အမေရိကန်တွင် ရုပ်ရှင်ရုံများပြန်ဖွင့်ပေးလိုက်သော်လည်း ရုပ်ရှင်လာကြည့်သူရှိမရှိ မသေချာ
AMC, Regal, Cinemark နှင့် Marcus Corp စသည့် အမေရိကန်ရှိ ရုပ်ရှင်ရုံကြီးများသည် ကိုရိုးနားဗိုင်းရပ်စ်ကြောင့် ၅ လကျော် လအတော်ကြာ ပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့်သောကြာနေ့မှစ၍ ရုပ်ရှင်ရုံတံခါးများအား ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ သို့သော် လိုက်နာရမည့်စည်းကမ်းချက်အသစ်များဖြင့် ရုပ်ရှင်အသစ်များပြသနေပြီဖြစ်သော်လည်း ရုပ်ရှင်ကြည့် ပရိတ်သတ်များက ရုပ်ရှင်ရုံသို့လာကြည့်မည်လားဆိုသည်မှာ မသေချာပေ။ “ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခွင့်ပေးလိုက်တဲ့...