0

တိုယိုတာနှင့် ဟွန်ဒါတို့ ၁၀ နှစ်အတွင်းအမြင့်ဆုံးလစာတိုးပေးမှု ပြုလုပ်မည်

Share

ဂျပန်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းကြီးများဖြစ်သည့် Toyota နှင့် Honda တို့သည် ဆယ်စုနှစ်အတွင်း လုပ်ခလစာ အမြင့်ဆုံးတိုးပေးမှုများကို ပြုလုပ်တော့မည်ဟု အလုပ်သမားသမဂ္ဂတို့နှင့် ညှိနှိုင်းမှုအပြီး ကြေညာခဲ့သည်။

တိုယိုတာသည် ၎င်းတို့အလုပ်သမားအဖွဲ့အစည်းနှင့် ပထမအဆင့် သဘောတူညီမှုကို ဗုဒ္ဓဟူးနေ့က ရရှိခဲ့သည်ဟု သိရပြီး တိုးမြှင့်ပေးမည့် လစာ % ပမာဏကိုမူ ထုတ်ပြန်ခြင်း မရှိသေးချေ။

အဆိုပါနေ့တွင်ပင် ဟွန်ဒါကုမ္ပဏီက ၎င်းတို့လည်း လစာတိုးမြှင့်ပေးမည်ဟု ကြေညာခဲ့ပြီး တိုးမြှင့်ပေးမည့် ပမာဏမှာ ၅% ဖြစ်သည်ဟု သိရသည်။ အဆိုပါ ပမာဏမှာ ဟွန်ဒါကုမ္ပဏီအနေဖြင့် နှစ် ၃၀ အတွင်း အမြင့်ဆုံး လစာတိုးမြှင့်ပေးမှုလည်းဖြစ်သည်။

ဂျပန်နိုင်ငံသည် ကပ်ဘေးနောက်ပိုင်း နှစ် ၄၀ အတွင်း အမြင့်ဆုံး ငွေကြေးဖေါင်းပွမှုနှုန်းကို ရင်ဆိုင်နေရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် စားသုံးသူကုန်ဈေးနှုန်းအညွှန်းကိန်းမှာ ယမန်နှစ်ကထက် ၄% ပိုမိုမြင့်တက်ခဲ့သည်။
ဂျပန်ဗဟိုဘဏ်သည် ယခု ဘဏ္ဍာရေးနှစ်အတွင်း ငွေကြေးဖေါင်းပွမှုနှုန်းကို ၂% သာရှိစေရန် ရည်မှန်းချက်ထားလုပ်ဆောင်နေပြီး ငွေဖေါင်းပွမှုနှုန်းကို လူအများ အဆင်ပြေစွာ ကျော်ဖြတ်နိုင်ရန် နိုင်ငံအတွင်းရှိ လုပ်ငန်းများအနေဖြင့် လစာငွေတိုးပေးမှု ၃% အထိ မြှင့်တင်ပေးရန် ထုတ်ပြန်ထားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Europe Auto News, Japan Today, BBC Business
Image: Forbes

%d bloggers like this: