0

U.Sသင်္ဘောများအားနှောက်ယှက်နေသည့် အီရန်သင်္ဘောငယ်များကို ဖျက်ဆီးပစ်မည်ဟု ထရမ့်ကြုံးဝါး။

Share

အမေရိကန်သင်္ဘောများအား နှောက်ယှက်နေသည့် အီရန်သင်္ဘောငယ်များအား ဖျက်ဆီးပစ်မည်ဟု ထရမ့်ကြုံးဝါး။
သမ္မတ ဒေါ်နယ်ထရမ့်က ပင်လယ်ပြင်ရှိ အမေရိကန်သင်္ဘောများအား လိုက်လံဒုက္ခပေးနေသည့် အီရန်အမြောက်တင် သင်္ဘောငယ်များအား ဖျက်ဆီးပစ်မည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က သတိပေးလိုက်သည်။

ပါရှန်း ပင်လယ်ကွေ့ရှိ အမေရိကန် ရေတပ်နှင့် ကမ်းခြေစောင့်သင်္ဘောများအနီးသို့ ကပ်လာသော အီရန်အစ္စလမ်မစ် တော်လှန်ရေး ရေတပ်သင်္ဘောများသည် အန္တရာယ်ရှိပြီး ရန်စနေသည်ဟု ပင်တဂွန်က အတည်ပြုပြီးနောက် အမေရကန်က ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

“အီရန်အမြောက်သင်္ဘောငယ်တွေက ပင်လယ်ပြင်မှာရှိတဲ့ ကျွန်တော်တို့သင်္ဘောတွေကို လာနှောက်ယှက်နေရင် အကုန် အမြှောက်နဲ့ထုပြီး ဖျက်ဆီးပစ်ဖို့အမေရိကန်ရေတပ် အမိန့်ပေးလိုက်ပါပြီ” ဟုသမ္မတ ဒေါ်နယ်ထရမ့်က သူ၏ Twitter စာမျက်နှာပေါ်တွင် ရေးသားထားသည်။

ကိုရိုးနားဗိုင်းရပ်စ်ကြောင့် ဝယ်လိုအားရပ်ဆိုင်းသွားသော အမေရိကန်ရေနံစိမ်းဖြစ်သည့် WTI (West Texas Intermediate) သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က သမိုင်းတလျှောက ်အဆိုးရွားဆုံး ၃၀%ထိ ကျဆင်းခဲ့သည်။ အီရန်က ပြီးခဲ့တဲ့နှစ်တွင် တကမ္ဘာလုံး၏ ရေနံ ၃% ထုတ်လုပ်ခဲ့သည်။

အီရန်သင်္ဘောငယ် ၁၁ စီးသည် အမေရိကန်သင်္ဘောတွေအနားသို့ လျင်မြန်တဲ့အရှိန်နဲ့အလွန်နီးနီးကပ်ကပ်ရောက်ရှိလာခဲ့တဲ့အတွက် ပြီးခဲ့သည့် အပတ်က အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်ထဲတွင် အမေရိကန်ရေတပ် သင်္ဘော ၆ စီးအား ထရိန်နင်းများပေးခဲ့ကြောင်း ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် U.S ရေတပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အီရန်သင်္ဘောငယ်များသည် Maui ကျွန်း၏ ကမ်းခြေစောင့်သဘောၤ၏ ၁၀ ကိုက်အတွက်လောက်အထိ အနားကပ်လာခဲ့သည်။
အနားကပ်လာသည့် အီရန်သင်္ဘောငယ်တွေကို အမေရိကန် သင်္ဘောဝန်ထမ်းတွေက သင်္ဘောအချက်ပြကိရိယာနှင့် ဟွန်းတွေကိုဆူညံစွာသုံးပြီး မျိုးစုံသတိပေးခြောက်လှန့်မှုတွေလည်း ပြုလုပ်ခဲ့သည်။ ၁ နာရီခန့်ကြာသောအခါ အမေရိကန်သင်္ဘောတွေဆီက ဆုတ်ခွါသွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းအဖြစ်အပျက်ပြီးဆုံးပြီးသည့်နောက်တွင် အစိုးရမှ လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်နယ်အစိုးရ အတွင်းရေးမှူး Mike Pompeo က ဆိုသည်။

အရင်တုန်းကလဲ အပြည်ပြည်ဆိုင်ရာ ဥပဒေစည်းမျဉ်းတွေကို လစ်လျူရှုပြီး အခုလို အီရန်သင်္ဘောတွေ လိုက်လံနှောက်ယှက်ခဲ့ဖူးသည်ဟု သူကဆိုသည်။

အီရန်နှင့် အမေရိကန် ၂ နိုင်ငံ စစ်ဖြစ်ပွားလုဆဲဆဲတွင် နောက်ပြန်ဆုတ်ခဲ့ကြပြီးနောက် ယခုလိုတင်းမာမှု ပြန်လည်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် အီရန်ဗိုလ်ချုပ် Qasem Soleimani ကိုအမေရိကန်က သုတ်သင်ခဲ့သောကြောင့် အီရန်က အီရတ်မှာရှိသည့် အမေရိကန်တပ်ရှိ ၂ ထပ်အဆောက်အအုံအား အမြှောက်ဖြင့်ပစ်၍ ပြန်လည်တိုက်ခိုက်ကာ တုံ့ပြန်ခဲ့သည်။ ထိုတိုက်ခိုက်ခဲ့မှုတွင် အသေအပျောက်မရှိခဲ့သော်လည်း လူပေါင်း ၁၀၀ ထက်မနည်း ပြင်းထန်သော ဦးနှောက် ထိခိုက်ဒါဏ်ရာများရရှိခဲ့မှုကြောင့် ဆေးကုသမှုခံယူခဲ့ကြရသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC news

%d bloggers like this: