ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ဂျပန်စတိုင်တုပခြင်းရပ်ဆဲတော့မည်ဟု တရုတ်လက်လီအရောင်းဆိုင် Miniso ဆို
တရုတ် Miniso Group သည် ဂျပန်စတိုင် ဘရန်းတစ်ခုအဖြစ်အယောင်ဆောင်ကာ အရောင်းတိုးမြှင့်မှုများပြုလုပ်ခဲ့သည့်အတွက် တောင်းပန်ခဲ့ပြီး ၎င်း၏အရောင်းဆိုင်ခွဲများအားလုံး၏ အပြင်အဆင်ကိုပြန်လည် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ Miniso Group သည် တရုတ်နှင့်ပြည်ပနိုင်ငံများတွင် ဆိုင်ခွဲပေါင်း ၅,၀၀၀ ကျော်ဖွင့်လှစ်ထားပြီး ဂျပန်စတိုင်လူနေမှုအသုံးအဆောင်လက်လီရောင်းချသူ ဟုကြော်ငြာထားသူဖြစ်သည်။ သို့သော် ယခုလအစောပိုင်းတွင် ၎င်း၏စပိန် Instagram အကောင့်မှ...