0

နောက်တစ်ပတ် တနင်္လာနေ့မှာ အိန္ဒိယကို လာရောက်လည်ပတ်မဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အတွက် သူ့ Super Fan တွေ ကြိုတင်ပြင်ဆင်နေ

Share

         Photo: Reuters

     ဒီလို Super Fan တွေထဲကမှ ပုံထဲမှာပါတဲ့ ဘူဆာ ခရစ်ရှနား ကတော့ ပိုထူးခြားတယ် ပြောရမှာပါ၊ ခရစ်ရှနားဟာ လွန်ခဲ့တဲ့ ၄နှစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ အနိုင်ရပြီး သိပ်မကြာခင်မှာ ထရမ့်ကို သူ့ အိမ်မက်ထဲမှာ တွေ့ခဲ့တယ်လို့ဆိုပါတယ်။ ဒီအချိန်က စပြီး သူဟာ ထရမ့်ကို ဝတ်ပြုကိုးကွယ်လာခဲ့တာ ခုဆိုရင် သူ့ခြံဝင်းထဲမှာ ထရမ့်ရုပ်တုကို ထားတဲ့ အထိပါပဲ။ သူဒီလိုရုပ်တုထားခဲ့တာနဲ့ ပတ်သတ်ပြီး သူ့ဆွေမျိုးတွေနဲ့ အတော် အတိုက်အခံဖြစ်ခဲ့ရတယ်ဆိုပါတယ်။ သူကတော့ သူတို့လဲ အရှင် သျှီဝကို ကိုးကွယ်သလိုမျိုး၊ ကျွန်တော်လဲ ကျွန်တော် ယုံကြည်ရာ၊ လေးစားရာလူကို ကိုးကွယ်တာ ဘာမှ စာဒက မတက်နဲ့လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

          ခုတော့ သူ့ဆွေမျိုးတွေလည်း သူ့ကိုနားလည် လက်ခံပေးခဲ့ကြပါပြီ။ သူပြောတဲ့ အတိုင်းဆိုရင်တော့ သူဟာ ထရမ့်ကို ကိုးကွယ်ပြီးနောက်ပိုင်းမှာ သူ့ရဲ့ အိမ်ခြံမြေလုပ်ငန်းဟာ စီးပွားအရမ်းတက်ခဲ့ပြီး ခုလို အိမ်ပိုင်၊ ယာပိုင်ဖြစ်ခဲ့တဲ့အတွက် သူ့ရဲ့ ခြံဝင်းကို ထရမ့်ရဲ့ ဝတ်ပြုကျောင်းဆောင်အဖြစ် သတ်မှတ်ထားခဲ့တယ်လို့ပြောပါတယ်။


          နယူးဒေလီရှိ လက်ဝဲယိမ်း ဟိန္ဒူအဖွဲ့အစည်းဖြစ်တဲ့ Hindu Sena အဖွဲ့ကတော့ ထရမ့်ကို ကြိုဆိုမဲ့သီချင်းကို ရေးစပ်ပြီးလို့ အစမ်းလေ့ကျင့်မှုတောင် လုပ်နေကြပါပြီ။ ဒီအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Vishnuu Gupta ကတော့ သမ္မတ ထရမ့်ဟာ ကျွန်တော်တို့ အဖွဲ့အစည်းအတွက်သာ မက အိန္ဒိယရဲ့ အသံကိုပါ ကိုယ်စားပြုပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ မိန့်ခွန်းထဲမှာ အစ္စလမ်မစ် အစွန်းရောက်စစ်သွေးကြတွေကို အမြစ်ပြတ်ခြေမှုန်းမယ်လို့ ပြောသွားကတည်းက ကျွန်တော်ဟာ သူ့ရဲ့ Fan ဖြစ်သွားတာပါပဲ လို့ပြောခဲ့ပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။

Source : Reuters

%d bloggers like this: