Pique your curiosity
ခရီးသည်တင်လေယာဉ်ခရီးစဉ်တွင် ဟောင်ကောင်အခြေစိုက် Cathay Pacific လေကြောင်းသည် လမ်းကြောင်းအရှည်ဆုံးပျံသန်းသူ ဖြစ်လာတော့မည်ဖြစ်သည်။ ကုမ္ပဏီ၏ Airbus A350 အမျိုးအစား လေယာဉ်ကို အသုံးပြုကာ ဟောင်ကောင်မှ နယူးယောက်သို့ တိုက်ရိုက်ပျံသန်းမှုသည် ကမ္ဘာ့အရှည်ဆုံးခရီးစဉ်ဖြစ်လာမည်ဖြစ်ပြီး ပစိဖိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာ ၂ စင်းကို ဖြတ်သန်းမည်ဖြစ်သည်။ လက်ရှိ အရှည်ဆုံးပျံသန်းသည့်ခရီးစဉ်မှာ Singapore…
အင်ဒိုနီးရှားလေကြောင်းလိုင်း Garuda သည် ကပ်ဘေးအတွင်း စီးပွားရေးထိခိုက်မှုများကြောင့် နောက်ဆက်တွဲအဖြစ် ကြွေးမြီ ဒေါ်လာ ၉.၈ ဘီလျံ ပေးရန်ရှိနေခြင်းကို ဒေါ်လာ ၃.၇ ဘီလျံအထိ လျှော့ချနိုင်ရန် ကုမ္ပဏီကို အကြီးစားပြောင်းလဲပြင်ဆင်မှုများပြုလုပ်နေရသည်။ ထို့ကြောင့် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးများဖြစ်သည့် Airbus နှင့် Boeing တို့ထံမှ လေယာဉ်မှာယူထားမှုများကို ပယ်ဖျက်ရန်…
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ Fort Worth အခြေစိုက် လေကြောင်းလိုင်း American Airlines သည် လာမည့် ၂၀၂၂ တွင် လေကြောင်းမှခရီးသွားများ ပြန်လည်တိုးတက်လာဖွယ်ရှိခြင်းကြောင့် ကမ္ဘာတဝှမ်းရှိ ၎င်းတို့ရုံးခွဲများရှိရာနေရာများတွင် ဝန်ထမ်း ၁၈,၀၀၀ ကို ခေါ်ယူသွားရန် စီစဉ်နေသည်။ ကန်အစိုးရက အကူအညီပေး ထောက်ပံ့မှုများပြုလုပ်ခဲ့သော်လည်း ခရီးစဉ်များ…
အိန္ဒိယသည် ကပ်ဘေးအတွင်း လေကြောင်းလိုင်း အပြန်အလှန်ပျံသန်းခွင့် ယာယီစံမံမှု – Air Bubble Agreement ကို ဩစတေးလျနိုင်ငံနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ပုံမှန်အားဖြင့် နိုင်ငံတကာလေကြောင်းပျံသန်းခွင့်များကို လာမည့် ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်နေ့အထိ ဆိုင်းငံ့ထားဦးမည်ဖြစ်ဖြစ်သည်ဟု အိန္ဒိယ လေကြောင်းစီမံခန့်ခွဲရေး DGCA က ထုတ်ပြန်ထားသည်။…
United Airlines သည် ပြီးခဲ့သည့် ကြာသာပတေးနေ့က ဝန်ထမ်းများစွာအတွက် Covid-19 ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားများကို စစ်ဆေးပြီးနောက် ကုမ္ပဏီ၏ သတ်မှတ်ချက်များကို မလိုက်နာသည့် ဝန်ထမ်းအရေအတွက် ထက်ဝက်ခန့်မှာ လျော့ချခံရဖွယ်ရှိနေသည်။ ထို့နောက် ချီကာဂိုရှိ လေကြောင်းလိုင်းမှစတင်ကာ အင်္ဂါနေ့မှ စ၍ အလုပ်သမား ၅၉၃ ဦးမှာ ထုတ်ပယ်ခဲ့ရမည့်အရေးနှင့်ရင်ဆိုင်နေရသည်။…
မလေးရှားအခြေစိုက် ဘတ်ဂျတ်လေကြောင်းလိုင်းကြီး Air Asia သည် ယခုနှစ် ဧပြီ-ဇွန် ၃ လပတ်ကာလတွင် ကပ်ဘေးကြောင့် ဆုံးရှုံးနစ်နာမှု ဒေါ်လာ ၅.၈၈ ဘီလျံ ရှိခဲ့သည်ဟု တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။ ယင်းပမာဏမှာ ယခင်နှစ်ကာလအတူ အချိန်ကဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှုထက် ၈ ဆမျှ ပိုမိုမြင့်တက်လာသည်ဟု သိရသည်။…
ဖိလစ်ပိုင်၊ Pasay အခြေစိုက် Philippine Airlines သည် ကပ်ဘေးအခြေအနေကြောင့် လုပ်ငန်းထိခိုက်လာခြင်းအပေါ် ဘဏ္ဍာရေးပိုင်းသက်သာမှုရှိစေရန် အမေရိကန်ပြည်ထောင်စုရှိ လုပ်ငန်းပိုင်းအား ဒေဝါလီခံတော့မည်ဟု စနေနေ့က ကြေညာခဲ့သည်။ Philippine Airlines (PAL) အနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဥပဒေပိုင်း Chapter 11 လုပ်ငန်းစဉ်ဖြင့် ဒေဝါလီခံလိုက်ခြင်းကြောင့် ချေးယူထားသည့်…
အိုင်ယာလန်၊ ဒဗ္ဗလင်အခြေစိုက် ကမ္ဘာ့အကြီးဆုံး ဘတ်ဂျတ်လေကြောင်းလိုင်း Ryanair သည် ဩဂုတ်လအတွင်း ခရီးသည်ပေါင်း ၁၁.၁ သန်း ရရှိခဲ့သည်ဟု ယမန်နေ့ ကြာသပတေးနေ့က ကြေညာခဲ့သည်။ အမှုဆောင်အရာရှိချုပ် မိုက်ကယ် အိုလာရီ (Michael O’Leary) က ယခုနှစ် ဩဂုတ်လအတွက် ကုမ္ပဏီက ရည်မှန်းထားသည့် ခရီးသည်ပမာဏမှာ…
ကပ်ဘေးအခြေအနေကြောင့် ကမ္ဘာတဝှမ်းလေကြောင်းလိုင်းကြီးများသည် ဝန်ထမ်းများအား လစာမဲ့ခွင့်ဖြင့် အနားယူစေခြင်းနှင့် ဝန်ထမ်းလျှော့ချခြင်းများကို ၂၀၂၀ အတွင်း ဆက်တိုက်ပြုလုပ်ခဲ့ရသည်။ ခရီးသွားလာမှုလုံးဝရပ်ဆိုင်းခဲ့သည့် ကပ်ဘေးကာလတွင် ဝန်ထမ်းလျှော့ချခြင်းနှင့် လေယာဉ်များရောင်းထုတ်ခြင်း ပြုလုပ်သည့်တိုင် ဒေဝါလီခံခဲ့ရသည့် လေကြောင်းလိုင်းများလည်း ရှိခဲ့သည်။ ဗြိတိသျှလေကြောင်း – British Airways ၏ လစာမဲ့ခွင့်ဖြင့် ဝန်ထမ်းများကိုရပ်နားထားသော အစီအစဉ်သည်…
Emirates လေကြောင်းက ကဘူးလ်မြို့ခရီးစဉ်များကို ရပ်နားထား တာလီဘန်လက်နက်ကိုင်များ မြို့တော်ကဘူးလ်အတွင်းဝင်ရောက်ခဲ့ပြီးနောက် United လေကြောင်းလိုင်းသည် အိန္ဒိယသို့ ပျံသန်းသည့် ခရီးစဉ်များတွင် အာဖဂန်နစ္စတန် လေပိုင်နက်ကို ရှောင်ကွင်းရန် တနင်္ဂနွေနေ့က စ၍ စီစဉ်ခဲ့သည်။ အာဖဂန်နစ္စတန် နိုင်ငံတခုလုံးကို တာလီဘန်များက ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အမေရိကန်အစိုးရသည်လည်း ၎င်းတို့၏ ဝန်ထမ်းများအား ပြန်လည်ကယ်ထုတ်နိုင်ရေး…