0

TikTok မှ Covid-19 ရန်ပုံငွေအဖြစ် ဒေါ်လာသန်း ၂၅၀ ကျော်လှူဒါန်းမည်

Share

          ပြီးခဲ့တဲ့ သောကြာနေ့ (၁၀-၀၄-၂၀၂၀)မှာ ဒီသတင်းကို TikTok ကုမ္ပဏီကကြောငြာခဲ့တာဖြစ်ပြီး ကိုရိုနာကပ်ရောဂါကို ရှေ့တန်းကနေ တိုက်ဖျက်နေတဲ့ ဆေးဝန်ထမ်းတွေ၊ ပညာရေးနယ်ပယ်က ဝန်ထမ်းတွေ၊ နောက် ကပ်ရောဂါအတွက် ကြိုးပမ်းနေကြတဲ့ အဖွဲ့အစည်း အသီးသီးကို ဖြန့်ဝေလှူဒါန်းသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ TikTok ရဲ့ဥက္ကဋ္ဌုဖြစ်သူ Alex Zhu ကတော့ ဆေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ဆေးဝါးအသုံးအဆောင်တွေ၊ နှာခေါင်းစည်း၊ ကာကွယ်ရေးဝတ်စုံ စတာတွေကို သူတို့တည်ထောင်ထားတဲ့ Health Hero Relief Fund ဆိုတဲ့ ဖောင်ဒေးရှင်းကနေ ဒေါ်လာ သန်း၁၅၀ဖိုး လှူဒါန်းဖို့ လျာထားတယ်လို့ ဆိုပါတယ်။
         နောက်ပြီး ခုလိုကပ်ရောဂါအတွင်း ကျောင်းတွေပိတ်ထားရလို့ အဝေးသင်ပုံစံအနေနဲ့ သင်ကြားပို့ချနေရတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ ပညာရေးကဏ္ဍအတွက် ဒေါ်လာ သန်း၅၀ ခွဲတမ်းချထားပါတယ်တဲ့။ နောက်ထပ်လှူဒါန်းဖို့ရည်ရွယ်ထားတဲ့နေရာတွေကတော့ အမေရိကန်နိုင်ငံအခြေစိုက် CDC Foundation အတွက် ဒေါ်လာ ၁၅သန်းဖြစ်ပြီး WHO Covid-19 Solidarity Respond Fund အတွက် ဒေါ်လာ ၁၀သန်းဖြစ်ပါတယ်။ ဒါ့အပြင်ကိုပဲ ကပ်ရောဂါဆိုးဆိုးဝါးဝါးပြန့်နှံ့နေတဲ့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ အမေရိကန် နိုင်ငံတို့က အဖွဲ့အစည်းများစွာနဲ့လည်း ချိတ်ဆက်ပြီး လိုအပ်တဲ့ PPE တွေ၊ Mask တွေဖြန့်ဖြူးလှူဒါန်းသွားဖို့ စီစဉ်နေကြောင်းသိရပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Xhinhwa
Photo: Kon Karampelas

%d bloggers like this: