အိန္ဒိယနိုင်ငံ အမည်ပြောင်းလဲဖွယ်ရှိဟု ကောလဟလများထွက်ပေါ်

Share

အိန္ဒိယနိုင်ငံ ၊ နယူးဒေလီတွင် လာမည့် ၉ ရက်နေ့မှ စတင်၍ G20 ထိပ်သီးနိုင်ငံများ၏ အစည်းအဝေးကျင်းပမည်ဖြစ်ပြီး တက်ရောက်မည့် နိုင်ငံ့ ခေါင်းဆောင်အသီးသီးထံ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ၎င်းကိုယ်တိုင်အား ဘာရတ်ထ် ၏ သမ္မတဟု ကိုယ်စားပြုသုံးနှုန်းထားသော ဖိတ်စာများကို ပေးပို့ခဲ့သည်။

အစိုးရက တည်ခင်းကျွေးမွေးမည့် ညစာစားပွဲ ဖိတ်စာများတွင် ဝန်ကြီးချုပ်မိုဒီက ‘President of Bharat’ ဟု သုံးနှုန်းထားခြင်းဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ နိုင်ငံရေးပါတီ BJP မှာ Bharatiya Janata Party ဖြစ်ပြီး မိုဒီသည် အိန္ဒိယအခြေခံဥပဒေတွင် ပါရှိသော နိုင်ငံ၏ တရားဝင် နာမည် ၂ ခုထဲမှ ယခု ဘာရတ်ကို (Bharat) ကို ထည့်သွင်း ပွဲထုတ်လာခြင်းကြောင့် ယခုကဲ့သို့ အမည်ပြောင်းလဲဖွယ်ရှိသည်ဟု ပိုမိုပြောဆိုလာကြခြင်းဖြစ်သည်။

အိန္ဒိယခေါင်းဆောင်များသည် ဗြိတိသျှကိုလိုနီအောက်မှ လွတ်မြောက်ခဲ့ပြီးနောက် ၎င်းကိုလိုနီ အငွေ့အသက်များမှ လွတ်မြောက်ရန် သို့မဟုတ် ပြောင်းလဲပစ်ရန် ကြိုးစားလာခဲ့ပြီး အချို့နေရာများတွင် မြို့တမြို့လုံး၏ အမည်များကို ပြောင်းလဲခြင်း စသည်တို့လည်း ပြုလုပ်ခဲ့ကြသည်။

Bharat ဟူသော အသံထွက်စကားလုံးသည် ရှေးကျသော ဟိန္ဒူ အသုံးအနှုန်းဖြစ်ပြီး Sanskrit ဘာသာစကားဖြင့် ရေးသားထားသည်ဟု သိရသည်။
မိုဒီ၏ ပါတီ BJP သည် အိန္ဒိယဟူသော နာမည်အား အနောက်တိုင်း၏ အမွေ အဖြစ်၊ ဗြိတိသျှအုပ်ချုပ်စဉ် သွတ်သွင်းခံခဲ့ရသော နာမည် စသည်တို့အဖြစ် ဆန့်ကျင်သော campaign များကိုလည်း ယခင်က ပြုလုပ်ခဲ့သည်။

အဆိုပါ နာမည်ပြောင်းလဲရန် ကောလဟလများကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများပါ ရောထွေးလျက်ရှိသည်။

နယူးဒေလီတွင် ပြုလုပ်မည့် G-20 ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့စီးပွားရေး၏ ၈၅% ကို ပိုင်ဆိုင်ထားသည့် နိုင်ငံပေါင်း ၁၉ နိုင်ငံနှင့်အတူ ဥရောပသမဂ္ဂတို့ တက်ရောက်ကြမည်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံခေါင်းဆောင် ၄၀ ခန့် တက်ရောက်မည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတေးလျ စသည်တို့မှ ပါဝင်မည်ဖြစ်ကာ ရုရှားနှင့် တရုတ်မှ ခေါင်းဆောင်များ တက်ရောက်မည်မဟုတ်ဟု သိရသည်။

အကယ်၍ အိန္ဒိယသာ နာမည်ပြောင်းလဲလျှင် ကုန်ကျစရိတ် ရူပီးငွေ ကုဋေ ၁၄,၀၀၀ ခန့် ကုန်ကျနိုင်မည်ဟု တောင်အာဖရိကမှ ရှေ့နေဖြစ်သူ ဒါရင်း အိုလီဗာက တွက်ချက် ဖေါ်ပြခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: The Guardian, India Today, Economic Times: India Times, Nalanda Open University
Image: Mint

%d bloggers like this: