အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် စီးပွားရေးကျဆင်းမှုကို ကယ်တင်ရန် လွှတ်တော်မှလည်း အတည်ပြုချက်ရယူ၍ ကန်ဒေါ်လာ ၂.၂ ထရီလျံ တန်ဖိုးရှိ ထောက်ပံ့ကြေးငွေများ ထုတ်ယူသုံးစွဲသွားမည့် မူဝါဒကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ ထောက်ပံ့မှုများကို လုပ်ငန်းများ၊ ကျန်းမာရေးဌာနများ၊ ဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင်ခက်ခဲသွားသည့် မိသားစုများ စသည်တို့ကို ထောက်ပံ့၊ ပေးကမ်းသွားမည်ဖြစ်သည်။
ယခု ဆောင်ရွက်ချက်သည် နာမည်ကျော် 9/11 တိုက်ခိုက်မှုဖြစ်စဉ်ကတည်းက ကာလရှည် မမြင်ခဲ့ရသည့် စည်းလုံးမှုပြယုဂ်ဖြစ်သည်ဟုဆိုသည်။ ကမ္ဘာကပ်ဘေးကြောင့် စီးပွားရေး ကျဆင်းလာမှုကို သက်သာစေရန် ဝါရှင်တန်အစိုးရက အလျင်အမြန် လှုပ်ရှားနေရပြီး စာသင်ကျောင်းများကို ပိတ်သိမ်းမှုနှင့် လုပ်ငန်းများ ပိတ်သိမ်းရမှုများကြောင့် အမေရိကန်နိုင်ငံသားတို့ ဘဝများ မတည်မငြိမ် ဖြစ်လာကြသည်။
ထရမ့်၏ ဘဲဥပုံရုံးခန်းတွင် သူက ယခုဖြစ်စဉ် (လက်မှတ်ထိုးနိုင်မှု) နှင့်ပက်သက်၍ ပါတီ ၂ ဖက်စလုံးကို ကျေးဇူးတင်ကြောင်း၊ အမေရိကန်သာ ပထမ ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကယ်ဆယ်မှုများကြောင့် ပြည်သူများ အလျင်အမြန် သက်သာစေမှာဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါ ငွေကြေး ဒေါ်လာ ၂.၂ ထရီလျံကို အစိုးရမှ အမေရိကန်နိုင်ငံသားတိုင်းနီးပါးကို ဒေါ်လာ ၁၂၀၀ ခန့် ထောက်ပံ့သွားမည်ဖြစ်ပြီး၊ အလုပ်ဆုံးရှုံးမှုရှိသူများကိုလည်း ထိခိုက်မှုသက်သာစေမည်ဖြစ်သည်။ လုပ်ငန်းများအတွက်လည်း လုပ်ငန်း အကြီးအသေးအလျောက် ချေးငွေများ၊ အာမခံများ၊ အခွန်သက်သာမှုများ ပေးအပ်သွားမည်ဖြစ်သည်။ ဒေါ်လာ ဘီလျံနှင့် ချီ အစိုးရမှ အကုန်ကျခံသွားမည်ဖြစ်သော်လည်း နိုင်ငံနှင့်အဝှမ်း စိတ်ပူနေကြသည်မှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို ဖြစ်ကြောင်းသိရသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
source: usnews, photo: ap