0

လပေါ်တွင်သုံးနိုင်သည့်အိမ်သာ ဒီဇိုင်းထုတ်နိုင်သူကို ဒေါ်လာ ၃၅၀၀၀ ချီးမြှင့်မည်

Share

အာကာသအေဂျင်စီကြီး နာဆာက လပေါ်တွင် အသုံးပြုနိုင်မည့် အိမ်သာ ဒီဇိုင်းထုတ်နိုင်သူကို ဒေါ်လာ ၃၅၀၀၀ ချီးမြှင့်မည်ဖြစ်ကြောင်း ကမ်းလှမ်းချက်ထုတ်ထားသည်။

နာဆာသည် သူ၏ Mission အတိုင်း ၂၀၂၄တွင် လပေါ်သို့ အာကာသယာဉ်မှူးများ ပို့ဆောင်မည်ဖြစ်ပြီး အာကာသအမှူထမ်းများမှာလည်း လပေါ်၌တာဝန်ထမ်းဆောင်နေစဉ်အတွင်း သန့်စင်ခန်း အသုံးပြုရန် လိုအပ်နေပေသည်။

နာဆာက လပေါ်သို့ဆင်းသက်သူများအတွက် ဆွဲငင်အား အနည်းငယ်ရှိသောနေရာတွင်သာမက zero-g ဟုခေါ်သည့် ဆွဲငင်အားမဲ့သောနေရာတွင်ပါ အသုံးပြုနိုင်သော အိမ်သာဒီဇိုင်းအား လိုအပ်နေကြောင်း နာဆာ နှင့် HeroX တို့ကကြေညာထားပြီး ဤ ပြဿနာအားဖြေရှင်းနိုင်သူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ထားသည်။

ပြိုင်ပွဲဝင်စည်းကမ်းချက်အချို့မှာ-

လပေါ်သို့ဆင်းသက်မည့် mission တွင် လကမ္ဘာပေါ်သို့ ပထမဆုံးဆင်းသက်နိုင်သည့် အမျိုးသမီးလည်းပါဝင်မည်ဖြစ်ရာ အိမ်သာသည် ကျား၊မ မရွေးအသုံးပြုနိုင်သော ဒီဇိုင်းဖြစ်ရမည်ဖြစ်သည်။

အိမ်သာသည် ရေသုံးစွဲမှု ချွေတာရမည်ဖြစ်ပြီး အနံ့အသက်နှင့်အညစ်အကြေးများမရှိပဲ ပတ်ဝန်းကျင်ကို မညစ်ညမ်းအောင်လမ်းထိန်းသိမ်းနိုင်ရမည်ဖြစ်သည်။

ထို့အပြင် အာကသယာဉ်မှူးများသည် အော့အန်လိုသည့်အခါ အိမ်သာထဲသို့ခေါင်းစိုက်ရန်မလိုပဲ အန်နိုင်အောင် တီထွင်နိုင်ပါက အပိုဆုချီးမြှင့်မည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။

အညစ်အကြေးများကို အာကာသယာဉ်ပြင်ပသို့ စွန့်ပစ်ရန် သို့မဟုတ် စွန့်ပစ်ကန်ထဲတွင် သိမ်းဆည်းထားရန်အတွက် သယ်ဆောင်နိုင်ရမည်ဖြစ်သည်။

အိမ်သာကို အလွယ်တကူသန့်ရှင်းရေးပြုလုပ်နိုင်၍ ၅ မိနစ်အတွင်း ပြန်လည်အသုံးပြုနိုင်ရမည်ဖြစ်သည်။ ထို့အပြင် ပါဝါအသုံးပြုပါက ဝဒ် ၇၀ အောက်သာ အသုံးပြုရန်လိုအပ်ရမည်ဖြစ်ပြီး ပုံမှန်သန့်စင်ခန်းပန်ကာများထက် ဆူညံ့မှုနည်းပါးရမည်ဖြစ်သည်။

အိမ်သာ၏ အလေးချိန်သည် ကမ္ဘာမြေရှိအလေးချိန်ထက် ၃၃ ပေါင်ပိုပေါ့ရမည်ဖြစ်ပြီး ဝ.၁၂ ကုဗမီတာအောက်သေးငယ်ရမည်ဖြစ်သည်။

နိုင်ငံတကာအာကာသယာဉ်စခန်းတွင် လက်ရှိအသုံးပြုလျက်ရှိသော အိမ်သာမှာ သေတ္တာအသေးစားတလုံးအရွယ်မျှသာ ရှိသည်။

ပထမဆု ဒေါ်လာ ၂ သောင်းချီးမြှင့်မည်ဖြစ်ပြီး ဒုတိယနှင့် တတိယဆုတို့သည် ဒေါ်လာ ၁သောင်းနှင့် ဒေါ်လာ ငါးထောင် အသီးသီးဖြစ်သည်။ ငွေသားဆုကြေးများအပြင် နာဆာအင်ဂျင်နီယာများနှင့်တွေ့ဆုံခွင့် အနာဂတ်အိမ်သာဒီဇိုင်းအတွက် ဆွေးနွေးပြောဆိုခွင့်တို့နှင့်အတူ Johnson Space Center အာကာသစခန်းသို့သွားရောက်လည်ပတ်ခွင့်တို့လည်းပါဝင်သည်။ ပြိုင်ပွဲကာလအား သြဂုတ်လ ၁၇ ရက်နေ့အထိသတ်မှတ်ထားပြီး ရွေးချယ်ခံရသူများကို အောက်တိုဘာလတွင် ကြေညာပေးသွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင်လိုသူများအတွက် စည်းကမ်းအသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်သည်။

https://www.herox.com/LunarLoo/guidelines

Source: HeroX.com, BBC news
Photo: HeroX
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

%d bloggers like this: