ဗြိတိန်အစိုးရ၏ ပတ်ဝန်းကျင်၊ အစားအသောက်နှင့်ကျေးလက်ဆိုင်ရာဌာန Defra က ပြီးခဲ့သည့် ၂၀၂၂ အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ဝင်ငွေအချက်အလက် (total income form farming TIFF) ကို ထုတ်ပြန်ခဲ့ပြီး ဝင်ငွေ ပေါင် ၅.၇ ဘီလျံ ရှိခဲ့သည်။
ရာနှုန်းအားဖြင့် ၁၂.၉% တိုးတက်ခဲ့ပြီး စိုက်ပျိုးရေးအတွက် လိုအပ်သော သွင်းအားစု စရိတ်များ မြင့်တက်ခဲ့သော်လည်း ဝင်ငွေမှာ တိုးတက်လာသည်ဟု ဆိုသည်။
ငွေကြေးဖေါင်းပွမှုအပါ တွက်ချက်ထားသည့်တိုင် အင်္ဂလန်အတွက် ၁၉၉၆ နောက်ပိုင်း စံချိန်တင် TIFF ဝင်ငွေဖြစ်ခဲ့သည်။
စိုက်ပျိုးရေးဝန်ကြီးဖြစ်သူ မာ့ခ်စပန်ဆာ (Mark Spencer) က ဗြိတိန်လယ်သမားများသည် ယူကရိန်းတွင် ဖြစ်ပွားနေသော စစ်ပွဲနောက်ဆက်တွဲ အကျိုးများကြောင့် စရိတ်များ ပိုမိုကျလာခြင်း၊ ရာသီဥတု အပြောင်းအလဲဒဏ်များကို ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဝင်ငွေတိုးခဲ့သောကြောင့် ၂၀၂၁ နှင့်ယှဉ်လျှင် ဘတ်ဂျက်ငွေ ပေါင် သန်း ၆၀၀ ကို စိုက်ပျိုးမွေးမြူရေးကဏ္ဍသို့ စီးဝင်စေမည်ဟု ဆိုသည်။
ဗြိတိန်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ရာသီအလိုက် လိုအပ်သော နောက်ထပ် အလုပ် ဗီဇာ ၄၅,၀၀၀ ကို စီစဉ်ပေးမည်ဟု UK Farm to Fork summit တွင် ထည့်သွင်းပြောကြားခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: FarmersGuide UK, Gov UK – statistics, Defra Report
Image: National Pig Associaton UK