အစ္စရေးသို့ United လေကြောင်း ခရီးစဉ် ပြန်လည်ပယ်ဖျက်

Share

အမေရိကန်လေကြောင်းလိုင်းတခုဖြစ်သည့် United Airlines သည် ယမန်နေ့က အစ္စရေးသို့ ပျံသန်းမှုခရီးစဉ် အချို့ကို လာမည့်သီတင်းပတ်တွင် ပြန်လည်စတင်ရန် စီစဉ်နေကြောင်း ကြေညာခဲ့သည်။

သို့သော်လည်း ရိုက်တာ၏ update သတင်းတိုအစီအစဉ်တွင် ပျံသန်းရန်ခရီးစဉ် ကိစ္စများကို ပြန်လည်စတင်ဦးမည်မဟုတ်ဟု နောက်ပိုင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်

ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်က ဟားမားစ်အဖွဲ့၏ စတင်တိုက်ခိုက်မှုအပြီး လေကြောင်းလိုင်း အတော်များများသည် အစ္စရေးခရီးစဉ်များကို ရပ်တန့်ခဲ့ကြသည်။

တဲအဗစ်လေဆိပ်သို့ ခရီးစဉ် ပြန်လည်စတင်မည့် ကြေညာချက်များမှာ လာမည့်သီတင်းပတ်များတွင် ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။

ကန်အစိုးရက အစ္စရေး၊ တဲအဗစ်နှင့် အနောက်ဘက်ကမ်း ဒေသများသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံသားများအား ဘေးကင်းရေး ပိုမို သတိရှိရန် တိုက်တွန်းထားပြီး ဂါဇာသို့ မသွားရောက်ရန်လည်း သတိပေးထားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Times of Israel, Reuters Business, AirwaysMag
Image: Times Of Israel

%d bloggers like this: