Vodafone က အလုပ်နေရာ ၁၁,၀၀၀ လျှော့ချမည်

Share

ဗြိတိန်အခြေစိုက် တယ်လီကွန်း – ဆက်သွယ်ရေးလုပ်ငန်းကြီး ဗိုဒါဖုန်းသည် လာမည့် ၃ နှစ်အတွင်း အလုပ်အကိုင်နေရာပေါင်း ၁၁,၀၀၀ ကို လျှော့ချသွားမည်ဖြစ်သည်။

ကုမ္ပဏီ၏ ဘဏ္ဍာရေး ဒါရိုက်တာနေရာမှ အမှုဆောင်ချုပ် CEO ဖြစ်လာသူ မာဂရီတာ ဒယ်လာဗဲ (Margherita Della Valle) က ကုမ္ပဏီ၏ စွမ်းဆောင်ရည်ပိုင်းမှု လုံလောက်မှုမရှိသေးဟုလည်း ပြောကြားခဲ့သည်။

Vodafone သည် ၎င်းတို့ရုံးချုပ်တည်ရှိရာ ဗြိတိန်တွင် ဝန်ထမ်း ၁၂,၀၀၀ ခန့်ရှိပြီး ကမ္ဘာတဝှမ်းလုံးတွင် ဝန်ထမ်းစုစုပေါင်း ၁၀၄,၀၀၀ ခန့်ရှိရာ ယခု အလုပ်နေရာလျှော့ချမှုသည် နေရာအားလုံးကို အနည်းနှင့် အများ သက်ရောက်မည်ဖြစ်သည်။

ဘော့စ်အသစ်က ၎င်းတို့၏ ဦးစားပေးအရာများမှာ ဖေါက်သည်များ၊ ရိုးရှင်းမှုနှင့် လုပ်ငန်းကြီးထားမှုတို့ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကုမ္ပဏီ၏ ရှုတ်ထွေးနေမှုများကို အတတ်နိုင်ဆုံး ဖြတ်တောက်သွားကာ ယှဉ်ပြိုင်နိုင်မှုကို တိုးမြှင့်သွားမည်ဟု ဆိုသည်။
ကုမ္ပဏီအား အလုံးစုံဦးဆောင်ရန် Margherita အား အမှုဆောင်ချုပ်ရာထူးသို့ ပြီးခဲ့သည့် လက ရာထူးတိုးမြှင့်ပေးခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Standard Co UK, The Times
Image: Bloomberg Business News

%d bloggers like this: