0

အမေရိကန် ဝန်ဆောင်မှုကဏ္ဍ ဇွန်လတွင် ပြန်ခုန်တက်လာခဲ့

Share

      စီးပွားရေးလုပ်ငန်းတွေကို ခွဲခြားကြည့်လိုက်ရင် အဓိက အပိုင်းကြီး နှစ်ပိုင်းရှိပါတယ်။ ဒါတွေကတော့ Good and Service ဆိုတဲ့ ကုန်ထုတ်လုပ်မှုပိုင်းရယ်၊ ဝန်ဆောင်မှုပိုင်းရယ်ပါ။ Service ဆိုတဲ့ ဝန်ဆောင်မှုအပိုင်းမှာတော့ ကုန်ထုတ်လုပ်ငန်းတွေဖြစ်တဲ့ စက်ရုံ၊ သတ္ထုတွင်း၊ ဆောက်လုပ်ရေးလုပ်ငန်းစတာတွေ မပါဝင်ဘဲ ကျန်တဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ စားသောက်ဆိုင်၊ စူပါမားကတ်၊ ဘဏ်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ၊ ဥပဒေအကျိုးတော်ဆောင်တွေ စသည်ဖြင့်၊ စသည်ဖြင့် အကုန်အကြုံးဝင်ပါတယ်။ ခုခါမှာတော့ အမေရိကန်နိုင်ငံရဲ့ ဝန်ဆောင်မှုလုပ်ငန်းအခြေအနေတွေကို ညွှန်ပြတဲ့ ဝန်ဆောင်မှုလုပ်ငန်း အညွှန်းကိန်း (Non-manufacturing Index -NMI) မှာ ဇွန်လအနေနဲ့ ၅၇.၁ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ပြီး ပြီးခဲ့တဲ့ မေလနဲ့ ယှဉ်ရင် ၁၁ရာခိုင်နှုန်းကျော်ကျော်လောက် တက်လာခဲ့တာပါ။
      ISM လို့ခေါ်တဲ့ Institute of Supply Management ကတော့ ဝန်ဆောင်မှုဏ္ဍတွေဟာ တစ်နိုင်ငံလုံး ကန့်သတ်မှုတွေ ဖြေလျှော့ပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ခွင့်ပေးပြီးနောက် ဇွန်လမှာတော့ ကိုဗစ်မဖြစ်ခင် အခြေအနေနီးပါ ပြန်ရောက်ခဲ့ပြီလို့ သုံးသပ်ပါတယ်။ ဇွန်လရှေ့က မေလနဲ့ ဧပြီလမှာတော့ lockdown တွေရှိတာကြောင့် အညွှန်းကိန်းမှာ အကျဘက်ပြခဲ့တာပါ။ ဇွန်လမှာ ဝန်ဆောင်မှုကဏ္ဍ စီးပွားရေးအတက်ပြခဲ့တာနဲ့ အတူတူ အမေရိကန်တချို့ပြည်နယ်တွေမှာ ကိုဗစ်ကူးစက်မှု ပြန်များလာတဲ့ အတွက် တချို့ဖွင့်ပြီးသွား စားသောက်ဆိုင်တွေ ပြန်ပိတ်ခဲ့ရသလို ဖွင့်ဖို့တာဆူနေတဲ့ ဘားတွေ၊ ကလပ်တွေလည်း ပြန်ငြိမ်နေရပါတယ်။
      အစားအသောက်နဲ့ နေရာထိုင်ခင်းစီမံခန့်ခွဲမှုဘက်မှာ လုပ်ကိုင်နေတဲ့ စီးပွားရေး အမှုဆောင်တစ်ဦးကတော့ စီးပွားရေးလုပ်ငန်းတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်စတင်တော့မှာဖြစ်လို့ နောက်တစ်လ၊ နှစ်လလောက်ဆို နိုင်ငံရဲ့ အခြေအနေဟာ နာလန်ပြန်ထူတော့မှာပါ။ ဒါပေမဲ့ အမှုမဲ့ အမှတ်မဲ့တော့ နေကြလို့ မဖြစ်သေးပါဘူး။ ကိုဗစ်ဟာ ခုချိန်ထိ ကမ္ဘာ့ကပ်ရောဂါအဖြစ်ရှိနေသေးသလို၊ ကာကွယ်ဆေးကိုလည်း ရှာလို့မတွေ့သေးတဲ့အတွက်ပါ လို့ဖြေကြားသွားပါတယ်။ အဆင့်မြင့်ပညာရေးဝန်ဆောင်မှုလုပ်ငန်းက တာဝန်ရှိသူတွေကတော့ လာမဲ့နှစ်ဆို တက္ကသိုလ်တွေအနေနဲ့ ဘတ်ဂျက်လျှော့ချမှုတွေ တွေ့ကြုံရဖို့ရှိတယ်လို့ အရိပ်အမြွက်ပြောသွားပါတယ်။ ခုလက်ရှိသူတို့စီစဉ်ထားတာကတော့ ကျောင်းသားတွေ ကျောင်းပရဝဏ်အတွင်း ပြန်လာကြပြီး ပုံမှန်အတန်းနဲ့ အွန်လိုင်းအတန်းကို ရောပြီးသင်ဖို့ပါ။ ဒါပေမဲ့ social distancing ကောင်းကောင်းမလုပ်နိုင်လို့ ကျောင်းသားတွေကြားမှာ ကိုဗစ်ပြန်ပြန့်လာခဲ့ရင်တော့ အွန်လိုင်းအတန်းတွေကို ပြန်ပြောင်းဖွင့်ရမှာ ဖြစ်ပြီး တက္ကသိုလ်တွေရဲ့ ဝင်ငွေရရှိမှုလည်း ကျဆင်းသွားမှာပါ။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Xinhua
Photo: Voice of America/AP

 

%d bloggers like this: