covid impact

0
More

နိုဝင်ဘာတွင် ကိုဗစ်ကြောင့် တရုတ်ရှိ Apple ၏ စက်ရုံများမှ ထုတ်လုပ်မှု ၃၀ရာခိုင်နှုန်းလျှော့နည်းဖွယ်ရှိ

  • November 1, 2022

ကမ္ဘာ့အကြီးဆုံး စက်ရုံများတွင် တစ်ခုအပါအဝင်ဖြစ်သော တရုတ်ရှိ Apple ၏ iPhone ထုတ်လုပ်သည့် စက်ရုံကြီးသည် ယခုနိုဝင်ဘာလတွင် တရုတ်အစိုးရ၏ ကိုဗစ်ကာကွယ်ရေး စည်းကမ်းတင်းကြပ်မှုများကြောင့် ထုတ်လုပ်မှု ၃၀ ရာခိုင်နှုန်း လျှော့ကျဖွယ်ရှိကြောင့် သတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါ စက်ရုံကြီးကို Foxconn ကုမ္ပဏီက ဦးစီးလည်ပတ်နေခြင်းဖြစ်ပြီး ယခုအခါ ထုတ်လုပ်မှု...

0
More

US တွင် သွေးထိန်းတောင့်နှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများ ပြတ်လပ်မှုဖြစ်ပွား

  • June 19, 2022

အမေရိကန်တွင် ပြီးခဲ့သည့် လပိုင်းများက စတိုးဆိုင်နှင့် ဆူပါမားကတ်ကြီးများ၌ အမျိုးသမီးလစဉ်သုံး ပစ္စည်းများ ရောင်းချသော စင်များတွင် ပစ္စည်းများ ပြတ်လပ်၍ နေရာလွတ်များ ဖြစ်နေခြင်း၊ အချို့သူများမှာ ၎င်းတို့ သုံးနေကြ တံဆိပ်များ လွယ်လွယ်ဝယ်မရခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ သည့်နောက်တွင်တော့ Time မဂ္ဂဇင်းက “ ၂၀၂၂ ခုနှစ် သွေးထိန်းတောင့်...

0
More

ဗြိတိန်တွင် လေကြောင်းပို့ဆောင်ရေး ဝန်ထမ်းများ အရေးတကြီးလိုအပ်

  • June 14, 2022

ဗြိတိန်တွင် လွန်ခဲ့သည့် ရက်သတ္တပတ်က ဘုရင်မကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အားလပ်ရက်များ ရှိလေရာ ပြည်သူအများအပြား ခရီးသွားရန် ပြင်ဆင်ခဲ့ကြသော်လည်း လေကြောင်း ခရီးစဉ်များစွာ ဖျက်သိမ်းမှု၊ ရွေ့ဆိုင်းမှုများကြောင့် ခရီးသွားမည့်သူများ ကမောက်ကမဖြစ်ခဲ့ရသည်။ ထိုစဉ်က လေကြောင်းခရီးစဉ် ဖျက်သိမ်းမှုများ အပြင်၊ လေဆိပ်များတွင်လည်း ဝန်ထမ်း မလုံလောက်မှုများကြောင့် ထောင်နှင့်ချီသော ခရီးသွား ပြည်သူများသည်...

0
More

ဒေဝါလီခံရန် လျှောက်လွှာတင်ခဲ့သော Thai AirAsia X

  • June 1, 2022

ကိုဗစ်-၁၉ ကြောင့် နှစ်နှစ်နီးပါး လေကြောင်းခရီးစဉ် ပြေးဆွဲခြင်းကို ရပ်နားခဲ့ရပြီးနောက် Thai AirAsia X သည် ဒေဝါလီခံရန် တရားရုံးသို့ လျှောက်လွှာတင်ခဲ့ခြင်းဖြစ်ပြီး တရားရုံးမှလည်း လက်ခံအတည်ပြုခဲ့ကြောင်း သိရသည်။ AirAsia လေကြောင်းလိုင်း၏ လက်အောက်ခံ ဘတ်ဂျတ်လေကြောင်းလိုင်းဖြစ်၍ ထိုင်းနိုင်ငံတွင် အဓိကလည်ပတ်သော Thai AirAsia X သည်...

0
More

ဇီးရိုးကိုဗစ် ပေါ်လစီအတွက် ပေးဆပ်ခဲ့ရသည့် တရုတ်ပြည် စီးပွားရေး

  • March 18, 2022

လက်ရှိကမ္ဘာ့စီးပွားရေး ကဏ္ဍသည် ငွေကြေးဖောင်းပွမှုများ၊ ရုရှား-ယူကရိန်း ပဋိပက္ခများကြောင့် အကြပ်အတည်းတွေ့နေစဉ်မှာပင် တရုတ်ပြည်တွင်း၌ ပြန်လည် ပျံ့ပွားလာသော ကိုဗစ်လှိုင်းကြောင့် ကမ္ဘာ့ထုတ်ကုန်စီးဆင်းမှုသည် ထပ်မံထိုးနှက်ချက်တစ်ခုဖြင့် ရင်ဆိုင်နေရပြီဖြစ်သည်။ တရုတ်ပြည်ရှိ ရှန်ကျန်းမြို့သည် လူဦးရေ ၁၇.၅ သန်းမှီတင်းနေထိုင်သည့် စက်မှုမြို့တော်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့လျက်ရှိသော အွန်လိုင်းရှော့များရှိ ပစ္စည်းတစ်ဝက်ခန့်သည် အဆိုပါ စက်မှုမြို့တော်မှ ထုတ်လုပ်ခြင်းဖြစ်ပြီး...

0
More

ကိုဗစ်-ဇီးရိုး ပေါ်လစီကြောင့် Supply Chain အကြပ်အတည်းနှင့် ဟောင်ကောင် ကြုံတွေ့နေရ

  • January 11, 2022

အိုမီခရွန် စတင်ပြန့်ပွားသည့် နိုင်ငံများတွင် အပါအဝင်ဖြစ်ခဲ့သည့် ဟောင်ကောင်သည် ယခုအခါ တင်းကြပ်သည့် ကိုဗစ်စည်းကမ်းများ ချမှတ်ထားခြင်းကြောင့် နာလန်ထစပြုနေသည့် စီးပွားရေး ရေချိန်သည် စိုးရိမ်ရေမှတ်သို့ ပြန်လည် ဆင်းသက်နေပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကုန်ကာနီးတွင် ပြန်လည်ဖြေလျှော့ကာ ဖွင့်လှစ်ခွင့်ရရှိခဲ့သည့် ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များ အားလုံးနီးပါး ပြန်လည်ပိတ်သိမ်းထားရပြီး လေကြောင်းလိုင်း ကန့်သတ်ချက်များ ချမှတ်ခဲ့ခြင်းကြောင့်...

0
More

တရုတ်၏ Zero Covid ပေါ်လစီသည် ကုန်သွယ်ရေးကို ထိခိုက်စေကြောင်း ဗီယက်နမ်ဝေဖန်

  • January 3, 2022

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗီယက်နမ်နှင့် ထိစပ်နေသည့် တရုတ်နိုင်ငံ၏ ဂေါင်ရှီပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှု တွေ့ရှိခဲ့ပြီးနောက် Zero Covid ပေါ်လစီအရ နိုင်ငံအဝင်အထွက်များကို တရုတ်ဘက်မှ တင်းကြပ်လိုက်ရာ ဗီယက်နမ် ကုန်သွယ်ရေး ဝန်ကြီးဌာနက ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ် အစိုးရပိုင် VNA သတင်းဌာနမှ ထုတ်လွှင့်ချက်အရ ထောင်နှင့်ချီသော ဗီယက်နမ်...

0
More

ကိုဗစ်နှင့် ကုန်သွယ်ရေး အကြပ်အတည်းကြောင့် ဒေါ်လာ ၁ဘီလီယံခန့် ဆုံးရှုံးဖွယ်ရှိသည့် Adidas

  • November 10, 2021

ဂျာမန် အားကစားပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Adidas သည် ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဒယ်လ်တာမျိုးကွဲ ပျံ့နှံ့မှုနှင့် လက်ရှိဖြစ်ပေါ်နေသည့် ကုန်သွယ်ရေး လမ်းကြောင်း အကြပ်အတည်းကြောင့် ဒေါ်လာ ၁.၂ ဘီလီယံခန့် ဆုံးရှုံးဖွယ်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ဒယ်လ်တာ ပျံ့နှံ့မှုကာလအတွင်း ဗီယက်နမ်ရှိ ထုတ်လုပ်မှုလုပ်ငန်းများ ရပ်ဆိုင်းရခြင်းနှင့် လက်ရှိ ရင်ဆိုင်နေရသည့်...

0
More

ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းတို့တွင် လုပ်သား မလုံလောက်မှု ပြဿနာ တွေ့ကြုံ

  • October 17, 2021

ကုန်ထုတ်လုပ်ငန်း အမြောက်အများတည်ရှိရာ အာဆီယံ နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ဒယ်လ်တာမျိုးကွဲ၏ ရိုက်ခတ်မှုများကြောင့် လုပ်သားရှားပါးမှု ပြဿနာ ကြုံတွေ့နေရကြောင်း သိရသည်။ မကြာမီ ဥရောပနှင့် အမေရိကတို့တွင် နှစ်သစ်ကူးနှင့် အားလပ်ရက် ရာသီရောက်ရှိတော့မည်ဖြစ်ရာ လူသုံးကုန်ပစ္စည်းများ စတင်အဝယ်လိုက်လျက်ရှိပြီး ယခုကဲ့သို့ လုပ်သားပြဿနာကြောင့် ခရစ်စမတ်အမီ ကုန်ပစ္စည်းများ ထုတ်နိုင်ပါမည်လားဆိုသည်ကို...

0
More

ဥယျာဉ်အသေးစားလေးများအဖြစ် ပြောင်းလဲသွားကြသော ထိုင်းရှိ တက္ကစီကားများ

  • October 1, 2021

ပုံမှန်အချိန်တွင် ကမ္ဘာလှည့်ခရီးသွားများဖြင့် ပြည့်နှက်နေလေ့ရှိသည် ဘန်ကောက်မြို့သည် ယမန်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှ စတင်၍ ကိုဗစ် ကန့်သတ်ချက်များကြောင့် အသွားအလာများ ရပ်တန့်ကာ မြို့တော်တွင်းရှိ တက္ကစီ ကုမ္ပဏီများနှင့် ယာဉ်မောင်းများလည်း အလုပ်အကိုင်ရှားပါးမှုနှင့် ကြုံတွေ့ခဲ့ရတော့သည်။ ယင်းတို့ထဲတွင် ရတ်ချာပရတ် (Ratchapruek) တက္ကစီကုမ္ပဏီလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ရာနှင့်ချီသော ၎င်းတို့...