ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ထုတ်ပြန်သော အချက်အလက်များ အရ သောကြာနေ့ညတွင် အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၅၀၀,၀၀၀ သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ယင်းအရေအတွက်မှာ တကမ္ဘာလုံးကူးစက်သူအရေအတွက်၏ ၃ ပုံ ၁ ပုံ ဖြစ်ပါသည်။
ဒေသတွင်း စံတော်ချိန် ၉ နာရီ ၂၅ မိနစ်တွင် မှတ်တမ်းသစ်အဖြစ် ၅၀၀,၃၉၉ ယောက် အထိ အရေအတွက်ရှိလာခဲ့ပြီး နယူးယောက် တခုတည်းတွင် ကူးစက်သူ ၁၇၄,၄၈၁ ယောက် ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
တရုတ်ပြည် ဝူဟန်တွင် အစပျိုးခဲ့သော အဆိုပါ ဗိုင်းရပ်စ်သည် ယခုအခါ ကမ္ဘာ အရပ်ရပ်တွင် ကူးစက်သူပေါင်း ၁ သန်း ခွဲ ကျော်လာပြီဖြစ်သည်။ သောကြာနေ့တွင် ကမ္ဘာ အရပ်ရပ်မှ ကိုရိုနာကူးစက်ခံရရင်း သေဆုံးသူ ဦးရေ ၁ သိန်း ရှိလာခဲ့ပြီး၊ တစ်ပတ်အတွင်း ၂ ဆ နီးပါး တိုးလာခြင်းဖြစ်သည်။
နယူးယောက်သည် ရောဂါပိုးကူးစက်ခံရမှု အများဆုံး နေရာဖြစ်လာခဲ့ပြီး ယင်းတနေရာထဲသည် အီတလီ၊ စပိန်၊ ပြင်သစ်၊ ဂျာမဏီ နိုင်ငံတို့ထက် ပိုမို ဆိုးရွားနေခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှု အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။
ကူးစက်မှုစုစုပေါင်း – အနည်းဆုံး ၁,၆၉၆,၁၃၉
သေဆုံးမှု – ၁၀၂,၆၆၉
အဖြစ်အများဆုံးနိုင်ငံများ – အမေရိကန်ပြည်ထောင်စု (၅၀၀,၃၉၉) ၊ စပိန် (၁၅၈,၂၇၄) ၊ အီတလီ (၁၄၇,၅၇၇) ၊ ဂျာမဏီ (၁၂၂,၁၇၁) ၊ ပြင်သစ် (၁၂၅,၉၃၁)
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
source: cnbc, coronavirus, pandemic