ကိုရိုနားဗိုင်းရပ် ကူးစက်ခံရပြီး ရောဂါပြန်လည်သက်သာလာသည့် လူနာများနှင့် သွေးထဲတွင်ရောဂါပိုး သယ်ဆောင်လာပြီး ရောဂါခုခံနိုင်စွမ်းရှိသူများသည် နောင်အနာဂတ်တွင်လည်း COVID-19 ခုခံအားရှိသောသူများ ဖြစ်သည်ဟူသည့် အထောက်အထားမရှိကြောင်း WHO (World Health Organization) မှ ပြီးခဲ့သည့် သောကြာနေ့က ပြောကြားခဲ့သည်။
WHO ၏ကျွမ်းကျင်သူများက serological tests ဟုခေါ်သည့် antibody tests အရ ယခင်ကဗိုင်းရပ်စ်နှင့် ထိတွေ့ခဲ့ဖူးခြင်း ရှိရှိ မရှိရှိ ၎င်း antibody တခုထဲနှင့် အနာဂတ်တွင်ရောဂါအား ခံနိုင်ရည်ရှိသည်ဟု မဆိုလိုကြောင်းပြောကြားခဲ့သည်။
Emergencies Programs ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Dr. Michael J.Ryan က ရောဂါပျောက်ကင်းဖူးသူများလည်း ပြန်လည်ကူးစက်ခံရနိုင်ချေရှိသည်ဟု ဆိုသည်။ ထို့အပြင် အချို့ဆေးစစ်ချက်များသည် negative ဟုမှားယွင်းပြသမှုများလည်း ရှိနေကြောင်း သူကဆိုသည်။
ရောဂါပြန်လည်သက်သာလာသူများသည် အချိန်ကာလတခုအတွက် ရောဂါခုခံနိုင်စွမ်းရှိသွားပေမယ့် အဲဒီအချိန်ကာလဟာ ဘယ်လောက်ထိခံမယ်မှန်းမည်သူမှမသိဟု Ryan ကဆိုသည်။
“ယခုလို ရောဂါခံနိုင်ရည်ရှိသွားတဲ့သူတွေဟာ လက်တလောမှာ အရေအတွက် နည်းနည်းပဲရှိပါသေးတယ်။ လူအများကြီးဆီမှာ ဒီလိုဖြစ်လာဖို့ဆိုတာ အလှမ်းဝေးကွာနေဆဲဖြစ်ပါတယ်” ဟု သူကအသားပေး ပြောကြားခဲ့သည်။
ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။
Source: Forbes
Photo: AFP via getty images