အမေရိကန်ပြည်ထောင်စုအစိုးရသည် ပြီးခဲ့သည့် စက်တင်ဘာအကုန်၌ ကုန်ဆုံးခဲ့သည့် ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လိုငွေ ဒေါ်လာ ဘီလျံ ၁,၆၀၀ ကျော် (၁.၆၉၅ ထရီလျံ ဒေါ်လာ) ရှိခဲ့ကြောင်း သောကြာနေ့ကထုတ်ပြန်ခဲ့သည်။
ကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ကပ်ဘေးပြင်းထန်သည့် ၂၀၂၁ ခုနှစ်က ဘတ်ဂျက်လိုငွေပြမှု ဒေါ်လာ ၂.၇၈ ထရီလျံနောက်ပိုင်း အမြင့်ဆုံးပမာဏဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး နိုင်ငံသားများအတွက် Social Security ထောက်ပံ့ကြေးနှင့် ဆေးဝါးစရိတ်၊ အစိုးရချေးငွေများအတွက် အတိုးမြင့်တက်မှု၊ အခွန်ကောက်ခံရရှိမှု လျော့ကျမှု စသည်တို့ကြောင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ဘတ်ဂျက်လိုငွေပြမှု ထုတ်ပြန်ချက်မှာ သမ္မတဘိုင်ဒင်က အမျိုးသားလုံခြုံရေး အရေးကြီးကိစ္စများတွင် သုံးစွဲရန် ဒေါ်လာ ၁၀၅ ဘီလျံကို လွှတ်တော်တွင် တောင်းခံသည့် အချိန်၌ ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။
ဘတ်ဂျက်လိုငွေပြမှုမှာ ယခင်ဘဏ္ဍာနှစ် ၂၀၂၂ ကာလထက် ၂၃.၂% ပိုမိုမြင့်တက်လာခဲ့သည်။
ကန်အစိုးရ၏ နှစ်စဉ်ဘတ်ဂျက်အခြေအနေမှာ စစ်အေးကာလနောက်ပိုင်း ၁၉၉၀ မှ လက်ရှိကာလအထိ ၃ နှစ် ခန့်သာ ဘတ်ဂျက်ပိုငွေပြဖူးသေးသည်။
ကပ်ဘေး ပြင်းထန်သည့် ၂၀၂၀ ခုနှစ်တွင် ဘတ်ဂျက်လိုငွေပြမှု အများဆုံးဖြစ်ခဲ့ပြီး Budget Deficit ဒေါ်လာ ၃.၁၃ ထရီလျံ အထိ ရှိခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, CNBC, NY Times, USA Gov
Image: trip advisor