0

CBRE အကျိုးဆောင်ကုမ္ပဏီက ကိုဗစ်ကာလအတွင်း West Melbourne ရှိ ရုံးလုပ်ငန်းသုံး အဆောက်အဦများအား ဒေါ် ၄၈ သန်းဖြင့် ရောင်းချနိုင်ခဲ့

Share

ကိုဗစ်ကာလအတွင်း သြစတေးလျ West Melbourne တွင် အိမ်ခြံမြေ အရောင်းအဝယ်များ လှုပ်ခတ်နေခဲ့သည်။ ပြီးခဲ့သည့် ဧပြီလကုန်တွင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ CBRE က စပင်စာလမ်းရှိ အိမ်နံပါတ် ၃၅၅ ကို ငွေကြေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုသို့ ဒေါ်လာ ၃၈.၅ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ အိမ်၏ လွန်ခဲ့သော ၅ နှစ်က ဝယ်ယူထားသည့် ဈေးမှာ ၂၇.၂ သန်း ဖြစ်သည်ဟု သိရသည်။
ထိုမျှသာ မကသေးပဲ မဲလ်ဘုန်းရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုသို့ Jeffcott လမ်းရှိ ခြောက်ထပ်အဆောက်အဦ တစ်ခုကို ဒေါ်လာ ၉.၅ သန်းဖြင့် ပြီးခဲ့သည့် အပတ်တွင်း ရောင်းချနိုင်ခဲ့ပြီး CBRE ၏ ဒါရိုက်တာ တစ်ဦးဖြစ်သူ Mark Wizel က အိမ်ခြံမြေအရောင်းကိစ္စများနှင့်ပက်သက်၍ အလွန်ကျေနပ်ဖွယ် ကောင်းနေကြောင်း ထုတ်ဖေါ် ချီးကျူးခဲ့သည်။
ဝီဇဲလ်က မဲလ်ဘုန်းရှိ ဟိုတယ်ဈေးကွက်အပါအဝင် အိမ်ခြံမြေဈေးကွက်ကို ယခုထက် ပိုလျော့စွာ မျှော်လင့်ခဲ့ကြောင်း၊ သို့သော်လည်း အကျိုးဆောင်များ၊ လုပ်ဖေါ်ကိုင်ဖက်များထံမှ စိတ်ဝင်စားဖွယ်ကောင်းသည့် ကမ်းလှမ်းမှုများ ရရှိခဲ့ကြောင်း၊ ထို့ကြောင့် အဆောက်အဦ ၂ ခုစလုံးကို ရောင်းချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ရှိ မဲလ်ဘုန်းရှိ ဈေးကွက်တွင် စွန့်စားရမှုများ ရှိနေသော်လည်း ရုံးလုပ်ငန်း အဆောက်အဦဈေးကွက်မှာမူ ဈေးများ ကောင်းနေဆဲဖြစ်ကြောင်း သိရသည်။
Mark Wizel နှင့် သူ၏ Team မှ ပြီးခဲ့သည့် သီတင်းပတ် ၃ ပတ်အတွင်း အဆောက် အဦ ၇ လုံး ရောင်းချနိုင်ခဲ့သည်ဟု သိရသည်။
ဝီဇဲလ်က ကိုဗစ်ကာလအတွင်း အိမ်ခြံမြေဆိုင်ရာ အရောင်းများ ကျဆင်းခဲ့သည်မှာ မငြင်းနိုင်သည့် ကိစ္စများ ဖြစ်သော်လည်း စီးပွားရေး လုပ်ငန်းသုံး အိမ်ခြံမြေဈေးကွက်တွင် အောင်မြင်မှုများ ရယူနိုင်ခဲ့သည် ဟုဆိုသည်။ ဝယ်လက်များ အနေဖြင့် ယခုကဲ့သို့ မရေရာမှုများနေသည့်အချိန်တွင် အခွင့်အလမ်းများကို ပိုမိုရှာဖွေနေပုံရသည် ဟု သူက ဆိုသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: Business News Australia, CBRE, COMMO

%d bloggers like this: