World Health Organisation (WHO) က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်း သေဆုံးမှုနှုံး ဟာ ၃.၄% ရှိတယ်လို့ ထုတ်ပြန် ကြေညာခဲ့တဲ့ ရက်အတွင်းမှာပဲ သမ္မတ ဒေါ်နယ်ထရမ့်ကတော့ “ဒီ ကိန်းဂဏန်းဟာ ကျွန်တော့် အထင် မှားယွင်းနေတာ ဖြစ်မယ်” လို့ ပြောခဲ့ပါတယ်။ WHO ထုတ်ပြန်ချက်မှာတော့ ကမ္ဘာတဝှမ်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေဟာ ကူးစက်ခံရသူ စုစုပေါင်း၏ ၃.၄% ရှိပြီး သာမာန်ရာသီတုပ်ကွေးသေဆုံးမှုနှင့် နှိုင်းယှဉ်ပြခဲ့ပါတယ်။ ရာသီတုပ်ကွေးကြောင့် သေဆုံးသူဦးရေဟာ ၁% ထက်များစွာ လျော့နည်းပါတယ်။
သမ္မတ ထရမ့် ပိုင်ဆိုင်တဲ့ သတင်းမီဒီယာ ဖြစ်တဲ့ Fox News ရဲ့အင်တာဗျူး တခုမှာတော့ သမ္မတ ဒေါ်နယ်ထရန့်က ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အမေရိကန် နိုင်ငံသားတွေဟာ ရောဂါ အမြန်သက်သာ ပျောက်ကင်းလျက်ရှိကြောင်း၊ အချို့ကူးစက်ခံနေရသူတွေဟာဆိုရင် ဗိုင်းရပ်စ် အကူးခံရကြောင်း သတင်းတောင် မပို့တော့ပဲ အမြန်သက်သာပျောက်ကင်း သွားတာကြောင့် အလုပ်သွားမပျက်ကြောင်း ပြောကြားခဲ့ပါတယ်။
ထရမ့်ရဲ့ အင်တာဗျူးကြောင့် အမေရိကန် ပြည်သူတွေရဲ့ဝေဖန်မှုတွေ အလွန်မြင့်တက်လာခဲ့ပြီး ထရမ့်အနေနဲ့ သူပြောတဲ့အထဲမှာ “နေမကောင်းတဲ့သူတွေ အလုပ်သွားရမယ်လို့ မဆိုလိုကြောင်း၊ ဒါဟာ ဒီမိုကရက်တွေနဲ့သတင်းမီဒီယာတွေရဲ့ချောက်တွန်းမှု သက်သက်ဖြစ်ကြောင်း” သူ၏ Twitter account မှာ တုံ့ပြန် ရေးသားခဲ့ပါတယ်။ ဒါ့အပြင် အင်တာဗျူးထဲမှာ ထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ် အစား ကိုရိုနာ တုပ်ကွေးဟု လွဲမှားစွာ ပြောဆိုခဲ့ပါသေးတယ်။ ယခုလက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သမ္မတ ထရမ့်ရဲ့ သတင်းမှားတွေကြောင့် အမေရိကန် ပြည်သူတွေဟာ သမ္မတ အပေါ်ဒေါသပုံ ထနေကြပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNBC, Fox News