လာ သန်း ၇၀၀ ကို ရင်းနှီးမြှုပ်နှံသွားမည်ဟု ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ Nissan Americas အမေရိကတိုက်ရှိလုပ်ငန်းခွဲများ၏ ဥက္ကဌ ဂျရီမီပါပင်…
ဘိုင်ဒန်အစိုးရသည် လျှပ်စစ်ကား (electric vehicle) ဘက်ထရီ ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ချထားပေးမည်ဟု တနင်္လာနေ့ကကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ်က သမ္မတဂျိုးဘိုင်ဒန်လက်မှတ်ထိုးပေးခဲ့သည့် ဒေါ်လာ ၁ ထရီလီယံထဲကထုတ်ပေးမည့် ထိုရန်ပုံငွေကို စွမ်းအင်ဝန်ကြီးဌာနက ချပေးမည်ဖြစ်သည်။ ဘိုင်ဒန်က ၂၀၃၀ တွင် အမေရိကန်၌ လျှပ်စစ်ကားထက်ဝက်ရောင်းထွက်လိုနေပြီး အဓိကသူ၏ရည်မှန်းချက်မှာ…
အမေရိကန်ကားထုတ်လုပ်ရေးလုပ်ငန်း ဂျန်နရယ်မော်တာ (General Motors) ၏ လျှပ်စစ်စွမ်းအင်သုံး ချယ်ဗလေ – Chevrolet Silverado အား ကြိုတင်မှာယူထားသည့် အစီးရေ အရေအတွက် ၁၄၀,၀၀၀ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း အမှုဆောင်ချုပ် မေရီဘာရာ (Mary Barra) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကုမ္ပဏီ၏အကြီးအကဲသည်…
ဂျပန်ကားထုတ်လုပ်ရေး ဟွန်ဒါမော်တာသည် လာမည့် ဆယ်စုနှစ်အတွင်း လျှပ်စစ်ကားနှင့်ပတ်သက်သော သုတေသနအစီအစဉ်များအတွက် ဒေါ်လာ ၆၄ ဘီလျံသုံးစွဲသွားမည်ဟု ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ ကုမ္ပဏီသည် ၂၀၃၀ အမီ လျှပ်စစ်ကား မော်ဒယ် အမျိုးအစား ၃၀ ထုတ်လုပ်ရန်လည်း ရည်ရွယ်နေသည်။ ၂၀၃၀ အမီရည်မှန်းချက်တွင် ဟွန်ဒါက လျှပ်စစ်ကား အစီးရေ…
လက်ရှိတွင် လျှပ်စစ်ကားများ၏ ဘက်ထရီများအတွက် လစ်သီယမ်ထုတ်လုပ်မှု ၇၀% မှ ၈၀% ကို တရုတ်နိုင်ငံစက်ရုံများက ထုတ်လုပ်နေပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က လစ်သီယမ် ၁ တန်လျှင် ဒေါ်လာ ၁၇,၀၀၀ ရှိခဲ့ရာမှ ၂၀၂၂ တွင် ဒေါ်လာ ၇၈,၀၀၀ အထိ ၄၈၀%…
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါအခြေစိုက် ကားအငှားလုပ်ငန်း Hertz အတွက် လျှပ်စစ်ကားထုတ်လုပ်ရေးတွင်အရှိန်ရလာသော ဆွီဒင်ကားကုမ္ပဏီ Volvo လက်အောက်ရှိ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း Polestar က လာမည့် ၅ နှစ်အတွင်း လျှပ်စစ်ကားအစီးရေ ၆၅,၀၀၀ ပံ့ပိုးသွားရန် ကုမ္ပဏီ ၂ ခုအကြားသဘောတူစာချုပ်ချုပ်ဆိုခဲ့သည်ဟု တနင်္လာနေ့က ကြေညာခဲ့သည်။ Hertz သည်…
တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာပေါ်ရှိအခြားနိုင်ငံအားလုံးကိုကျော်လွန်၍ လျှပ်စစ်ကားတင်ပို့မှုတွင် အစီးရေ ၅၀၀,၀၀၀ သိန်းဖြင့် ထိပ်ဆုံးမှဦးဆောင်ခဲ့သည်။ ဈေးအရ သက်သာ၍ ယှဉ်ပြိုင်နိုင်မှုမြင့်မားသည့် ကားထုတ်လုပ်ရေးလုပ်ငန်းများကြောင့် ဥရောပနှင့် အရှေ့တောင်အာရှဈေးကွက်များသို့ လျှပ်စစ်ကားအရောင်းများမြင့်တက်ခဲ့သည်ဟု နိကေးသတင်းစာကဖေါ်ပြခဲ့သည်။ တရုတ်အခွန်စီးကြပ်ဌာနကထုတ်ပြန်သည့် အချက်အလက်အတိအကျအတိုင်းဖေါ်ပြပါက ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာအရပ်ရပ်သို့တင်ပို့ခဲ့သည့် လျှပ်စစ်ကားအရေအတွက်မှာ ၂.၆ ဆ မြင့်တက်ခဲ့ပြီး…