Pique your curiosity
ကိုဗစ်ကြောင့် တရုတ်၏ စီးပွားရေး မြို့တော်ကြီးအချို့ lock-down ချခံခဲ့ရပြီး နိုင်ငံ၏ စီးပွားရေးကို အနည်းနှင့်အများ ထိခိုက်ခဲ့သော်လည်း အိမ်တွင်းအောင်းနေရသည့် တရုတ်ပြည်သူများမှာ အွန်လိုင်းရှော့မှ ပုံမှန်အတိုင်း ဆက်လက်ဝယ်ယူနေကြသဖြင့် ရောင်းအားမှာ မျှော်လင့်သည်ထက် တိုးတက်ခဲ့ကြောင်း Alibaba က ထုတ်ပြန်ခဲ့သည်။ Alibaba ၏ ဝင်ငွေသည် ပြီးခဲ့သည့်နှစ်နှင့်…
တရုတ်နိုင်ငံ၏ တကျော့ပြန်ကိုဗစ်ကူးစက်မှုများကြောင့် နယ်စပ်ဖြတ်ကျော်ပြည်ပခရီးသွားခြင်းများအား စည်းမျဉ်းကန့်သတ်ချက်များ တင်းကြပ်မှုရှိနေသော်လည်း စင်ကာပူနိုင်ငံ၏ လေကြောင်းခရီးသွားကဏ္ဍမှာ ကပ်ဘေးမတိုင်မီအခြေအနေ၏ ၄၀% ဝန်းကျင်သို့ ပြန်လည် တိုးတက်လာနေသည်ဟု ပို့ဆောင်ရေးဝန်ကြီး အက်စ် အီစဝါရန် (S. Iswaran) က ဆိုသည်။ ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံသား ၃.၆ သန်းခန့် စင်ကာပူနိုင်ငံသို့…
တရုတ်စွန့်ဦးတီထွင် လုပ်ငန်းတစ်ခုဖြစ်သော Luckin coffee သည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က စာရင်းလိမ်လည်မှုများရှိသည်ဟုဆိုကာ ဝေါစထိမှ ကန်ထုတ်ခံခဲ့ရပြီးနောက် ယခုအခါ တရုတ်တွင် လုပ်ငန်းများ ပြန်လည် ကြီးထွားလည်ပတ်နေပြီဖြစ်ပြီး Starbuck ထက်ပင် ဆိုင်ခွဲများ ပိုမိုများပြားနေပြီဟု သိရသည်။ Luckin coffee သည် ပြီးခဲသည့် အင်္ဂါနေ့က…
COVID-19 ကန့်သတ်ထိန်းချုပ်မှုများ ဖြေလျှော့ပေးလိုက်သော်လည်း အိမ်ခြံမြေအရောင်းအဝယ် ဆက်လက်အေးစက်နေပြီး ရင်းနှီးမြှုပ်နှံမှုများကျဆင်းနေသောကြောင့် တရုတ်အိမ်ခြံမြေဈေးကွက်မှာ ၂၀၂၂ ခုနှစ်တွင် ပိုမိုဆိုးရွားလာဖို့သာရှိနေသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးမဏ္ဍိုင်ကြီးဖြစ်သည့် တရုတ်အိမ်ခြံမြေဈေးကွက်သည် ယမန်နှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အလွန်အကျွံ ချေးငွေရယူမှုကို အစိုးရက ဖိနိုပ်လိုက်သောကြောင့် အားပျော့သွားခဲ့သည်။ ယခုနှစ်အစပိုင်းမှစ၍ မြို့ပေါင်း ၁၀၀ ကျော်တို့က အပေါင်ခံနှုန်းထားများလျှော့ချပေးခြင်း၊ လက်ငင်းငွေချေမှု…
နိုင်ငံရေးအခြေအနေတွေကြောင့် ငွေဖောင်းပွမှုနှုန်းပိုမိုဆိုရွားလာတာကြောင့် OPEC ကိုရေနံပိုမိုထုတ်လုပ်ပေးဖို့ တောင်းဆိုနေချိန်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ် ကုန်သွယ်မှုအပေါ် အခွန်အခ ကြီးကြီးမားမားလျှော့ချပေးဖို့ စဉ်းစားနေတယ်လို့ ဆိုလိုက်ပါတယ်။ “ကျွန်တော် အဲဒီကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားနေပါတယ်။ အဲဒီအခွန်စည်းကြပ်မှုတွေဟာ ကျွန်တော်တို့ချမှတ်ခဲ့တာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့အစိုးရလက်ထက်က ချမှတ်ခဲ့တာတွေဖြစ်ပါတယ်” လို့ တရုတ်နိုင်ငံအပေါ် အခွန်စည်းကြပ်မှု လျှော့ချခြင်းနဲ့ ပတ်သက်လို့…
အိန္ဒိယအနေဖြင့် ၎င်းတို့နိုင်ငံတွင်း လည်ပတ်လျက်ရှိသော တရုတ်ကုမ္ပဏီများကို ဥပဒေနှင့် အညီ မျှမျှတတဆက်ဆံရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့် တနင်္လာနေ့က တောင်းဆိုခဲ့သည်။ အကြောင်းမှာ ပြီးခဲ့သည့် ဧပြီလအကုန်တွင် တရားမဝင်ငွေလွှဲပြောင်းမှုဖြင့် စွပ်စွဲထိန်းသိမ်းခံထားရသော တရုတ် မိုဘိုင်းဖုန်းကုမ္ပဏီ Xiaomi ၏ အကြီးပိုင်း တာဝန်ရှိသူများသည်…
ဟောင်ကောင်၏ ခေါင်းဆောင်သစ်အဖြစ် ဘေဂျင်းသစ္စာခံတစ်ဦးဖြစ်သည့် John Lee ကရွေးချယ်ခံခဲ့ရသည်။ Lee သည် ဟောင်ကောင်ထိပ်တန်းရာထူးအတွက် တစ်ဦးတည်းသောကိုယ်စားလှယ်လောင်းဖြစ်ပြီး ၁၄၁၆ မဲကျော်ဖြင့် အနိုင်ရရှိခဲ့သည်။ လက်ရှိအစိုးရက အနိုင်ရအစိုးရအသစ်ထံ ချော့မွေ့စွာကူးပြောင်းရေး လုပ်ဆောင်ပေးမည်ဖြစ်ပြီး လိုအပ်သောထောက်ပံ့မှုများ အားလုံးပေးအပ်သွားမည်ဟု ရာထူးမှဖယ်ပေးရတော့မည့် အမှုဆောင်အရာရှိ Carrie Lam ကတနင်္ဂနွေနေ့ကပြောကြားခဲ့သည်။ Lam…
တရုတ်ပြည်ရှိ ကားအရောင်းပြခန်းများသို့ အသွားအလာအကန့်အသတ်ရှိမှုများ၊ လူများ၏ အသုံးစရိတ်အပေါ်လျှော့ချမှုများကြောင့် ဧပြီလ ကားအရောင်းသည် ပြီးခဲ့သည့်နှစ်နှင့်ယှဉ်လျှင် ၄၈% လျော့ကျခဲ့သည်ဟု China’s Auto Association က တွက်ချက်ထုတ်ပြန်ခဲ့သည်။ ယခုခန့်မှန်းဖေါ်ပြချက်သည် ကမ္ဘာ့အကြီးဆုံးကားထုတ်လုပ်သည့်နိုင်ငံအတွက် ၂၀၂၀ ဖေဖေါ်ဝါရီ နောက်ပိုင်း အရောင်းကျဆင်းမှု အမြင့်ဆုံးအနေအထားလည်းဖြစ်လာသည်။ ၂၀၂၂ ၏ ပထမ…
တရုတ်နိုင်ငံသည် ကျောက်မီးသွေးတင်သွင်းမှု အမျိုးအစား အားလုံးအား အခွန်ကောက်ခံမှုကို သုည အထိ လျှော့ချလိုက်ခြင်းအား လာမည့် မေလ ၁ ရက်နေ့ မှ စတင်ကာ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ သတ်မှတ်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။ ကမ္ဘာတဝှမ်း ကုန်စည်ဈေးနှုန်းများမြင့်တက်နေခြင်းနှင့်…
တရုတ်နိုင်ငံ၏ ကျောက်မီးသွေးဝယ်လိုအား သိသိသာသာကျဆင်းလာမည့် အခြေအနေကြောင့် ဩစတေးလျရှိကျောက်မီးသွေးတူးဖေါ်သည့် ဒေသများအနေဖြင့် ဈေးကွက်ချဲ့ထွင်ရန် အရေးတကြီးပြင်ဆင်ရန်လိုအပ်ကြောင်း စွမ်းအင်ဆိုင်ရာ ဘောဂဗေဒပညာရှင်များက သတိပေးနေကြသည်။ တရုတ်နိုင်ငံသည် ပြည်တွင်းကျောက်မီးသွေးတူးဖေါ်ရေးလုပ်ငန်းများနှင့် မွန်ဂိုလီးယားရှိ ကျောက်မီးသွေးတွင်းများတွင် ရင်းနှီးမြှုပ်နှံနေသောကြောင့် လာမည့် ၂၀၂၅ အရောက်တွင် ဩစတေးလျမှ တရုတ်သို့ ကျောက်မီးသွေးတင်ပို့ရမှုမှာ ၂၀% လျော့ကျသွားနိုင်သည်ဟု အစီရင်ခံစာသစ်တခုတွင်…