coronavirus ပျံ့နှံ့မှုကြောင့် အလုပ်ကိုင်အများစုက အိမ်သို့ပြောင်းရွှေ့ပြီး လုပ်ကိုင်နေကြရပါပြီ။
email အဆက်သွယ်တွေ ၊ video conference call တွေ ပြုလုပ်ပြီး ဆက်သွယ်လုပ်ဆောင်တာတွေရယ်က အမြဲလိုလို လုပ်ဆောင်နေရတဲ့အရာတွေဖြစ်လို့လာပါတယ်။ ခုလို အိမ်ကနေ အလုပ်လုပ်ဆောင်ရပြီဆိုရင်တော့ မဖြစ်မနေ သတိထားရမဲ့ အချက်တွေရှိလာပါပြီ။
အဲ့တာတွေကတော့
(၁) SOFTWARES
ကိုယ်ဆက်သွယ်ဖို့ရာ အသုံးပြုရမဲ့ နည်းပညာ software တွေကို ကျွမ်းကျင်ထားဖို့လိုအပ်ပါတယ်။ ဒါမှလည်း လုပ်ငန်းခွင်ဆိုင်ရာ နှောင့်နှေးမှုတွေမရှိဘဲအလုပ်ကို စောလျင်စွားပြီးမြောက်နိုင်မှာပါ။
(၂) ကိုယ့်ရဲ့ Internet Bandwidth ကိုလည်း သတိပြုပါ။
လိုင်းအမြဲလိုလိုကျလေ့ရှိနေလား ဒါမှမဟုတ် လုံလောက်တဲ့ လိုင်းဆွဲအားရောရှိရဲ့လား။ ဒါတွေက မကြာခဏဆိုသလို စစ်ဆေးသင့်တဲ့အချက်ထဲမှာပါနေပါတယ်။ ဒါမှသာ အရေးတကြီးလုပ်ဆောင်စရာတစ်ခုခုပေါ်ပေါက်လာခဲ့လျှင် လျင်မြန်စွာ ချိတ်ဆက်လုပ်ဆောင်နိုင်မှာဘဲဖြစ်ပါတယ်။
(၃) အနီးနားမှာ ကလေးတွေရှိနေလား ဆိုတဲ့အချက်ပါ။
ဒါကတော့ မိသားစုတွေနဲ့နေထိုင်နေတဲ့သူတွေအဖို့အလွန်အရေးကြီးပါတယ်။ ကလေးလေးတွေက ကိုယ်မသိခင် တစ်ခုခု လာဖွထားတာ ခလုပ်တွေကို နှိပ်မိထားတာမျိုးတွေရှိတတ်တာမို့အထူးသတိပြုရမဲ့အချက်ထဲမှာပါလို့နေပါတယ်။
(၄) အမြဲတန်း အသင့်ပြင်ထားပါ ဆိုတဲ့အချက်ကတော့ Work from home လုပ်သူတွေအတွက် အကြီးမားဆုံး စိတ်ပင်ပန်းရတဲ့အချက်ပါဘဲ။ တစ်ခုခုဆိုး အလုပ်ကိစ္စတွေက ရုတ်တရက်တွေ ဝင်လာတတ်တာမို့email တွေ Accunt တွေကို အမြဲ တန်းလိုလို စစ်ဆေးနေနိုင်ရင် ပိုကောင်းပါတယ်။
(၅) ကိုယ်လုပ်နိုင်တာကိုဘဲပြောပါ ၊ ကိုယ်မလုပ်နိုင်တာရှိလာလျင်လည်း ပွင့်ပွင့်လင်းလင်းပြောပြပါ။
ဒီအချက်ကတော့ Work from Home ဖြစ်စေ ရုံးမှာဘဲအလုပ်လုပ်သည်ဖြစ်စေ မဖြစ်မနေကို သတိထားရမဲ့အချက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်တွေက ကိုယ့်အထက်အရာရှိကို မှန်ကန်တဲ့လမ်းကြောင်းတွေကို တွေးချိန်ပိုရစေပါတယ်။ ဒါကြောင့်မို့ ဒီအချက်လေးတွေကို သတိထားဖို့မမေ့ကြပါနဲ့