သမ္မတ Donal Trump အပြောအများဆုံး Topics တွေထဲက တခုကတော့ အမေရိကန်ရဲ့စီးပွားရေး အင်အားတောင့်တင်းလာမှု အကြောင်းဖြစ်ပါတယ်။Trump ရဲ့tweeter စာမျက်နှာပေါ်မှာလဲ highlight လုပ်ထားတဲ့ ခိုင်မာတဲ့ စတော့ရှယ်ယာ အကြောင်း၊ နိုင်ငံရဲ့စီးပွားရေး အကြောင်းတွေနဲ့အလုပ်အကိုင် ဈေးကွက် ရဲ့အင်အားကောင်းလာပုံ အကြောင်းကို မကြာခဏ တွေ့ရတတ်ပါတယ်။
Trump လက်ထက်မှာ အမေရိကန်ရဲ့ စီးပွားရေးဟာ ပိုမိုကောင်းမွန်တဲ့ဖက် ရောက်လာတယ်လို့ဆိုသော်လဲ industry တိုင်း တိုးတက် ကောင်းမွန်လာတာမျိုး မရှိပါဘူး။
Bloomberg Statistics ရဲ့data တွေအရ industries ၁၅ ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားအရေအတွက်ဟာ ၂၀၁၇ ဇန်နဝါရီ နှင့် ၂၀၁၉ အောက်တိုဘာအတွင်း အတော်ကြီး ကျဆင်းသွားတာကို တွေ့ရှိရပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ခွဲ အတွင်း အလုပ်အကိုင်များစွာ ဆုံးရှုံးလာတဲ့ အထဲမှာ အာမခံလုပ်ကိုင်သူ မှ ကစားစရာ အရုပ်ဆိုင်နှင့် သတင်းစာပုံနိုပ်တိုက်လုပ်ငန်းတွေအထိ သိသိသာသာ ကျဆင်းသွားတယ်လို့ ပြောကြားခဲ့ပါတယ်။
အလုပ်အကိုင် သိသိသာသာကျဆင်းလာတဲ့ လုပ်ငန်းနယ်ပယ် နှင့် အရေအတွက်များကတော့
၁။ Videotape နှင့် disc အငှားဆိုင် (၂၀၁၇ မှ ၂၀၁၉ အတွင်း အလုပ်အကိုင်ပေါင်း ၄၆၀၀ ခန့်)
၂။ လျှပ်စစ်နဲ့ပတ်သက်တဲ့ ဈေးကွက်ရှိ လက်ကားအရောင်းပွဲစား နှင့် အေးဂျင့် ( ၂၀၁၇ နှင့်စာလျှင် ၂၀၁၉ မှာ ၄၀ % နီးပါး)
၃။ ကလေး အဝတ်ဆိုင် နှင့် စတိုးများ။ (အလုပ်အကိုင်ပေါင်း ၂၈,၆၀၀ ခန့်)
၄။ အဝတ်အထည် အချုပ်အလုပ် လုပ်ငန်းများ။ (အလုပ်နေရာ ၁၁,၁၀၀ ခန့်)
၅။ ဂျူနီယာ ကောလိပ် ကျောင်းများ။ (အလုပ်အကိုင် ၂၅.၅%)
၆။ စာနယ်ဇင်း ထုတ်ဝေရေးလုပ်ငန်း ။ ( အလုပ်အကိုင် ၃၅,၀၀၀ ကျော်ရှိရမှ ၈၉၀၀ ပျောက်ကွယ်သွားခဲ့ပါတယ်။)
၇။ သတင်းစာ ထုတ်ဝေရေးလုပ်ငန်း။ (အလုပ်အကိုင် ၄၄,၀၀၀)
၈။ မော်တော်ကား တပ်ဆင်မှုလုပ်ငန်းများ။ (၂၀၁၉ မှာ ၁၉%)
၉။ ကစားစရာ အရုပ်ဆိုင်နှင့် ဂိမ်းဆိုင်များ။ ( အလုပ်အကိုင်ပေါင်း ၃၀,၀၀၀ ကျော်)
၁၀။ မော်တော်ကား ပြုပြင်ရေးလုပ်ငန်း။ (အလုပ် ၅,၀၀၀ နီးပါး)
၁၁။ ကြော်ငြာမီဒီယာ အေဂျင်စီ လုပ်ငန်းများ။ (အလုပ်အကိုင်ပေါင်း ၇,၃၀၀)
၁၂။ ရုံးသုံး စာရေးကိရိယာ အရောင်းဆိုင်များ။ (အလုပ်အကိုင်နေရာ ၁၇,၆၀၀)
၁၃။ မီးဖိုချောင်နှင့် ပရိဘောက စတိုးဆိုင်များ။ (အလုပ်ပေါင်း ၈,၉၀၀)
၁၄။ ကျောက်မျက်ရတနာ လုပ်ငန်း။ (အလုပ်အကိုင် ၄၀၀၀ နီးပါး)
၁၅။ အာမခံ လုပ်ငန်း။ (အလုပ်အကိုင်ပေါင်း ၈၈၀၀ ခန့်) ဆုံးရှုံးပျောက်ကွယ်ခဲ့ရပါတယ်။
Source: Business Insider