အနောက်နိုင်ငံများ၏ အချက်အလက်ပေါက်ကြားမှုဖြင့် စွပ်စွဲခံနေရသည့် တရုတ် ByteDance ပိုင် Video app TikTok က လာမည့်နှစ်အနည်းငယ်အတွင်း အရှေ့တောင်အာရှနိုင်ငံများတွင် ဒေါ်လာ ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံသွားမည်ဟုဆိုသည်။
လူဉီးရေ သန်း ၆၃၀ ရှိသည့်အရှေ့တောင်အာရှ၏ ထက်ဝက်မှာ အသက် ၃၀ အောက်လူငယ်များဖြစ်ပြီး လက်ရှိအထိ အသုံးပြုသူ ၃၂၅ သန်းကျော်ရှိသည့် TikTok ၏အကြီးဆုံး user ဈေးကွက်ဖြစ်ကာ လစဉ်လတိုင်း users များ တိုးတက်လျက်ရှိသည်။ သို့သော် TikTok ၏ပြိုင်ဖက်များဖြစ်သော Sea ၏ Shopee, Alibaba ၏ Lazada နှင့် GoTo ၏ Tokopedia တို့ကိုယှဉ်ပြိုင်၍ e-commerce ဈေးကွက်အတွက် အကျိုးအမြတ်မည်မျှရရှိနိုင်သည်ကိုတော့ တွက်ချက်နိုင်ခြင်းမရှိသေးပေ။ TikTok ၏ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိသော်လည်း ထရိန်နင်၊ ကြော်ငြာနှင့် TikTok Shop နှင့်ချိတ်ဆက်မည့် အသေးစားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည်ဟုဆိုသည်။
အရှေ့တောင်အာရှ၌ TikTok ဝန်ထမ်း ၈,၀၀၀ ခန့်နေပြီး အရှေ့တောင်အာရှ၏ အကြီးဆုံး စီးပွါးရေး နိုင်ငံ အင်ဒိုနီးရှား၌ လုပ်ငန်းငယ်ပေါင်း ၂ သန်းက platform ကိုချိတ်ဆက်ကာ ပစ္စည်းရောင်းချမှုများ ပြုလုပ်လျက်ရှိသည်။ မနှစ်က E-commerce မှတဆင့်ရောင်းဝယ်မှုပေါင်း (transactions) ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါးရှိခဲ့ပြီး အင်ဒိုနီးရှားက ၅၂ ဘီလီယံရှိသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Photo: Reuters