0

ကိုရိုးနားဗိုင်းရပ်စ်သက်ရောက်မှုများရှိသော်လည်း အမေရိကန်ကုမ္ပဏီများ တရုတ်ဈေးကွက်ကို များစွာမျှော်လင့်ထားဆဲဖြစ်

Share

photo: afp

တရုတ်ပြည်တွင် ရှိသည့် အမေရိကန်ကုမ္ပဏီများသည် လက်ရှိဗိုင်းရပ်စ်ကိစ္စရပ်များကြောင့် ထိခိုက်မှုများရှိနေသော်လည်း တရုတ်ပြည်တွင်းဈေးကွက်အပေါ် မျှော်လင့်ချက် များစွာရှိနေဆဲဖြစ်ကြောင်းသိရသည်။
ဘေဂျင်းအခြေစိုက် အမေရိကန် ကုမ္ပဏီ ၁၁၉ ခု ကို ပြီးခဲ့သည့် မတ်လ ၁၃ ရက်မှ ၁၈ အတွင်း စစ်တမ်းများကောက်ယူကြည့်ရာ သိသာသော ဝင်ငွေလျော့ကျမှုများကို တွေ့ကြုံလာရပြီး ယခင်လက ဝင်ငွေ ၂၈% လျော့ကျနေရာမှ ယခုအခါ ၅၀% ထိ ကျဆင်းသွားကြောင်းသိရသည်။
ကုန်သွယ်ရေးအသင်း ဥက္ကဌ အလန်ဘီဘီက “စစ်တမ်းတွေ ကောက်ကြည့်လိုက်တော့ ထိခိုက်လာတာတွေ ကြီးမားနေတယ်ဆိုတာ သိလာရပါတယ်။ ခု စစ်တမ်းကောက်တဲ့ လုပ်ငန်းတွေကလည်း ဝင်ငွေအလျော့ကျဆုံး လုပ်ငန်းတွေထဲကချည့်ပါပဲ။ တစ်ဖက်မှာလည်း နည်းပညာလုပ်ငန်းတွေရှိပြီး အဲ့ဒီ့ဖက်ကိုတော့ နဂို ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်အတိုင်းသွားဖို့ရှိပြီး ဘာမှပြောင်းလဲတာမျိုးမရှိပါဘူး။ ခု ကိစ္စကို ကျွန်တော်ကတော့ ရေတိုထိခိုက်တာလို့ပဲ ယူဆပါတယ်။ အားလုံးချုံကြည့်မယ်ဆိုရင်တော့ သိသိသာသာ အပြောင်းအလဲတွေဖြစ်သွားမယ့်ဟာမျိုး မရှိပါဘူး။” ဟုဆိုသည်။
တရုတ်ပြည် အမေရိကန် ကုန်သွယ်ရေးအသင်းသည် ပြီးခဲ့သည့်နှစ်ကလည်း စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့သလို တရုတ်ပြည်ရှိ လူလတ်တန်းစားဈေးကွက်ကို ရည်ရွယ်သည့် လုပ်ငန်းများကိုမူ ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုသည်။
မတ်လအတွင်း ကောက်ယူခဲ့သည့် စစ်တမ်းများတွင် အမေရိကန်ကုန်သွယ်ရေးအသင်းဝင်များ၏ စုစုပေါင်း ၄၀% သည် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်လုပ်ဆောင်လိုကြပြီး၊ ယခင်လ စစ်တမ်း ၂၃% မှ တိုးတက်လာခြင်းဖြစ်သည်။
၂% ခန့်သာလျှင် တရုတ်ပြည်ဈေးကွက်မှ ထွက်သွားလိုခြင်းရှိကြောင်းသိရပြီး၊ ယင်းသို့ထွက်ခွာလိုမှုသည်လည်း နောင် ၃ နှစ်မှ ၅ နှစ်ခန့် အပြီးမှ ဖြစ်ကြောင်းသိရသည်။
“စိတ်ရှည်သည်းခံမှုတွေ၊ ယုံကြည်ချက်တွေရှိနေတယ်ဆိုတာ ဒီစစ်တမ်းတွေက ပြသနေတာဖြစ်ပြီး၊ ဒါကပဲ တရုတ်ပြည်ရဲ့ စီးပွားရေးကို မူလအတိုင်း ပြန်လည်လုပ်ကိုင်လာနိုင်စေဖို့ဖြစ်လာစေတာပါ။ ဒီလို ထိခိုက်မှု အဟန့်အတားတွေက ရေရှည် မဟာဗျူဟာတွေကို တားဆီးနိုင်မှာမဟုတ်ပါဘူး” ဟု အလန်က ဆက်လက်ပြောကြားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

source: cnbc

%d bloggers like this: