0

ကိုဗစ်ကာလအတွင်း အမေရိကန် ဘီလျံနာများ ဒေါ်လာ ၄၃၄ ဘီလျံခန့် ပိုမို ချမ်းသာလာခဲ့

Share

ကိုဗစ်ကာလဖြစ်သည့် မတ်လ လယ်မှ မေလ လယ် အထိ ကောက်ယူထားသော စစ်တမ်းများ အရ အမေရိကန်ပြည်ထောင်စုရှိ ဘီလျံနာများသည် ဒေါ်လာ ၄၃၄ ဘီလျံခန့် ပိုမိုချမ်းသာလာခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်တမ်းထုတ်ပြန်မှုကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Forbes မဂ္ဂဇင်းက ပြုလုပ်ထားသော ဘီလျံနာ ၆၀၀ ကျော် ပါဝင်သည့် စာရင်းတွင် မတ်လ ၁၈ ရက်မှ မေလ ၁၉ ရက်အတွင်း ၎င်းသူဌေးများ၏ ပိုင်ဆိုင်မှုသည် ၁၅% သို့မဟုတ် ကန်ဒေါ်လာ ၄၃၄ ဘီလျံသို့ မြင့်တက်ခဲ့သည် ဟု ဆိုသည်။

ထိပ်ဆုံး ဘီလျံနာ ၅ ဦးဖြစ်သော ဂျက် ဘီဇော့စ် (Jeff Bezos), ဘီဂိတ် (Bill Gates), မတ် ဇကာဘတ်(Mark Zuckerberg), ဝါရင်းဘတ်ဖတ်(Warren Buffet) နှင့် လာရီ အယ်လီစင် (Larry Ellison) တို့ စုစုပေါင်း၏ ပိုမိုတိုးတက်လာသော ကြွယ်ဝမှုမှာ ၇၅.၅ ဘီလျံ ဖြစ်သည်ဟု သိရသည်။

ဂျက် ဘီဇော့်စ် ၏ ဈေးဝယ်ရောင်း ဝက်ဘ်ဆိုဒ် Amazon နှင့် မတ် ဇကာဘတ်၏ Facebook ရှယ်ယာများသည် ဆက်လက် ဈေးတက်လျက်ရှိပြီး ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က သက်တမ်းတလျှောက် အမြင့်ဆုံး ဈေးသို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

အခြား စီးပွားရေးလုပ်ငန်းများ နှင့် ဈေးကွက်များ အခြေအနေမကောင်းသော်လည်း နည်းပညာရပ်ဝန်းတွင် လုပ်ငန်းများ တိုးတက်လျက်ရှိသည်။
နိုင်ငံတွင်းရှိ အရွယ်ရောက် လုပ်သားထု ၄၇% သည် မတ်လမှစ၍ ဝင်ငွေများ လျော့နည်းလာလျက်ရှိသည်။

ဘီလျံနာများအနေဖြင့် ကိုဗစ်ကာလတွင် စီးပွားရေးအကြပ်အတည်းများ အကြား အကောင်းဆုံး အကျိုးအမြတ်များ ဖြစ်ထွန်းအောင် လုပ်ဆောင်ခဲ့သည်ဟု IPS (Individual Placement and Support) ၏ ဒါရိုက်တာ ချက် ကောလင်း (Chuck Collins) က ဝေဖန်ခဲ့သည်။

လူသန်းပေါင်းများစွာ ဘဝနှင့် အသက်များကိုရင်း၍ အခက်အခဲများကို ရင်ဆိုင်နေရစဉ်တွင် ဘီလျံနာများသည် အခွန်စနစ်နှင့် လက်ရှိစီးပွားရေး စနစ်များကို အသုံးချ၍ ကြွယ်ဝမှုကို ထိပ်တန်းရောက်ရန် လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အဆိုပါထုတ်ပြန်ချက်တွင် အမေရိကန်ပြည်ထောင်စုရှိ ဘီလျံနာစုစုပေါင်း၏ ပိုင်ဆိုင်မှု ဒေါ်လာ ၂.၉ ထရီလျံမှ ဒေါ်လာ ၃.၄ ထရီလျံ ထိ ကိန်းဂဏန်းများ တိုးလာခဲ့သည်။

ရာခိုင်နှုန်းအားဖြင့် တွက်လျှင် ဖေ့ဘုတ် တည်ထောင်သူ မတ်ဇကာဘတ်သည် ပိုင်ဆိုင်မှုအမြင့်ဆုံး ခုန်တက်ခဲ့ခြင်းဖြစ်ပြီး သူတဦးတည်း အနေဖြင့် တွက်ချက်ပါက ၄၈% ထိ ရရှိခဲ့ခြင်းဖြစ်သည်။

စီးပွားရေး ကျဆင်းမှုကို ရင်ဆိုင်ရသော လုပ်ငန်းရှင်များထဲတွင် ခရီးသွားလုပ်ငန်းပိုင်ရှင်များက အထိနာဆုံးဖြစ်ခဲ့သည်။

တစ်နိုင်ငံချင်းစီ၏ စီးပွားရေးများ ပြန်လည် လည်ပတ်မည့် ကာလတွင်ပင် လေကြောင်းခရီးစဉ်များ၊ နိုင်ငံကူးလူးဆက်ဆံမည့် ခရီးစဉ်များဖြစ်ပေါ်လာမှုသည် နောက်ဆုံး စိတ်ချရသည့် အချိန်တွင်မှ ထွက်ပေါ်လာဖွယ်ရှိသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: Forbes, Forbes Data, Consumer News and Business Channel, IPS USA, Image: FOX Business

%d bloggers like this: