ယခုရက်ပိုင်းအတွင်း အကျော်ကြားဆုံးဖြစ်လာသည့် Zoom Application
Covid-19 ကိစ္စရပ်များကြောင့် အိမ်မှ အလုပ်လုပ်သူများ များပြားလာသည့် ယခုရက်ပိုင်းတွင် Zoom ဟု နာမည်ရှိသည့် ဗီဒီယိုကောလ် ခေါ်၍ရသည့် Teleconferencing Application သည် ရုတ်ချည်းနာမည်ကြီးလာသည်။ အင်တာနက်၊ Playstore နှင့် AppStore ကဲ့သို့ ဆာဗာများမှ iOS နှင့် Android များအတွက် ဒေါင်းလုပ်ရယူသုံးစွဲသူ အလွန်မြင့်မားလာရာ ယခုလက်ရှိတွင် မိုဘိုင်း ဆော့ဝဲလ်အဖြစ် ဒေါင်းလုဒ် အရေအတွက် (TikTok ပြီးလျှင်) အများဆုံးဖြစ်လာလျက်ရှိသည်။
အဆိုပါ Zoom App သည့် အခြား ဗီဒီယိုခေါ်ဆိုသည့် ဝန်ဆောင်မှုများဖြစ်သည့် Google Hangouts, Skype တို့ကို အစားထိုးသွားဖွယ်ရှိဟု သုံးသပ်နေကြသည်။
စီအီးအို အဲရစ် ယွန် က ဗီဒီယိုခေါ်ဆိုကာ အစည်းအဝေးလုပ်သူများ ပိုမိုများပြားလာသည်ကို တွေ့ရကြောင်း၊ အစည်းအဝေးလုပ်သည့် အချိန်များလည်း ကြာမြင့်လာပြီး အသုံးပြုသူများ များပြားလာကြောင်းပြောသည်။
Zoom Application ကို အစည်းအဝေးလုပ်သူများသာမက တက္ကသိုလ်များရှိ ပါမောက္ခများကလည်း ကျောင်းသားများကို စာသင်ရန် အသုံးပြုလာကြောင်း သိရသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
source: bi