0

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်များအတွင်းသို့ တော်နေဒိုး မုန်တိုင်းဝင်ရောက်၊ အနည်းဆုံး ၃၀ ဦး သေဆုံး

Share

ယမန်နေ့ (တနင်္လာနေ့)တွင် အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်များအတွင်းသို့ မုန်တိုင်းဝင်ရောက်ခဲ့ပြီး ရေလွှမ်းမိုးမှု၊ ရွှံ့မြေပြိုလဲမှုများ ဖြစ်ပွားခဲ့ရာ အိမ်ပေါင်း ၁ သန်းကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်။
အလာဘာမားတွင် လူများသည် တည်းခိုစရာ နေရာများ ရှာဖွေနေရပြီး ယခုဖြစ်ပေါ်နေသော ကိုရိုနာ ကူးစက်မှု အန္တရာယ်များလည်း ရှိနေရာ အခက်အခဲများစွာကို ရင်ဆိုင်ရလျက်ရှိသည်။


စာရင်း အတိအကျမသိရသေးသော်လည်း သေဆုံးသူများမှာ အယောက် ၃၀ ခန့်ရှိမည်ဟုဆိုသည်။
တောင် ကယ်ရိုလိုင်းနားတွင် ၉ ဦး သေဆုံးကြောင်း မြို့တော်ဝန် ဟင်နရီ မက် မာစတာက ထုတ်ပြန်ခဲ့ပြီး ဂျော်ဂျီယာပြည်နယ်တွင်လည်း လူ ၈ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။


သစ်ပင်များ အများအပြားလဲပြိုမှုရှိနေပြီး၊ အိမ် အဆောက်အဦများလည်း ပျက်စီးခဲ့သည်။
လူဝီစီယားနား ပြည်နယ်တွင် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရသည်ဆိုသော သတင်းများ မတွေ့ရှိရသေးသော်လည်း အနည်းဆုံး မွန်ရိုးမြို့ပေါ်တွင် အိမ်ခြေ ၂၀၀ မှ ၃၀၀ ခန့်ထိ ပျက်စီးခဲ့ကြောင်း မြို့တော်ဝန် ဂျေမီက ကေနိုအိုအီး တီဗီကို ပြောကြားခဲ့သည်။


မွန်ရိုးမြို့ လေဆိပ်တွင်လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး လေဆိပ်၏ ဒါရိုက်တာ ရွန်ဖိလစ်က ၎င်းတို့ လေဆိပ်တွင် ဒေါ်လာ သန်း ၃၀ ဖိုးခန့် ရပ်နားအဆောက်အဦတွင်းရှိ လေယာဉ်များ ထိခိုက်ခဲ့သည်ဟုဆိုသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

source: 9news, american southern states, photos: AP

%d bloggers like this: