Photo : Reuters
ဒီသတင်းကိုတော့ ရိုက်တာသတင်းဌာနက တင်ဆက်သွားတာဖြစ်ပြီး သူတို့သတင်းဌာနကရရှိထားတဲ့ ဘဏ္ဍာရေး စာရွက်စာတမ်းတွေ၊ ရေနံစက်မှုဇုန်ဘက်က သတင်းအရင်းအမြစ်တွေ၊ နောက် အီရန်အစိုးရ စွမ်းအင်ဌာနက ကြားသိထားရတဲ့ အချက်အလက်တွေအရ ကောက်ချက်ချထားတာဖြစ်ပါတယ်။ အီရန်နိုင်ငံမှာရှိတဲ့ ရေနံကွင်းအဟာင်းတွေဟာ ပုံမှန်ရေနံထွက်နှုန်း ထွက်နေဖို့အတွက် နေ့စဉ်မပျက် ရေနံစုပ်ထုတ်နေဖို့လိုပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေအောက်မှာ လိုအပ်တဲ့ အရန်စက်ပစ္စည်းတွေ တင်သွင်းရခက်နေတဲ့အတွက် ရေနံတူးစင်တော်တော် များများဟာ လုပ်ငန်းရပ်ဆိုင်းထားနေရဲ့ အခြေအနေတွေ့နေရပါတယ်။ တကယ်လို့များ တခြားလမ်းကြောင်းကနေ ပစ္စည်းရလို့ လုပ်ငန်းပြန်လည်ပတ်ရင်တောင် အရင်ရေနံထွက်နှုန်းအတိုင်း ပြန်ရပါ့မလားဆိုတာ မသေချာပါဘူး။
အမေရိကန်နဲ့ အီရန်တို့ဟာ နူကလီးယား ဖျက်သိမ်းဖို့ သဘောတူညီချက်ပျက်ပြားပြီးနောက် နှစ်ဦးနှစ်ဘက် ပွတ်တိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ အမေရိကန်ဟာ အီရန်ရဲ့ နူကလီးယားအိပ်မက်ကို ရပ်တန့်ဖိုနဲ့ ဒေသတွင်း အီရန်ရဲ့ အာဏာစက်ဖြန့်ကြက်မှုကို ရပ်တန့်ဖို့ အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောက်ခဲ့သလို အီရန်ကလည်း အမေရိကန်ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့ပေးနေခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ဗိုလ်ချုပ် ဆိုလာမေနီလုပ်ကြံခံရတဲ့ ဖြစ်စဉ်ဆို ပွတ်တိုက်မှုတွေထဲက တစ်ခုအဖြစ်ရှုမြင်နိုင်ပါတယ်။
ရိုက်တာ သတင်းဌာနအနေနဲ့ အီရန်နိုင်ငံ ရေနံနဲ့သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေး အင်ဂျင်နီယာများအသင်းရဲ့ ညွှန်ကြားရေးမှုးကို တွေ့ဆုံအင်တာဗျူးခဲ့ပါတယ်။ သူပြောတာကတော့ သူအင်ဂျင်နီယာလုပ်ခဲ့တဲ့ အနှစ်၂၀ အတွင်းမှာ စက်ပိုင်းဆိုင်ရာ ်အပိုပစ္စည်းဝယ်မရတဲ့အဖြစ်ဟာ ဒါပထမဆုံးပဲလို့ဆိုပါတယ်။ သူတို့ရဲ မဟာမိတ်ဖြစ်တဲ့ တရုတ်က စက်ပစ္စည်းတွေ တင်သွင်းလို့ရပေမဲ့ ကြာကြာအသုံးမခံပါဘူးတဲ့၊ ဘာလို့လဲဆိုတော့ ရေနံစင်တွေမှာ စလည်ပတ်တုန်းက ဆင်ထားတဲ့ စက်ပစ္စည်းတွေဟာ အမေရိကားနဲ့ ဥရောပ တံဆိပ်တွေချည်းဖြစ်နေလို့ပါ။
လက်ရှိအချိန်မှာတော့ ရိုက်တာကရရှိတဲ့ သတင်းအချက်အလက်တွေအရ အီရန်နိုင်ငံရဲ့ ရေနံတူးစင် (၁၆၀) လောက်မှာ (၄၀)လောက်က လုပ်ငန်းရပ်နား၊ ဒါမှမဟုတ် ပြုပြင်ထိန်းသိမ်းနေ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ရေနံမထွက်တာ တော်တော်ကြာခဲ့ပြီလို့ သိရပါတယ်။ အီရန် သမ္မရုံး ပြောရေးဆိုခွင့်ရ အရာရှိကိုဆက်သွယ်ရာမှာတော့ မှတ်ချက်တစ်စုံတစ်ရာမှ မပေးခဲ့ဘူးလို့ဆိုပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source : Reuters