Orio Economics

Pique your curiosity

Tag: Alibaba

  • Thumbnail for ကိုဗစ်ကြောင့် တရုတ်စီးပွားရေး ထိခိုက်သော်လည်း Alibaba မှာ ရောင်းအားတက်ခဲ့

    ကိုဗစ်ကြောင့် တရုတ်စီးပွားရေး ထိခိုက်သော်လည်း Alibaba မှာ ရောင်းအားတက်ခဲ့

    ကိုဗစ်ကြောင့် တရုတ်၏ စီးပွားရေး မြို့တော်ကြီးအချို့ lock-down ချခံခဲ့ရပြီး နိုင်ငံ၏ စီးပွားရေးကို အနည်းနှင့်အများ ထိခိုက်ခဲ့သော်လည်း အိမ်တွင်းအောင်းနေရသည့် တရုတ်ပြည်သူများမှာ အွန်လိုင်းရှော့မှ ပုံမှန်အတိုင်း ဆက်လက်ဝယ်ယူနေကြသဖြင့် ရောင်းအားမှာ မျှော်လင့်သည်ထက် တိုးတက်ခဲ့ကြောင်း Alibaba က ထုတ်ပြန်ခဲ့သည်။ Alibaba ၏ ဝင်ငွေသည် ပြီးခဲ့သည့်နှစ်နှင့်…

    View Recipe
  • Thumbnail for အရှေ့တောင်အာရှအွန်လိုင်းဈေးရောင်းခြင်းအတွက် Alibaba က ဒေါ်လာ ဘီလျံ ၁၀၀ ဖိုးရည်မှန်းထား

    အရှေ့တောင်အာရှအွန်လိုင်းဈေးရောင်းခြင်းအတွက် Alibaba က ဒေါ်လာ ဘီလျံ ၁၀၀ ဖိုးရည်မှန်းထား

    အလီဘာဘာ (Alibaba) ၏ အရှေ့တောင်အာရှ အွန်လိုင်းဈေးရောင်းပလက်ဖေါင်းဖြစ်သော စင်ကာပူအခြေစိုက် Lazada အား ပြည်ပဈေးကွက်များသို့ထိုးဖေါက်ရန် ရည်ရွယ်ထားသည့် ရည်မှန်းချက်များကို Alibaba Group Holding Ltd. က ထုတ်ဖေါ်ပြသခဲ့သည်။ ဂျက်မားပိုင်ဆိုင်သော တရုတ်အွန်လိုင်းလက်လီဈေးကွက်ဦးဆောင်သူ Alibaba သည် ၎င်းတို့၏ Lazada အား အရောင်းဝင်ငွေ…

    View Recipe
  • Thumbnail for သဘောတူအရောင်းအဝယ်ဟောင်း ၄၃ ခုမတင်ပြခဲ့သောကြောင့် တရုတ်နည်းပညာကုမ္ပဏီများအားဒဏ်ရိုက်

    သဘောတူအရောင်းအဝယ်ဟောင်း ၄၃ ခုမတင်ပြခဲ့သောကြောင့် တရုတ်နည်းပညာကုမ္ပဏီများအားဒဏ်ရိုက်

    Alibaba, Baidu နှင့် JD.com အပါအဝင် တရုတ်ထိပ်တန်းနည်းပညာကုမ္ပဏီကြီးများသည် အရောင်းအဝယ်ဖြစ်ခဲ့သည့် သဘောတူညီချက်ဟောင်း ၄၃ ခုတို့ကို အစိုးရထံတင်ပြရန် ပျက်ကွက်ခဲ့သဖြင့် ဈေးကွက်လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးကို ချိုးဖောက်သည်ဟုဆိုကာ ထိုနည်းပညာကုမ္ပဏီများကို ဒဏ်ရိုက်ခဲ့ကြောင်း စနေနေ့က ထုတ်ပြန်ကြေညာထားသည်။ တရုတ်၏ ၂၀၀၈ ဈေးကွက်လက်ဝါးကြီးအုပ်မှုဆိုင်ရာ ဥပဒေဖြင့် ထိုပြစ်မှုတွင်ပါဝင်သည့် လုပ်ငန်းကြီးများမှာ တရုတ်ယွမ်…

    View Recipe
  • Thumbnail for တရုတ်အစိုးရကိုပြင်းထန်စွာဝေဖန်ခဲ့ပြီးနောက်တနှစ်အတွင်း Alibaba $344ဘီလီယံကျဆင်း၊ ကမ္ဘာ့အကြီးဆုံးရှယ်ယာဆုံးရှုံးမှုကြီးဖြစ်

    တရုတ်အစိုးရကိုပြင်းထန်စွာဝေဖန်ခဲ့ပြီးနောက်တနှစ်အတွင်း Alibaba $344ဘီလီယံကျဆင်း၊ ကမ္ဘာ့အကြီးဆုံးရှယ်ယာဆုံးရှုံးမှုကြီးဖြစ်

    Founder ဖြစ်သူ Jack Ma သည် ပြီးခဲ့သည့်နှစ်အောက်တိုဘာလက တရုတ်ဘဏ္ဍာရေးစနစ်အား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးနောက်ကြုံတွေ့လာရမည့် Alibaba Group Holding ၏ကံကြမ္မာဆိုးကို လူအနည်းငယ်က တွက်ဆထားကြလိမ့်မည်။ တနှစ်ကြာသောအခါ နည်းပညာကုမ္ပဏီကြီးသည် market capitalization တွင်အမေရိကန်ဒေါ်လာ ၃၄၄ ဘီလီယံဆုံးရှုံးသွားခဲ့ပြီး ကမ္ဘာ့အကြီးဆုံးရှယ်ယာတန်ဖိုးကျဆင်းမှုကြီးဖြစ်ကြောင်း Bloomberg ကဖော်ပြထားသည်။ ထို့ကဲ့သို့…

    View Recipe
  • Thumbnail for မောင်းသူမဲ့ကား နည်းပညာကုမ္ပဏီတွင် ဒေါ်လာ သန်း၃၀၀ ရင်းနှီးမြှပ်နှံခဲ့သည့် Alibaba

    မောင်းသူမဲ့ကား နည်းပညာကုမ္ပဏီတွင် ဒေါ်လာ သန်း၃၀၀ ရင်းနှီးမြှပ်နှံခဲ့သည့် Alibaba

    DeepRoute.ai သည် တရုတ် စွန့်ဦးတီထွင် နည်းပညာကုမ္ပဏီငယ်လေးတစ်ခုဖြစ်ပြီး မောင်းသူမဲ့ကား နည်းပညာကို ပြည်တွင်းတွင် ထိုးဖောက်ရန် ကြိုးပမ်းနေသူဖြစ်ကာ ယခုအခါ တရုတ်နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Alibaba သည် ၎င်းတို့ထံတွင် ဒေါ်လာ သန်း၃၀၀ ခန့်ရင်းနှီးမြှပ်နှံငွေ ထည့်ဝင်ခဲ့ကြောင်း သိရသည်။ တရုတ်စက်မှုမြို့တော်ဖြစ်သည့် ရှန်ကျန်းအခြေစိုက် အဆိုပါကုမ္ပဏီငယ်လေးသည် မောင်းသူမဲ့ကား…

    View Recipe
  • Thumbnail for “Common Prosperity”လမ်းစဉ်အတွက် Alibaba ကဒေါ်လာ၁၅.၅ဘီလီယံလှူဒါန်း

    “Common Prosperity”လမ်းစဉ်အတွက် Alibaba ကဒေါ်လာ၁၅.၅ဘီလီယံလှူဒါန်း

    သမ္မတရှီကျင့်ဖင် အကောင်အထည်ဖော်နေသော မူဝါဒတရပ်ဖြစ်သည့် “common prosperity” (“လူအများချမ်းသာကြွယ်ဝရေး”) အတွက် Alibaba Group က၂၀၂၅ ခုနှစ်အထိ ဒေါ်လာ၁၅.၅ ဘီလီယံ (တရုတ်ယွမ် ၁၀၀ ဘီလီယံ) ထည့်ဝင်မည်ဟု ကြေညာခဲ့ပြီး ထိုသို့ထည့်ဝင်လှူဒါန်းသူများထဲတွင် အကြီးဆုံးကော်ပရေးရှင်းလုပ်ငန်းဖြစ်လာခဲ့သည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံကြီးသည် ဆင်းရဲချမ်းသာကွာဟမှုကြီးမားနေသော ပြည်သူများအတွက် ချမ်းသာလွန်းလှသည့်ထိပ်န်းကုမ္ပဏီကြီးများ၏…

    View Recipe
  • Thumbnail for ပြည်တွင်းနည်းပညာကုမ္ပဏီကြီးများကိုဖိနှိပ်အပြီး တရုတ်စတော့ဈေးကွက် ၁ ပတ်အတွင်း ဒေါ်လာထရီလျံဝက်ခန့် အငွေ့ပျံသွား

    ပြည်တွင်းနည်းပညာကုမ္ပဏီကြီးများကိုဖိနှိပ်အပြီး တရုတ်စတော့ဈေးကွက် ၁ ပတ်အတွင်း ဒေါ်လာထရီလျံဝက်ခန့် အငွေ့ပျံသွား

    နည်းပညာကုမ္ပဏီကြီးများကို တရုတ်ဖိနှိပ်နေရသည့် အကြောင်းရင်း တရုတ်ပြည်တွင်းနည်းပညာကုမ္ပဏီကြီးများအား တရုတ်အစိုးရက စုံစမ်းစစ်ဆေးရေးများကို ၆ လကြာ ပြုလုပ်ကာ ဖိနှိပ်တင်းကြပ်မှုများပြုုလုပ်မည်ဟု တရုတ်စက်မှုနှင့်သတင်းနည်းပညာဝန်ကြီးဌာနက ဇူလိုင်လအတွင်းကြေညာခဲ့သည်။ ထို့နောက် ပထမဆုံးဈေးဦးပေါက်ခဲ့သောကုမ္ပဏီမှာ တရုတ်ပြည်တွင်းဈေးကွက်၌ Uber အား အနိုင်ယူနိုင်ခဲ့သည့် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း DiDi ပင်ဖြစ်သည်။ DiDi သည် တရုတ်ပြည်တွင်းဈေးကွက်၏ ၈၀%…

    View Recipe
  • Thumbnail for အများပြည်သူရှေ့ ဂျက်မားပြန်လည်ထွက်ပေါ်လာ၊ ဟောင်ကောင်ရှိ Alibaba ရှယ်ယာဈေးပြန်တက်

    အများပြည်သူရှေ့ ဂျက်မားပြန်လည်ထွက်ပေါ်လာ၊ ဟောင်ကောင်ရှိ Alibaba ရှယ်ယာဈေးပြန်တက်

    Alibaba ၏ founder Jack Ma သည် တရုတ်အစိုးရနှင့် စီးပွားရေးပိတ်ဆို့မှုပြဿနာများ ဖြစ်ပွားခဲ့ပြီး အများပြည်သူရှေ့မှ ရက်သတ္တပတ်အတော်ကြာ ရုတ်တရက်ပျောက်သွားသဖြင့် သို့လောသို့လော သတင်းစကားထွက်ပေါ်လာခဲ့သေးသည်။ ယခုအခါ လူရှေ့သို့ ပထမဆုံးအကြိမ် ပြန်လည်ထွက်ပေါ်လာခဲ့ပြီး Hong Kong စတော့အိတ်ချိန်းရှိ Alibaba ၏ရှယ်ယာဈေးလည်း ၈% ထိုးတက်သွားခဲ့သည်။…

    View Recipe
  • Thumbnail for တရုတ်နည်းပညာ ကုမ္ပဏီကြီးများအပေါ် အသေခံ ဆန္ဒပြမှု၏ နောက်ဆက်တွဲ ဂယက်

    တရုတ်နည်းပညာ ကုမ္ပဏီကြီးများအပေါ် အသေခံ ဆန္ဒပြမှု၏ နောက်ဆက်တွဲ ဂယက်

    လွန်ခဲ့သည့် တစ်ပတ်ခန့်က Alibaba ကုမ္ပဏီပိုင် အွန်လိုင်းအစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီဖြစ်သည့် Ele.me ၏ delivery အလုပ်သမားတစ်ယောက်သည် ၎င်း၏ လုပ်ခလစာများ အပြည့်မရရှိခြင်းအတွက် မိမိကိုယ်ကို မီးရှို့ကာ အသေခံ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး တရုတ်အင်တာနက် စာမျက်နှာများထက်တွင် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည်။ ဤဖြစ်ရပ်အပြီးတွင် တရုတ်နည်းပညာကုမ္ပဏီများနှင့် ၎င်းတို့၏ အလုပ်သမားအခွင့်အရေး…

    View Recipe
  • Thumbnail for Alibaba တရုတ်သူဌေးကြီးဂျက်မား မင်္သကာဖွယ်ပျောက်ဆုံးနေ

    Alibaba တရုတ်သူဌေးကြီးဂျက်မား မင်္သကာဖွယ်ပျောက်ဆုံးနေ

    Alibaba နှင့် Ant Group တည်ထောင်သူ တရုတ်ဘီလီယံနာသူဌေးကြီးဂျက်မားသည် မသင်္ကာဖွယ်ပျောက်ဆုံးနေကြောင်း Yahoo Finance မှသတင်းဖော်ပြထားသည်။  အသက် ၅၆ နှစ်အရွယ်သူဌေးကြီးဂျက်မားသည် အများပြည်သူရှေ့သို့ မထွက်ပေါ်လာခဲ့သည်မှာ ၂လခန့်ရှိနေပြီဖြစ်ကြောင်း ယင်းသတင်းဌာနကဖော်ပြထားသည်။ မကြာသေးမီက ဂျက်မား၏စီးပွားလုပ်ငန်းများအပေါ် တရုတ်အစိုးရက တိုက်ခိုက်ခဲ့ခြင်းကြောင့် လူအများ၏စိတ်ဝင်စားခြင်းခံခဲ့ရသည်။ “တရုတ်၏ Amazon” ဟုတင်စားရသည့်…

    View Recipe