ဆွီဒင်ကား Volvo မေလတွင် အရောင်း ၃၁% တိုးတက်

Share

ဆွီဒင်အခြေစိုက်ကားထုတ်လုပ်ရေး Volvo သည် ပြီးခဲသည့် မေလတွင် ယမန်နှစ်ကာလတူအခြေအနေထက် အရောင်းပိုင်း ၃၁% တိုးတက်ခဲ့ပြီး အစီးရေ ၆၀,၃၉၈ စီး ရောင်းချနိုင်ခဲ့သည်ဟု ယနေ့ တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ တွင် ကားကုမ္ပဏီသည် အခြားလုပ်ငန်းများနည်းတူ ချစ်ပြားရှားပါးခြင်း၊ တရုတ်နိုင်ငံအတွင်း ကပ်ဘေးဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဖြစ်ပေါ်လာသော supply chains နောက်ဆက်တွဲဆိုင်ရာပြဿနာများ စသည်တို့ကို ရင်ဆိုင်ခဲ့ရသည်။
သို့သော်လည်း လက်ရှိအထိ ကားထုတ်လုပ်ရေးလုပ်ငန်းများသည် စရိတ်ကြီးမြင့်လာမှုများအတွက် စိုးရိမ်နေရဆဲဖြစ်သည်။
ကုမ္ပဏီသည် ကုန်ကျစရိတ်များသက်သာစေရန် မကြာသေးမီက အလုပ်အကိုင်နေရာ ၁,၃၀၀ ခန့်လျှော့ချခြင်းကို စတင်လုပ်ဆောင်ခဲ့သည်။

Volvo ၏ ထုတ်ပြန်ချက်တွင် ၎င်းတို့၏ အကြီးဆုံးဈေးကွက်ဖြစ်သည့် ဥရောပတွင် အရောင်းပိုင်း တိုးတက်မှု ၄၀%၊ တရုတ်ပြည်တွင် ၄၉% နှင့် အမေရိကန်ပြည်ထောင်စုတွင် ၁၄% အသီးသီး ရှိခဲ့သည်ဟု ပါရှိသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Money US News
Image: REUTERS/Yves Herman

%d bloggers like this: