0

ဆော်ဒီအိမ်ရှေ့မင်းသားကို “ရေနံကိစ္စတော်လောက်ပြီထင်တယ်လို့” ဖုန်းဆက်ပြောခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

Share

          ရုရှား-ဆော်ဒီ ရေနံဈေးနှုန်းပြိုင်ပွဲ စခဲ့တာ ၁လလောက်ရှိပြီဖြစ်သလို အဲအချိန်ကတည်းကျလာတဲ့ ရေနံဈေးဟာ ခုထိပါပဲ။ ၂နိုင်ငံလုံးကလည်း ခုချိန်ထိ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းကမ်းလှမ်းတာမျိုးကို မလုပ်သေးဘဲ အပြိုင်အဆိုင် ရေနံတွေထုတ်၊ ဈေးတွေချနေကြတုန်းပါ။ ဒီထဲမှာ ပဲလှော်ကြားဆားညှပ်သလို ဒုက္ခရောက်နေတာကတော့ အမေရိကန်က ရေနံထုတ်လုပ်တဲ့ ကုမ္ပဏီတွေပါ။ အမေရိကန်တွေဟာ ၂၀၁၀ တစ်ဝိုက်လောက်မှာ နှုန်းကျောက်ကနေ ရေနံထုတ်တဲ့နည်းကို တွေ့သွားပြီးတဲ့နောက် ရေနံထုတ်တဲ့ကုမ္ပဏီတွေ အသီးသီးပေါ်လာကြပေမဲ့ အများစုကချေးငွေနဲ့ တည်ထောင်ထားကြတာပါ။ အမေရိကန်အစိုးရကလည်း ရေနံနဲ့ စွမ်းအင်အတွက် အရှေ့အလယ်ပိုင်းနိုင်ငံတွေကို မှီခိုနေရတာကင်းလွတ်ချင်နေတော့ ရေနံကုမ္ပဏီတွေကို အတိုးနည်းနည်းနဲ့ ချေးငွေရအောင် စီစဉ်ပေးခဲ့ပြီး ကမ္ဘာ့ရေနံဈေးကွက်သာတည်ငြိမ်နေမယ်ဆိုရင် အချိန်တန် အကြွေးကြေကြမှာဖြစ်သလို နိုင်ငံလည်း စွမ်းအင်အတွက် အမှီအခိုကင်းတဲ့နိုင်ငံဖြစ်လာမှာပါ။
          ဒါပေမဲ့မထင်မှတ်ဘဲ ကိုရိုနာကပ်ရောဂါ ဖြစ်တဲ့အချိန် ရေနံဈေးတွေကျ၊ ရေနံဈေးကျတာကိုညှိဖို့ ရုရှားနဲ့ ဆော်ဒီအစည်းအဝေးလုပ်ရာကနေ သဘောထားကွဲလွဲပြီး ရေနံဈေးချတဲ့တိုက်ပွဲကြီးပါ ထပ်ဖြစ်လာတော့ အမေရိကန် စွမ်းအင်ကုမ္ပဏီတွေ မျက်ဖြူစိုက်လာပါပြီ။ ဘာလို့လဲဆိုတော့ ခုချိန်မှာ ရေနံစိမ်း၁စည်ဈေးနှုန်းက ဒေါ်လာ (၂၀) လောက်ဖြစ်နေပြီး အမေရိကန်ကုမ္ပဏီတွေ သူတို့ထုတ်လုပ်မှုကုန်ကျစရိတ်အားလုံးပြန်ကာမိဖို့အတွက်ဆိုရင် ၁စည်ကို အနည်းဆုံး ဒေါ်လာ(၄၀) ဈေးရှိရမှာပါ။ ဒါမှလည်း စွမ်းအင်ကဏ္ဍက နောက်လပေါင်း (၃၀)နေရင်ပြန်ဆပ်ရတော့မဲ့ ချေးငွေစုစုပေါင်း ဒေါ်လာ ၆၈ ဘီလီယံကို ပြန်ဆပ်နိုင်မှာဖြစ်ပါတယ်။
          ထရမ့်အစိုးရကတော့ ပြီးခဲ့တဲ့လကထုတ်ပြန်ချက်တွေမှာ ဆော်ဒီရဲ့ ပစ်မှတ်ဟာ ရုရှားတစ်ခုထဲမဟုတ်ဘူးလို့ ယုံကြည်နေကြာင့် ရိပ်ဖမ်းသံဖမ်းပြောခဲ့ဘူးပါတယ်။ ဘာလို့လဲဆိုတော့ ၂၀၁၀ကစလို့ အမေရိကန်ကုမ္ပဏီတွေဟာ ရေနံထုတ်လုပ်ရေးမှာ ဆော်ဒီနဲ့ ရုရှားကို ပခုံးယှဉ်နိုင်မဲ့အခြေအနေတစ်ခုစီ ဖြည်းဖြည်းခြင်းချီတက်လာတာပါ။ အမေရိကန်သာ ရေနံအတွက် အရှေ့အလယ်ပိုင်းကို မှီခိုရာမလိုတော့ရင် အမေရိကန်-ဆော်ဒီဆက်ဆံရေးမှာ ဆော်ဒီက အရင်လိုလေသံနဲ့ဆက်ဆံလို့ရတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် အကွက်ဝင်တုန်းမှာ ဆော်ဒီက ရုရှားရော အမေရိကန်ကိုပါ ထိုးနှက်ဖို့ကြံနေတယ်လို့ ထရမ့်အစိုးရက သံသယဝင်နေတာပါ။
          ဒါကြောင့်လဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (၂-၄-၂၀၂၀)က သမ္မတထရမ့်က ဆော်ဒီအိမ်ရှေ့မင်းသားကို ဖုန်းဆက်ကာ ရေနံကိစ္စဆွေးနွေးခဲ့ပြီး သမ္မတပြောသွားတဲ့စကားတွေထဲမှာ “ဒီရေနံကိစ္စ တော်လောက်ပြီထင်တယ်” လို့ပါသွားကြောင်း အိမ်ဖြူတော်ရှိ သမ္မရဲ့ဖုန်းကောတွေကို တာဝန်ယူရသူအရာရှိက ပြောပါတယ်။ အဲဒီနောက်မှာတော့ သမ္မတ ထရမ့်ဟာ စွမ်းအင်ကဏ္ဍက အမှုဆောင်အရာရှိချုပ်တွေကို ကတ်ဘိနက်ခန်းမမှာ လက်ခံတွေ့ဆုံပြီးတော့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ရေနံဈေးပြန်တက်လာဖို့ နေ့စဉ်ထုတ်လုပ်နေတဲ့ ရေနံစည်ပမာဏ ဘယ်လောက်လျှော့ချသင့်ကြောင်းနဲ့ လာမဲ့တနင်္လာနေ့မှာ OPEC နိုင်ငံတွေရယ်၊ ရုရှား၊ ဆော်ဒီတို့နဲ့ညှိနှိုင်းပြီး အားလုံးအဆင်ပြေမဲ့ ရေနံစည်လျှော့ချမှုပမာဏကို ဘုံသဘောတူညီမှုတစ်ခုရရှိဖို့ လုပ်ဆောင်မဲ့အကြောင်းတွေ ဆွေးနွေးခဲ့ကြပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source: News Week
Photo: Business Insider

%d bloggers like this: